Showing posts with label မြန်မာစကားပုံများ. Show all posts
Showing posts with label မြန်မာစကားပုံများ. Show all posts

Wednesday, March 11, 2015

အက္ခရာ အလိုက် မြန်မာစကားပုံများ




က
၁. “ကြက်ကန်း ဆန်အိုးတိုး”

၂. “ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ”

၃. “ကိုယ်ကကျူး ကိုယ့်ဒူးတောင်မယုံရ”

၎. “ကိုယ်ထင် ကုတင်ရွှေနန်း”

၅. “ကျွဲပါး စောင်းတီး”

၆. “ကတုံးပေါ် ထိပ်ကွက်”

၇. “ကျေးဇူးရှိမှ ကျေးစွပ်”

၈. “ကြမ်းကျွံရင် နှုတ်ရ..စကားကျွံရင် နှုတ်မရ”

၉. “ကျန်းမာခြင်းသည်..လဘ်တစ်ပါး”

၁၀. “ကြက်တူရွေးကတော်တော်...မယ်ဘော်က..ကဲ”

၁၁. “ကျူပင်ခုတ်..ကျူငုတ်ပါမကျန်”

၁၂. ကျားဆရာကြောင်...ကြောင်ဆရာကြွက်”

၁၃. “ကြွက်မနိုင်..ကျီမီးနဲ့ရှို့”

၁၄. “ကျီစားသန်က..ရန်များ၏”

၁၅. “က ရိုး မက ဆန်း၍က နှပ်ပစ်ခံရ”

၁၆. “ကျားကြောက်လို့...ရှင်ကြီးကိုး..ရှင်ကြီး.ကျားထက်ဆိုး

၁၇. “ကံကိုယုံတော့..စုံလုံးကန်း

၁၈. “ကျော်တော့..လှေသူကြီး...ညားတော့..လှေထိုးသား”

၁၉. “ကံကိုယုံပြီး...ဆူးပုံနင်း

၂၀. “ကျားရှေ့...မှောက်ရက်လဲ”

၂၁. “ကြာကြာဝါးမှ..ခါးမှန်းသိ”

၂၂. “ကြာကြာဝါးမယ့်သွား...အရိုးကြည့်ရှောင်”

၂၃. “ကျားကြီး..ခြေရာကြီး”

၂၄. “ကံဆိုးမသွားရာ...မိုးလိုက်လို့ရွာ”

၂၅. “ကြွေတစ်လှည့်...ကြက်တစ်ခုန်”

၂၆. “ကြောင်သူတော်..ကြွက်သူခိုး

၂၇. “ကျောသားကလည်းသား...ရင်သားကလည်းသား”

၂၈. “ကြွက်သေတစ်ခု....အရင်းပြု”

၂၉. “ကုသိုလ်တစ်ပဲ...ငရဲတစ်ပိဿာ

၃၀. “ကုလားမနိုင်....ရခိုင်မဲ”

၃၁. “ကြောက်ရင်လာဘ်လွဲ...ရဲလျှင်မင်းဖြစ်”

၃၂. “ကွန်တစ်ချက်....ဟင်းတစ်ခွက်”

၃၃. “ကြောင်အိုတော့...ကြွက်မလေး

၃၄. “ကြိုက်မရှက်...ငိုက်မရှက်”

၃၅. “ကျင်ကြီးစွန့်ရာ...ကျင်ငယ်ပါ”

၃၆. “ကြောင်ကဲ့သို့.ကျင့်လေ..ညောင်ကဲ့သို့..ကျင့်လေ”

၃၇. “ကောက်သော်..စားမလောက်...ဖြောင့်သော်..စားမနိုင်”

၃၈. “ကိုယ်ကောင်းရင်..ခေါင်းမရွေ့”

၃၉. “ကချင်ရက်...လက်ကျိုး”

၄၀. “ကံသာလျှင်အမိ..ကံသာလျှင်အဖ

၄၁. “ကျည်ပွေ့ကောင်းလို့..ဆန်ဖြူ”

