Tuesday, February 24, 2015
Thursday, February 12, 2015
အောင်ဆန်းသူရိယ ဗိုလ်တိုက်ချွန်း(သို့မဟုတ်)အာဂလူ(မင်းနေသွေး)
Author: Admin@Zar Ni |
11:53 PM |
No comments |
ငါတို့ဗိုလ်ချုပ်ဘာတွေလုပ်ခဲ့သလဲ( ဦးပုကလေး)
Author: Admin@Zar Ni |
11:25 PM |
No comments |
၁၉၄၅ မြန်မာနိုင်ငံဖက်ဆစ်တော်လှန်ရေးသမိုင်း(တက္ကသိုလ်စိန်တင်)
Author: Admin@Zar Ni |
10:51 PM |
No comments |
အာဇာနည်(ဦးနု)
Author: Admin@Zar Ni |
10:42 PM |
No comments |
ဗိုလ်ချုပ် နှင့် အတူကျဆုံးခဲ့သောမိုင်းပွန်းစော်ဘွား
Author: Admin@Zar Ni |
10:28 PM |
No comments |
ဗိုလ်ချုပ်အောင်ဆန်၏စီးပွားရေးအမြင်(တင်စိုး-ဘောဂဂုဏ်)
Author: Admin@Zar Ni |
10:17 PM |
No comments |
မ.ဆ.လ ခေတ်နိုင်ငံ့ခေါင်းဆောင်ကြီးများလုပ်ကြံမူ(မင်းပုည)
Author: Admin@Zar Ni |
10:11 PM |
No comments |
အောင်ဆန်းဦးတို့အဖေ(တက္ကသိုလ်နေဝင်း)
Author: Admin@Zar Ni |
10:06 PM |
No comments |
ဗိုလ်ချုပ်အောင်ဆန်းအထ္ထုပ္ပတ္တိ(ဗိုလ်သိမ်းဆွေ)
Author: Admin@Zar Ni |
9:47 PM |
No comments |
ငါးနှစ်ရာသီဗမာပြည်(၁၉၄၁-၁၉၄၅)(ဦးနု)
Author: Admin@Zar Ni |
9:35 PM |
No comments |
ဗိုလ်ချုပ်အောင်ဆန်း၏နိုင်ငံရေးဂန္တဝင်(မောင်ကျော်ရင်)
Author: Admin@Zar Ni |
9:25 PM |
No comments |
ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀၊ စာ ၁၀၀ (ကလောင်စုံ)
Author: Admin@Zar Ni |
9:09 PM |
No comments |
ကိုးယောက်ကသတ်လို့ကိုးယောက်ကသေတဲ့လူသတ်ပွဲကြီး(ဒေါ်အုန်းကြည်သား)
Author: Admin@Zar Ni |
9:08 PM |
No comments |
ရဲဘော်သုံးကျိပ်ဝင်(ပန်းဝေဝေ)
Author: Admin@Zar Ni |
8:59 PM |
No comments |
ဗိုလ်ချုပ်အောင်ဆန်းနှင့်ကြိုးပေးခြင်းစံရသော ဂဠုန်ဦးစော(အာဇာနည်သွေး-ဆရာစံမြေ)
Author: Admin@Zar Ni |
8:41 PM |
No comments |
ဗိုလ်ချူပ်အောင်ဆန်းနှင့်ဂဠုန်ဦးစော(နေစိုးထက်)
Author: Admin@Zar Ni |
8:22 PM |
No comments |
ဗိုလ်ချုပ်ပြောခဲ့ သမျှ
Author: Admin@Zar Ni |
3:08 AM |
No comments |
