Monday, March 9, 2015

ဘွဲ့ရပြီးရင်ဘာလုပ်ကြမလဲ......?



မြန်မာနိုင်ငံမှာလူငယ်တော်တော်များများကဘွဲ့ရပြီး အလုပ်အကိုင်ကောင်းကောင်း
မရကြတာများပါတယ်။ အကြောင်းအရင်းကတော့…
(က) အစိုးရရဲ့လူ့စွမ်းအားအရင်းအမြစ်ပေါ်အလေးမထားခဲ့တဲ့ မူဝါဒကြောင့်ပါ။
(ခ) လူငယ်တွေရဲ့အောင်မြင်ချင်တဲ့စိတ်ပျောက်ဆုံးနေမှုကြောင့်ပါ။ ဒါကတော့ ပညာရေး
မကောင်းခြင်းရဲ့ အကျိုးဆက်ပါပဲ။
(ဂ) နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှုတွေရှိခဲ့လို့ပါ။
ဒါပေမဲ့ အဲလိုအခက်အခဲရှိခဲ့တဲ့အချိန်တွေကုန်လွန်ခဲ့ပါပြီ။ အခုတော့နိုင်ငံတကာကာ
ရင်းနှီးမြှုပ်နှံမှုတွေကလည်းအလုံးအရင်းနဲ့ကိုဝင်လာပါပြီ။ ဒါပေမဲ့ဒီလိုအခွင့်အရေး
တွေလာနေတဲ့အချိန်မှာ တွေ့ကြုံနေရတဲ့အခက်အခဲတစ်ခုကတော့လူ့စွမ်းအား
အရင်းအမြစ်မလုံလောက်ခြင်းပါပဲ။ အလုပ်အကိုင်အခွင့်အလမ်းတွေဟာ အခုဆို
အရမ်းများလာပါပြီ။ဒီထက်လည်းပေါများလာဖို့ပဲရှိပါတယ်။ အခွင့်အရေးကောင်းတွေ
လာတဲ့အချိန်မှာခူးဆွတ်ယူဖို့သင့်မှာအရည်အချင်းမရှိရင်တော့သင်ပဲကျန်ခဲ့မှာဖြစ်ပါ
တယ်။