ကျနော်တို့မြန်မာပြည်အရေးဟာမြန်မာပြည်သူပြည်သားတွေ၊ခေါင်းဆောင်တဲ့သူတွေ ညီညွတ်စွာနဲ့လုပ်တတ်မယ်၊ လုပ်မယ်ဆိုရင်အေးအေးဆေးဆေးနဲ့ ပြီးမြောက်နိုင်မယ်လို့ကျနော်ယုံကြည်တယ်။(သြဂုတ်လ ၁၉၄၅)
လူထုကြီးက ကျုပ်ကိုပေးထားတဲ့ လူထုခေါင်းဆောင်ဆိုတဲ့ ဂုဏ်ကိုဝန်ကြီးဆိုတဲ့ ဂုဏ်ထက် ကျုပ်ပိုမက်တယ်ဆိုတာ ခင်ဗျားတို့ မှတ်ထားလိုက်ကြပါ။ကျုပ်စိတ်ထဲမှာဆိုရင် ၀န်ကြီးဆိုတဲ့ ဂုဏ်ဟာ လူထုခေါင်းဆောင်ဆိုတဲ့ဂုဏ်ရဲ့ခြေဖျားမှာကပ်နေတဲ့ ခြေမှုန့်လောက်ပဲလို့ ကျုပ် မှတ်ထားပါတယ်။( ၂၀ . ၁၀ . ၁၉၄၆ )
ကျားနဲ့ရင်ဆိုင်တွေ့နေရတဲ့အခါမျိုးတွင်တစ်ဦးကိုတစ်ဦးစိတ်ကောက်ပြီးထိုင်နေ၍မဖြစ်သကဲ့သို့ ဗမာ့သေရေးရှင်ရေးကြီးနှင့်ရင်ဆိုင်တွေ့နေရသည့်အခါတွင်လည်းမကျေနပ်မှုအသေးအဖွဲ့ကလေးတွေကို ရိုးမယ်ဖွဲ့၍ မနေကြပါနှင့်။( ၇ . ၃ . ၁၉၄၇ အသံလွှင့်ချက် )
ဖက်ဆစ်ဝါဒဆိုတာ အကြမ်းပတမ်းကို လက်ကိုင်ထားပြီး ကိုယ့်တိုင်းပြည်မှာလည်းတိုင်းသူပြည်သား လူထုအဖွဲ့များ ခေါင်းဆောင်များကို ဖိနှိပ်၊ အခြားလူမျိုးများကိုလည်းငါတို့လောက်မမြတ်ဆိုပြီး အခြားလူမျိုးတွေ အပေါ် လွှမ်းမိုးဖို့ အမြဲလုပ်ပြီး စစ်ကို အမြဲလိုလားနေတဲ့ အဆိုးဝါးဆုံး ဓနရှင်နယ်ချဲ့ဝါဒလို့ ကျုပ်နားလည်တာပဲ။( ၁၈ . ၁၁ . ၁၉၄၅ )
နှလုံးရည်နဲ့တိုက်လို့မရရင် လက်ရုံးရည်နဲ့ တိုက်ရမှာပဲ( ဧပြီ ၁၉၄၇ နတ်မောက် )
သွေးထွက်သံယိုဖြစ်တဲ့ တော်လှန်ရေးကိုသာတော်လှန်ရေးလို့ ယူဆနေကြတယ်။ဒါဟာ လုံးဝ မမှန်ဘူး။ တော်လှန်ရေးဟာ သွေးထွက်သံယိုရှိတဲ့တော်လှန်ရေး၊ သွေးထွက်သံယိုမရှိတဲ့တော်လှန်ရေး ရယ်လို့နှစ်မျိုးရှိတယ်။( ၂၈ . ၃ . ၁၉၄၇ အောင်လံမြို့ )
လူတွေကတင်မြှောက်ပြီးလူတွေရဲ့အကျိုးကို လုပ်တဲ့လူတွေရဲ့ အစိုးရသာလျှင်ဒီမိုကရေစီ ဖြစ်နိုင်မယ်။( ၁၉ . ၅ . ၁၉၄၇ ဂျူဗလီဟော )
စားဖားသမားတွေ ညီညွတ်တာ ကျနော်မလိုချင်ဘူး …
တိုင်းရင်းသားအချင်းချင်းညီညွတ်ရေး၊တိုင်းသူပြည်သားလူထုညီညွတ်ရေး၊အဲ့ဒီညီညွတ်ရေးနှစ်ခုမရှိသမျှကာလပတ်လုံး ဒီတိုင်းပြည်ဟာ လွတ်လပ်ပင်လွတ်လပ်ငြားသော်လည်း ဘယ်ပါတီတက်တက် ဘယ်အစိုးရ လုပ်လုပ်ဖာသယ်တိုင်းပြည် ဖြစ်နေမှာပဲလို့ ကျနော်ပြောချင်တယ်။ ဒီတော့ကာဒီနှစ်ခုကို ခင်ဗျားတို့ မပျက်ပြားပါစေနဲ့။ဘယ်သူက ဘာလုပ်လုပ် မပျက်ပါစေနဲ့။အဲ့ဒါ အင်မတန်အရေးကြီးတယ်။
ဗမာတွေစိတ်ထက်သလေးဘာလေးနဲ့တလွဲဆံပင်ကောင်းနေကြတယ်။ဗမာပြည်လွတ်လပ်ရေးရအောင်လုပ်ရမယ့်တိုက်ပွဲမျိုးမှာ အသုံးမချဘူး။ဗမာပြည်ပြန်လည်ထူထောင်ရေးမှာ အသုံးမချဘူး။ဗမာ၊ ဗမာအချင်းချင်း ချဖို့မှာလုပ်ချင်တယ်။ဒါမျိုးတွေ လုပ်ချင်လို့ ဘယ်တော့မှ အကျိုးမရှိဘူး။တိုင်းသူပြည်သားဆန္ဒအရမဟုတ်ပဲတိုင်းသူပြည်သားတွေနဲ့ကင်းကွာပြီးမင်းစိတ်ပေါက်တဲ့ အရာရှိတွေ ချယ်လှယ်တဲ့ စနစ်ဆိုးတစ်မျိုးရှိနေရင်အများပြည်သူတို့ ဆန္ဒနဲ့လုပ်ကိုင်ရတဲ့ ဒီမိုကရေစီဝါဒ ခေတ်မစားနိုင်ပဲဖက်ဆစ်ဝါဒဆင်တူရိုးမှားတွေ ပေါ်လာနိုင်တယ်။ဒီဝါဒမျိုးတွေပေါ်လာရင် တိုင်းသူပြည်သားတွေဟာ လွတ်လပ်ရေးဆိုတာကိုမရနိုင်တော့ဘူး။ ဒါကြောင့် ကျနော်တို့ဟာ ဒီမိုကရေစီကိုသာ ခေတ်စားအောင်လုပ်ရမယ်။ အဲ့ဒီဝါဒမျိုးအရသာ လွတ်လပ်တဲ့ ဗမာနိုင်ငံ ထူထောင်နိုင်အောင်ကြိုးစားရမယ်။ ဒီမိုကရေစီဝါဒသာ လွတ်လပ်ရေးနဲ့ ဆီလျော်တယ်။ဒီဝါဒသာ ငြိမ်းချမ်းရေးကို အားပေးတယ်။ အဲ့ဒါကြောင့် ဒီဝါဒကိုသာကျနော်တို့ ရည်ရွယ်ရမယ်။( ၁၉၄၅ သြဂုတ်လ )
ဗမာတွေလမ်းနှစ်ခွရောက်နေပြီ။ တွေဝေနေလို့ မဖြစ်တော့ဘူး။ချီတုံချတုံဖြစ်နေလို့ မဖြစ်တော့ဘူး။ကိုယ်ယုံကြည်တာကို မလုပ်ရလို့ မဖြစ်တော့ဘူး။နိုင်ငံရေးလုပ်တယ်ဆိုတာ ကြောက်လွဲ ရဲမင်းဖြစ်ဆိုတဲ့အတိုင်း ရဲနိုင်မှဖြစ်မယ်။ကျနော်တို့တော့ ရှေ့အဖို့ကို ရဲရဲကြီး လုပ်တော့မယ်။ ပြတ်ပြတ်သားသားလုပ်တော့မယ်။ကျနော်တို့တစ်တွေ ဟိုအကြောင်းထောက်၊ ဒီအကြောင်းထောက်ပြီး ချီတုံချတုံဖြစ်နေမှုကြောင့် လူထုမနစ်နာစေချင်တော့ဘူး။
( ၅ . ၄ . ၁၉၄၇ အသံလွှင့်ချက် )
တစ်တိုင်းပြည်လုံးကြီးပွားစေချင်ရင်လူအား၊ငွေအားပစ္စည်းအားနဲ့စုပေါင်းပြီးအင်တိုက်အားတိုက်လုပ်နိုင်မှအကျိုးခံစားခွင့်ရှိကြမှာပဲ။ဗမာကတစ်မျိုး၊ ကရင်ကတစ်ဖုံ၊ ရှမ်း၊ ကချင်၊ ချင်းတို့ကတစ်ခြား အကွဲကွဲ အပြားပြားလုပ်နေကြရင် အကျိုးရှိမှာ မဟုတ်ဘူး။ စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မယ်။လုပ်ကြည့်မှလည်း အကျိုးရှိကြောင်း သိနိုင်တယ်။