ဒီတော့ ဆယ်တန်းအောင်ပြီး သို့မဟုတ် ဘွဲ့ရပြီးရင်ဘာလုပ်ကြမလဲ ဆိုတဲ့
မေးခွန်းကအရေးကြီးလာပါပြီ။ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံကပညာရေး အခြေအနေ
ကလည်းအားလုံးသိကြတဲ့အတိုင်းသာမန်ဘွဲ့ရတစ်ယောက်ဟာ တက္ကသိုလ်ကောလိပ်
တွေမှာ ဘာပညာကြီးကြီးမားမားမှမရခဲ့ပါဘူး။ ဒါပေမဲ့ဒီပညာရေးစနစ်လဲမကြာခင်
ပျက်သုဉ်းတော့မယ်လို့တော့ မျှော်လင့်ရပါတယ်။ ဒါပေမယ့် ပညာရေးစနစ်ကိုပဲအမြဲ
အပြစ်တင်မနေပါနဲ့။သင်အလုပ်အကိုင်ကောင်း တစ်ခုရအောင် လုပ်လို့ရတဲ့အရာတွေ
အများကြီးရှိပါတယ်။ ဒီခေတ်ထဲမှာသင်တကယ်တတ်မတတ်ကပဲ အရေးကြီးပါ
တော့တယ်။ဒီတော့ သင့်ရဲ့အရည်အသွေးတွေကို တက်အောင် ကြိုးစားလို့ရပါတယ်။
အောက်မှာတော့ သင့်ရဲ့အရည်အသွေးတွေတက်အောင်လုပ်လို့ရမယ့် အကြံဥာဏ်
တစ်ချို့ကို မျှပေးလိုက်ပါတယ်။
(၁)ဘာမေဂျာနဲ့ဘွဲ့ရထားလဲခနမေ့ထားပါ။
လူငယ်အများစုမှာဖြစ်နေတာကတော့ ရထားတဲ့ဘွဲ့နဲ့ပက်သက်တဲ့အလုပ်ပဲလုပ်ချင်
နေကြတာပါ။ (ဥပမာ ရေကြောင်းတက္ကသိုလ်နဲ့ကျောင်းပြီးထားတဲ့သူက သင်္ဘော
လိုက်တာကလွဲပြီးအခြားဘာမှမလုပ်နိုင်ဘူးလို့ သူ့ကိုသူတွက်နေပါတယ်)
ကိုယ်ရထားတဲ့ဘွဲ့က ကိုယ်ဝါသနာပါလို့ရထားတာဆိုရင်တော့ ကောင်းပါတယ်။
ဒါပေမဲ့ဝါသနာပါလို့ ရထားတဲ့ဘွဲ့ဆိုတာ ရှားပါတယ်။ ဒီတော့ရထားတဲ့ဘွဲ့အကြောင်း
ခဏမေ့လိုက်ကြရအောင်။
(၂)သင်ဘာဝါသနာပါလဲစဉ်းစားပါ။သင်ဘယ်နေရာတွေမှာ ထူးချွန်လဲစဉ်းစားပါ။
မိမိဘာဝါသနာပါလဲဆိုတာစဉ်းစားပါ။ လျှပ်စစ်ပစ္စည်းအတိုအစလေးတွေပြင်ရတာ
စိတ်ဝင်စားတာလား? ဒါဆိုကွန်ပျူတာပြင်တဲ့အလုပ်၊ဖုန်းပြင်တဲ့အလုပ်စသဖြင့်
အနီးစပ်ဆုံးကိုစစဉ်းစားပါ။ဒါမှမဟုတ်သင်ကစကားပြောကောင်းလား?Marketing
ဘက်မှာသင်ထူးချွန်နိုင်တာပေါ့။ ဒါမှမဟုတ် စာရေးရတာစိတ်ဝင်စားပါသလား?
အွန်လိုင်းမှာလစာကောင်းကောင်းနဲ့ စာရေးလို့ရတဲ့အလုပ်အကိုင်တွေအများကြီးရှိပါတယ်။
(၃)သင့်ရဲ့ငွေရေးကြေးရေးအခြေအနေကိုတွက်ချက်ပါ။
သင်ကဘယ်လို မိသားစုနောက်ခံရှိလဲ။ ချမ်းသာလား၊အသင့်အတင့်လား၊ပိုက်ဆံ
မတတ်နိုင်ဘူးလား။သင်လုပ်ကိုင်မည့်အလုပ်အကိုင်ကို သင့်ဝါသနာနဲ့အတူ သင့်ရဲ့
ငွေရေးကြေးရေးအခြေအနေကိုတွက်ချက်ပါ။ လုပ်သင့်တာကိုအရင်လုပ်ပါ။ အောင်မြင်တဲ့
သူဖြစ်ဖို့ထက် တန်ဖိုးရှိတဲ့သူဖြစ်အောင် အရင်ကြိုးစားပါ။ ဥပမာ သင့်မိသားစုကသင့်ရဲ့
ထောက်ပံ့မှုတွေကိုလိုပြီး သင်က၀င်ငွေကောင်းကောင်းမရနိုင်တဲ့အလုပ်တစ်ခုခုကို
ဝါသနာပါနေတယ်ဆိုပါစို့။ သင်ဘာကိုရွေးချယ်မလဲ။ သင်မိသားစုအတွက်တန်ဖိုးရှိတဲ့
သူဖြစ်အောင်အရင် ကြိုးစားပါ။ တပြိုင်နက်တည်းမှာပဲ သင်ဝါသနာပါတာကိုလည်းလုပ်နိုင်
အောင်ကြိုးစားပါ။
(၄)၀ါသနာရယ်ငွေရေးကြေးရေးအခြေအနေကိုတွက်ချက်ပြီးရင် သင်လုပ်ချင်တဲ့
အလုပ်အတွက်စတင်ပြင်ဆင်ပါ။
ယခုခေတ်ထဲမှာ အခြေခံအားဖြင့်လိုအပ်တဲ့ဘာသာစကားကျွမ်းကျင်မှုကိုတော့
အရင်ဖြည့်ဆည်းသင့်ပါတယ်။ကျောင်းပြီးလို့အားနေတဲ့အချိန်တိုင်းမှာ အင်္ဂလိပ်စာ
သင်တန်းတစ်ခုခုတတ်ပါ။ အင်္ဂလိပ်စာကျွမ်းကျင်မှုကိုအလုပ်အကိုင်တော်တော်
များများက အခြေခံလိုအပ်ချက်တစ်ခုအဖြစ်ထားလာကြပါပြီ။
အခြားဘာသာစကားတစ်ခုခုကိုစိတ်ဝင်စားရင်လည်း လေ့လာပါ။
(၅)ကွန်ပျူတာနဲ့ပက်သက်တဲ့ ဗဟုသုတအသင့်အတင့်ရှိအောင်ကြိုးစားပါ။
ကွန်ပျူတာအခြေခံ ကျွမ်းကျင်မှုကလည်း ယနေ့ခေတ်အလုပ်အကိုင်တော်တော်
များများရဲ့ အခြေခံလိုအပ်ချက်ဖြစ်ပါတယ်။ကွန်ပျူတာအခြေခံကို ဈေးသက်သက်
သာသာနဲ့သင်ယူလို့ရတဲ့ သင်တန်းပေါင်းများစွာရှိပါတယ်။
 