( ၁၁ . ၂ . ၁၉၄၇ ပင်လုံ )
ဗမာပြည်ရဲ့အကျိုးကို တကယ်လိုလားတယ်ဆိုရင် လူငယ်တွေဟာတော်လှန်ရေးစကားတွေ ပြောတာ လျှော့ပြီးတော့ကာ တော်လှန်ရေးရဲ့တကယ့်အလုပ်ကို လုပ်ကြစမ်းပါဆိုတာ ပြောခဲ့ချင်တယ်။( ၁၇ . ၄ . ၁၉၄၇ မြန်မာနှစ်သစ်ကူး၊ အသံလွှင့်ချက် )
ကျုပ်တို့ဟာဘယ်လိုလူစားတွေလဲ၊ရာဇ၀င်မှာအရေးခံမယ့်လူစားမျိုးတွေလား၊ရာဇ၀င်မှာအဆဲခံမယ့်လူစားမျိုးတွေလား ဆိုတာ ခင်ဗျားတို့ကိုယ်တိုင်သိပါလိမ့်မယ်။ ပဒေသာပင် ပေါက်အောင်ဆိုရင် ကျနော်တို့ အလုပ်လုပ်မှ ဖြစ်မယ်ဆိုတာခင်ဗျားတို့ နားလည်စေချင်တယ်။ ကျနော်တို့ဟာ ဘာအလုပ်ပဲလုပ်လုပ် နောက်ဆုံးတစ်နေ့ ပြီးတဲ့အချိန်မှာ ရှုံးမယ်ထင်တယ် ဖြစ်စေ၊ နိုင်မယ်ထင်တယ် ဖြစ်စေ မလျော့တမ်း ဇွဲနဲ့ လုပ်သွားရမယ်။ အကောင်းဆုံး၊အလွယ်ဆုံး၊ အအေးဆုံး ဆိုတဲ့နည်းကို ကျနော်တို့က ပထမရှေးဦးစွာ ကျနော်တို့ရှာပြီးလုပ်မှာပဲ။ သို့သော်လည်းပဲ သည်လိုလုပ်လို့ မရဘူးဆိုရင် အေးအေးနဲ့မရရင်ရနိုင်တဲ့နည်းကို လုပ်ရမှာပဲ။ ခင်ဗျားတို့ဟာ လွတ်လပ်ရေးကိုလိုချင်ရင် လွတ်လပ်ေ၇းကို ရနိုင်လောက်တဲ့စည်းကမ်းကို ရှိကြပါ။ လွတ်လပ်ရေးကို လိုချင်လို့ရှိရင် လွတ်လပ်ရေးကို ရနိုင်တဲ့ညီညွတ်မှုကို ထိန်းသိမ်းကြပါ။ လွတ်လပ်ရေးကို လိုချင်ရင် လွတ်လပ်ရေးကို ရနိုင်တဲ့ထူထောင်မှုကို လုပ်ကြပါ။ အဲ့ဒီလို လုပ်ပြီးတဲ့နောက် ရှေ့ကို လွတ်လပ်ရေး အရသာကိုခံစား၊ စံစား စေချင်တယ် ဆိုရင် အလုပ်လုပ်ကြဖို့၊ စည်းကမ်းရှိကြဖို့၊ ယခုကတည်းကခင်ဗျားတို့ကိုယ်ကို အကျင့်ဆိုးတွေ၊ အကျင့်ဟောင်းတေ၊ွ စောက်ကျင့်တွေကိုပြင်ကြဖို့လိုပြီဆိုတာ ကျနော် ကနေ့ ပြောခဲ့ချင်တယ်။
( ၁၃ . ၇ . ၁၉၄၇ မြို့တော်ခန်းမ၊ ဗိုလ်ချုပ် နောက်ဆုံးပြောကြားခဲ့သော မိန့်ခွန်း )
(ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသားဘဝ နှင့် ပညာရေး အမြင်)
ပညာဆိုသည်မှာ စာအုပ်စာတန်းဘတ်၍ စာသိမှုကို ပညာဟု မဆိုပေ၊ ပညာသည် အတိုင်းအဆမထင် အလွန်ကျယ်ပြော နက်နဲလှပေသည်၊ ကမ္ဘာရှိ စာအုပ်အားလုံး ပင်လျှင် ပညာ အားလုံးကို လောကပြင်ကျယ် တည်းဟူသော ကျောင်းကြီး ၌ ကျွနုပ်တို့သည် ပုခက်တွင်းမှသည် မြေကြီးထဲ ရောက်သည်အထိ ပညာ သင်သားများ ဖြစ်နေ ကြစေသည်။ ပညာ သင်ကြားမှုသည် အမှန်စင်စစ်အားဖြင့် သူ၏ တသက်ပန်တွင် ကုန်ဆုံးသည်ဟု မဆိုနိုင်ပေ၊ ပညာတတ်သူသည် လောကရှိအရာရာကို အခွင့် အလမ်းလိုက် ဆင်ခြင် သုံးသပ်နိုင်စွမ်းသော ဥာဏ်အားကို၎င်း မိမိဥာဏ် အမြင်အရ စိတ်နေ စိတ်ထား စိတ်ဓါတ် တို့ကို၎င်း (Emotion of the Education) ပြုပြင် ပြုစု စီမံ ထားခဲ့သူသာလျှင် ဖြစ်သည်။
ပညာသည် စာအုပ်များထဲတွင်သာ ရှိသည်မဟုတ် စာအုပ်များကို ကျော်၍ မြင်စွမ်းနိုင်ခြင်းကို ဆောင်နိုင်ရပေမည်။ ပညာသည် လူ၏ ဥာဏ်ကိုသာ ပြုပြင် တိုးချဲ့ရုံသာမဟုတ် လူ၏ စိတ်နေ စိတ်ထား အယူ အဆများ ကိုလည်း တိုးတက်စေရမည်။ လူ၏ ဆန္ဒအား လုပ်အားကို နူးညွတ် စေရမည်။
ရာဇဝင်သိရုံသာ မဟုတ် ရာဇဝင်ကို ဖန်တီး နိုင်စေရမည်။ လောကဓါတ် ပညာကို သိရုံသာ မဟုတ်၊ လောကဓါတ် ပညာကို တိုးချဲ့နိုင်စေရမည်။ ပဋ္ဌမ ပညာကို သိရုံမျှသာ မဟုတ်၊ မြေသစ် ရေသစ် တော တောင် တို့ကို ရှာဖွေ စုံစမ်းနိုင်စေရမည်။ ဤကား ပညာ၏ သရုပ် အကျဉ်းမျှပင်တည်း။
ပညာသည် ကာလ ဒေသ ပရောဂ နှင့် ယှဉ်ရမည်။ လောက၌ လက်တွေ့ အသုံးလည်းကျရမည့် ပညာတွင် သညာ လည်း ပါသည်။ ဥာဏ်နှင့်လည်း ယှဉ်ရမည်၊ ဥာဏ်ချည်းသာ တိုးတက်၍ သညာ မရှိပါမူလည်း ဤမျှ ပိုမို ဆန်းကြယ် အပြောကျယ် လှသော ခေတ်သစ် အကြောင်းကို နားမလည်နိုင်ပေ၊ လောကဓါတ် ပညာကို မတတ် မသိဘဲ လောကဓါတ် ပညာဥာဏ် ကိုသာရလျှင် လောကဓါတ် ပညာ၏ တန်ဘိုးကို ဒင်ပြည့် မသုံးနိုင်ပေ။
တိုင်ပြည် အခြေအနေ ပြဿနာ၊ ခေတ်၏ အခြေအနေနှင့် မယှဉ်ပါမူ တိုင်းပြည် ထောင်ခြင်း ခေတ်ပြင်ခြင်း မပြုနိုင်ပေ။ မွေးကတည်းက သေသည်အထိ အယူဝါဒ အပြောင်းအလဲ မရှိသူသည် ပညာတတ်သည်ဟု မဆိုနိုင်ပေ။
လူတယောက်၏ သက်တမ်းတွင် အစ ပဋ္ဌမက သိမြင်လာသော စိတ်နေ စိတ်ထား ဝါဒ တို့သည် အမှန်ချည်း မဟုတ် ပြုပြင် ပြောင်းလဲ ရမည်သာတည်း။
လူတဦး၏ တဘဝတွင် ကျွန်ုပ်တို့သည် အယူဝါဒ ပြောင်းလဲခြင်းများကို တွေ့သောအခါ ထိုလူသည် သမာဓိမတည်၊ ရှေ့နောက်မညီဟု ထင်မှတ်မှားလေသည်။ သမာဓိ မတည်ခြင်းမှာ ကိုယ်ကျင့်တရား ဖေါက်လွဲ ဖေါက်ပြန် ဖြစ်ခြင်း ပေတည်း။ ဝါဒ ပြောင်းလဲ မှုမှာ ဥာဏ်အမြင်၏ ပြောင်းလဲမှုကြောင့် သမာဓိမတည်ခြင်း မဟုတ်ပေ။ တနည်း တိုးတက်ခြင်း ပေတည်း။