(၆)အင်တာနက်ကောင်းစွာအသုံးပြုတတ်ပါစေ။
အင်တာနက်ဆိုလို့ Viber နဲ့ facebookကိုပဲပြောတာမဟုတ်ပါဘူး။ အင်တာနက်ပေါ်မှာ
အချက်အလက်တွေကိုလျင်လျင်မြန်မြန် ရှာဖွေတတ်အောင်၊ ဖိုင်တွေကိုအင်တာနက်ပေါ်
တင်တတ်အောင်၊ ဒေါင်းလုတ်ဆွဲတတ်အောင်စသဖြင့်လေ့လာထားသင့်ပါတယ်။
(၇)စာရိုက်မြန်အောင်လေ့ကျင့်ထားပါ။
အချို့သောလုပ်ငန်းများမှာ စာရိုက်ဖို့လိုအပ်တာကြောင့် စာရိုက်တဲ့အမြန်နှုန်းကို
စစ်ဆေးလေ့ရှိပါတယ်။ အတန်အသင့်မြန်နေအောင်လေ့ကျင့်ထားပါ။
 
(၈)အခြေခံSoftwareများသုံးတတ်အောင်သင်ထားပါ။
Microsoft Word ,Excel, PowerPointကောင်းစွာအသုံးပြုတတ်ပါစေ။ရုံးတွေမှာ
အသုံးပြုလေ့ရှိတဲ့အဆိုပါဆော့ဖ်ဝဲများကို ကောင်းမွန်စာအသုံးပြုတတ်အောင်
လေ့ကျင့်ထားပါ။
(၉)လိုအပ်သောသင်တန်းများတက်ပါ။
အခြားမိမိအသက်မွေးမဲ့လုပ်ငန်းနဲ့ပက်သက်တဲ့သင်တန်းများ တက်ပါ။ ဥပမာ ဒီဇိုင်နာ
ဖြစ်ချင်တယ်ဆိုရင် AdobePhotoshop သင်တန်းမျိုးတက်ထားပါ။ ပိုက်ဆံမတတ်နိုင်
လျှင် ပညာဒါနသင်တန်းများအကြောင်းအမြဲနားစွင့်ထားပါ။ပညာဒါနသင်တန်းများလည်း
များပြားလာပြီဖြစ်တာကြောင့် ရသမျှပညာကိုရအောင်ယူပါ။
(၁၀)Leadership သင်တန်းတက်ပါ။
တစ်ချိန်ချိန်မှာခေါင်းဆောင်တစ်ယောက်ဖြစ်လာနိုင်တာမို့leadershipသင်တန်းတက်
ထားသင့်ပါတယ်။leadershipသင်တန်းတွေမှာ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်ဖို့
လိုအပ်တဲ့ အရည်အချင်းတွေကိုသင်ကြားလေ့ရှိပါတယ်။
(၁၁)စာဖတ်ပါ။
စာကြည့်တိုက်တစ်ခုမှာ အသင်းဝင်ထားပါ။ မည်သည့်စာကြည့်တိုက်တွင်မဆိုအသင်းဝင်
ထားပြီး အားလပ်ချိန်မှာအကျိုးရှိသောစာများဖတ်ပါ။
တန်ဖိုးရှိသောလူငယ်များဖြစ်ကြပါစေ။
မိုးရှင်း (I.M.T)


မြန်မာစာအုပ်ဆိုင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ



မြန်မာစာအုပ်ဆိုင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ



မြန်မာစာအုပ်ဆိုင် မှ တင်သမျှကို { ဒီမှာ } သွားဖတ်လိုက်လိုက်ပါ




<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာစာအုပ်ဆိုင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>




0 comments:

Post a Comment

Author

တစ်လ အတွင်းလူဖတ်အများဆုံး

Blog Archive

..
.
...