သမာဓိဆိုသည်မှာ လောက၏ အကောင်း အဆိုး အကျိုးအပြသ် သနစ်စုံကို ပိုင်းခြား ထင်ထင် သိမြင်၍ ဆင်းရဲလည်း ဝမ်းမနည်း ချမ်းသာလည်း ဝမ်းမသာ ပကတိ စိတ်ထား ဥာဏ် အမြင်အရ လူချီးမွမ်း လူကဲ့ရဲ့မှု ဘေးဒုက္ခ အန္တရာယ်ကို မထိတ် မလန့် တသမတ်တည်း တည်ညိမ်စွာ ရှိခြင်းကို ဆိုလေသည်။
လှေနံဓါးထစ်ဆိုသော အလုပ်။ အပြော၊ အတွေးတို့မှာ ပညာ၏အဓိပ္ပါယ် ဆန့်ကျင်ဘက်ပေတည်း။
(၁၉၄၄ ၊ မတ် ၁၄ ၊ ဗိုလ်သင်တန်း ကျောင်းဆင်းမိန့်ခွန်း)
အောင်ဆန်း (သို့မဟုတ်) အရိုင်း
Author: Admin@Zar Ni |
2:58 AM |
No comments |
ဗိုလ်ချူပ်အောင်ဆန်းကဗျာများ
Author: Admin@Zar Ni |
2:26 AM |
1 comment |
Author
- Lလင်း
- ကင်းဝန်မင်းကြီး
- ကဗျာများ
- ကာချင်း
- ကာတွန်းဘဂျမ်း
- ကို-တက္ကသိုလ်
- ကိုP
- ကိုစစ
- ကိုဂျေ
- ကိုရွှေတောသား
- ကလောင်စုံ
- ကံချွန်
- ကွန်ပျူတာဆိုင်ရာ
- ခင်ခင်ထူး
- ခင်မျိုးချစ်
- ခင်စောတင့်
- ခင်မောင်ညို(ဘောဂဗေဒ)
- ခင်နှင်းယု
- ချစ်စံဝင်း
- ချစ်ဦးညို
- ချစ်နိုင်(စိတ်ပညာ)
- ဂိုအင်ကာ
- ဂုဏ်ဝင်း
- ဂျက်ကွမ်းခြံကုန်း
- ဂျာနယ်ကျော်မမလေး
- ဂျူး
- စစ်ကိုင်းဦးဘိုးသင်း
- စာပေဟောပြောပွဲ
- စိန်စိန်
- စုကြည်ထွေး
- စက္ကောမ
- စံလိုင်
- စန္တမဏိ ဦးချစ်မောင်
- ဆင်ဖြူကျွန်းအောင်သိန်း
- ဆရာတော်ဦးဥတ္တမသာရ
- ဆီးဘန်နီဆရာတော်
- ဆုမြတ်မွန်မွန်
- ဇာဂနာ
- ညိုသောင်း
- ညီသစ်
- တက်တိုး
- တက္ကသိုလ်စိန်တင်
- တက္ကသိုလ်တင်ခ
- တက္ကသိုလ်တင်မြင့်
- တက္ကသိုလ်နန္ဒမိတ်
- တက္ကသိုလ်ဘုန်းနိုင်
- တက္ကသိုလ်နေလင်းအောင်
- တက္ကသိုလ်နေဝင်း
- တင်စိုး-ဘောဂဂုဏ်
- တင်မိုး
- တင်ထွေး
- တာရာမင်းဝေ
- တာတေ
- တိုက်စိုး
- ထင်လင်း
- ဒဂုန်ခင်ခင်လေး
- ဒဂုန်တာရာ
- ဒဂုန်ရွှေမျှား
- ဒသကျော်စွာ
- ဓူဝံ
- နဂါးဖြူ
- နည်းပညာဆိုင်ရာ
- နတ်ရွာမိုး
- နတ်သမီး
- နတ်နွယ်
- နီကိုရဲ
- နန္ဒ
- နန္ဒာမိုးကြယ်
- နန္ဒာသိန်းဇံ
- ပညာဒီပ
- ပန်းချီဦးဘကြည်
- ပန်းဝေဝေ
- ပဉ္စမံဒီရိုင်း
- ပါရဂူ
- ပီမိုးနှင်း
- ပုညခင်
- ပျို့
- ဖိုးသူတော်ဦးမင်း
- ဖိုးကျော့
- ဖိုးနိုင်ဝင်း
- ဗိုလ်ချုပ်အောင်ဆန်း
- ဗိုလ်သိမ်းဆွေ
- ဗျူး
- မင်းခိုက်စိုးစန်
- မင်းတုန်းမင်း
- မင်းတခေတ်
- မင်းဒင်
- မင်းပုည
- မင်းယုဝေ
- မင်းလူ
- မင်းသိင်္ခ
- မင်းသုဝဏ်
- မင်းဇော်
- မင်းနေသွေး
- မင်းမြတ်သူရ
- မစန္ဒာ
- မန်းတင်
- မမသဒ္ဒါမောင်
- မဟာဂီတဦးပြုံးချို
- မဟာဆွေ
- မအိုစာ
- မိုးစက်ဝိုင်
- မိုးမိုး(အင်းလျား)
- မလေးလုံ
- မျိုးမာန်
- မျိုးသူရ
- ရန်ကုန်ဘဆွေ
- ရန်အောင်မောင်မောင်
- ရာဇဝင်ကို
- ရဲဘော်ဖိုးသံချောင်း
- ရှင်မဟာရဋ္ဌသာရ
- ရှင်မိုး
- ရှင်မြတ်နိုး
- လကာင်္ရည်ကျော်
- လင်းညို့သွေး
- လင်းယုန်မောင်မောင်
- လင်းဝေမြိုင်
- လမင်းမိုမို
- လယ်တွင်းသားစောချစ်
- လီနင်
- လူထုစိန်ဝင်း
- လူထုဒေါ်အမာ
- လူနေ
- လရောင်ကျူးရင့်
- လုံမ
- လွန်းတမှီ
- လွမ်းချင်း
- ဝင်းတင့်ထွန်း
- ဝန်ကြီးပဒေသရာဇာ
- ဝမ်းအိုဝမ်းကျော်ဝင်းမောင်
- ဝိဇ္ဖာ
- သခင်ကိုယ်တော်မိုင်း
- သခင်ဘသောင်း
- သခင်မြတ်ဆိုင်
- သင်္ခါ
- သင်တိုင်းညို
- သည်ခေတ်နေ
- သန်းထိုက်(ရွှေရိပ်)
- သန်းဝင်းလိုင်
- သမိုင်း
- သိန်းသန်းထွန်း
- သိန်းဖေမြင့်
- သိုးဆောင်း
- သူဝေး
- သျှင်မ
- သင်္ကြန်စာ
- ဟယ်ရီပေါ်တာ
- အရိုး
- အာဇာနည်သွေး-ဆရာစံမြေ
- အီကြာကွေး
- အထောက်တော်လှအောင်
- အကြည်တော်
- ဥာဏ်ကြွယ်
- ဦီးပေါ်ဦး
- ဦးခင်မောင်ကြီး
- ဦးတိုး
- ဦးပုကလေး
- ဦးပုည
- ဦးဖိုးလတ်
- ဦးဘုန်း(ဓါတု)
- ဦးလှဝင်း(လေသူရဲတစ်ဦး)
- ဦးဆောင်း
- ဦးဖေမောင်တင်
- ဦးအောင်ညွန့်ဝင်း
- ဦးအောင်လင်း
- ဦးအောင်သန်း
- ဦးအောင်နိုင်မော်
- ဦးမြင့်ဆွေ(ဖြူး)
- ဦးကြင်ဥ
- ဦးနု
- ကောင်းသန့်
- ကောင်းသာ
- ကောင်းမြတ်မင်း
- ကျော်ထူး
- ကျော်ဇောဦး
- ကျော်အောင်
- ကျော်မြသန်း
- ခေတ်ပျိုဖြူ
- ငွေတာရီ
- ဆွေမင်း(ဓနုဖြူ)
- ဇော်ဂျီ
- ဇော်လင်း(Youth)
- ညေး
- တောင်တွင်းရှင်ငြိမ်းမယ်
- ထောင်မှူးကြီးသိန်းဝင်း
- ဒေဝတာ
- ဒေါက်တာခင်မောင်ညွန့်
- ဒေါက်တာစိုးလွင်
- ဒေါက်တာမင်းတင်မွန်
- ဒေါက်တာသန်းထွန်း
- ဒေါ်အုန်းကြည်သား
- နေစိုးထက်
- နေဘုန်းလတ်
- နေဝင်းမြင့်
- ပေါ်ဦးသစ်
- ဖေမြင့်
- မောင်ကွန်ပျူတာ
- မောင်စိန်ဝင်း(ပုတီးကုန်း)
- မောင်ဆုရှင်
- မောင်ထင်
- မောင်ထွန်းသူ
- မောင်ရှင်စော
- မောင်လှမျိုး(ချင်းချောင်းခြံ)
- မောင်ဝဏ္ဏ
- မောင်သာရ
- မောင်သိန်းလွင်
- မောင်ကောင်းမြင့်
- မောင်ကျော်ရင်
- မောင်ချောနွယ်
- မောင်မောင်(ရွှေကရဝိတ်)
- မောင်မောင်ပြုံး
- မောင်မောင်ကြီး
- မောင်မြတ်မိုး
- ရေနံသာဝင်းမောင်
- ရှေးဟောင်းကဗျာများ
- ရွှေသိင်္ခ
- ရွှေဥဒေါင်း
- ရွှေသွေးဂျာနယ်
- ဝေမူးသွင်
- ဝေယံလင်းခေါင်
- သောင်းဝေဦး
- သော်တာဆွေ
- အောင်ကိုဦး(UMK)
- အောင်ဇင်
- အောင်ရင်ငြိမ်း
- အောင်သင်း
- အောင်ကြောင်းဖြာ
- အောင်မြင်သူတို့အကြောင်း
- အောင်မြတ်ဦး
- ကြေးမုံသတင်းစာ
- ကြေးမုံဦးသောင်း
- ပြည့်ပိုင်မှူးအိမ်
- မြင့်သန်း
- မြင်းမူမောင်နိုင်မိုး
- မြန်မာစကားပုံများ
- မြန်မာစွယ်စုံကျမ်း
- မြန်မာ့အလင်းသတင်းစာ
- မြဝင်း
- မြသန်းတင့်
- ကြပ်ကလေး
- တြိစက္က
- နိုင်းနိုင်းစနေ
- နုနုရည်(အင်းဝ)
တစ်လ အတွင်းလူဖတ်အများဆုံး
-
၁။ ဟုတ်သောအကြံ၊ မှန်သောအကျင့် သင့်သောအယူ၊ ဖြူသောနှလုံး သူတော်ထုံးကို စွဲသုံးသောထွေ၊ မှန်လှစေ။ ၂။ ကျိုးကြောင်းစကား၊ ပြောဆိုငြားသော် လ်င္လ်ားေ...
-
မင်းသိင်္ခသည် မြန်မာအမျိုးသားစာရေးဆရာတစ်ဦး ဖြစ်သည်။ မင်းသိင်္ခသည် တီထွင်ကြံဆမှုရှိသော ဝတ္ထုတိုရှည်များကို နိုင်နင်းစွာဖွဲ့နိုင်သော စာအရေးအသာ...
-
စာအုပ်အမည် - ရင်တွေအရမ်းခုန်ပါတယ် စာရေးသူ - မမသဒ္ဒါမောင် ဖိုင်ဆိုဒ် - 3.7MB Download မြန်မာစာအုပ်ဆိုင် Fagebook Page ကို { ဒီမှာ } သွားပြီ...
-
စာအုပ်အမည် - ကြားဖူးနားဝဟာသပုံပြင်များ - ၁ (ကံချွန်) စာရေးသူ - ကံချွန် ဖိုင်ဆိုဒ် - 14.8MB Download မြန်မာစာအုပ်ဆိုင် Fagebook Page ကို { ဒ...
-
စာအုပ်အမည် - ကိုးသင်္ချိုင်းသံဓား စာရေးသူ - ဓူဝံ ဖိုင်ဆိုဒ် - 17.5MB Download မြန်မာစာအုပ်ဆိုင် Fagebook Page ကို { ဒီမှာ } သွားပြီး Like န...
-
စာအုပ်အမည် - ဆဌမအာရုံမဂ္ဂဇင်း စာရေးသူ - ကလောင်စုံ ဖိုင်ဆိုဒ် - 7.42MB Download မြန်မာစာအုပ်ဆိုင် Fagebook Page ကို { ဒီမှာ } သွားပြီး Lik...












.jpg)