၄၂. “ကင်းခြေများ.ခြေတစ်ချောင်းကျိုး၍..အသွားမပျက်”

၄၃. “ကျားရဲလည်းသေ...တောလည်းကျေ

၄၄. “ကြက်မ.တွန်လို့..မိုးမလင်း

၄၅. “ကိုယ့်ဂုဏ်ကိုယ်ဖော်..မသူတော်ခုနစ်ပါး”

၄၆. “ကွမ်းသီးကြိုက်...တောင်ငူပို့”

၄၇. “ကိုယ့်ဒူး..ကိုယ်ချွန်”

၄၈. “ကြီးလျှင်မှီ..ငယ်လျှင်ချီ

၄၉. “ကဆုန်.နယုန်..စွေ့စွေ့ခုန်

၅၀. “ကျေးဇူးမတင်...-င်လှန်ပြ”

၅၁. “ကြပ်ပူထိုးလေ ရောင်လေ”

၅၂. “ကြက်မတွန်၍ မိုးမလင်း၊ ကြက်ဖတွန်မှ မိုးလင်းသည်”

၅၃. “ကိုယ်ဖြစ်.ကိုယ်ခံ”

၅၄. “ကုလားသိုက်...ကျားဝင်ကိုက်

၅၅. “ကျီးကြည့်...ကြောင်ကြည့်”

၅၆. “ကြက်ကြော်မကြိုက်တဲ့....လူမိုက်”

၅၇. “ကြောင်မရှိ....ကြွက်ထ”

၅၈. “ကလေးကျမှ.လှေခါးထောင်....ရန်သူပြန်မှ..ဒူးလေးပြင်”

၅၉. “ကြိုက်မရှက်....ငိုက်မရှက်...ငတ်မရှက်”

၆၀. “ကြိုးကြာဆို....ဘာငှက်လဲမေး”

၆၁. “ကံကောင်းရင် တစ်ချက်....ကံမကောင်းရင် တစ်သက်”

၆၂. “ကံသည် အလုပ်....အလုပ်သည် ကံ”

၆၃. “ကုန်းပေါ်ရောက်မှ....ရေမမွန်းစေနှင့်”

၆၄. “ကိစ္စများမြောင်....လူတို့ဘောင်”







၁. “ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်း”

၂. “ခွေးလေးရောဝင် ပါးလျက်နားလျက်”

၃. “ခေါင်းတစ်လုံးနဲ့..အိုးနှစ်လုံးမရွက်နိုင်”

၎. “ချွေးထွက်များမှ...သွေးထွက်နည်းမည်”

၅. “ခလုတ်ထိမှ...အမိတ”

၆. “ခုစာကလေးကြော်...ခုဆီထမင်း

၇. “ခွေးမြီးကောက်....ကျည်တောက်စွပ်”

၈. “ချစ်ခြင်းအစ...မျက်စိက”

၉. “ချက်ဆို...နားခွက်က...မီးတောက်”

၁၀. “ခဲလေသမျှ......သဲရေကျ”

၁၁. “ခရုခါးတောင်းကျိုက်ဖမ်း”

၁၂. “ခါချဉ်ကောင်မာန်ကြီးလို့..တောင်ကြီးဖြိုမယ်ကြံ...ခါးကမသန်”

၁၃. “ချောင်းကိုပစ်၍...မြစ်ကိုရှာ”

၁၄. “ခိုးစားတော့ခွေးဟောင်...လယ်လုပ်တော့မိုးခေါင်”

၁၅. “ခဲတစ်လုံးနဲ့...ငှက်နှစ်ကောင်ပစ်”

၁၆. “ချစ်စကိုရှည်စေ..မုန်းစကိုတိုစေ”

၁၇. “ချစ်တိုင်းလည်းမညား...ညားတိုင်းလည်းမချစ်”

၁၈. “ချဉ်ချဉ်တူးတူး...မူးပြီးရော”

၁၉. “ခြေမ.မကောင်း.ခြေမ...လက်မ.မကောင်း..လက်မ”

၂၀. “ခရမ်းသီးပိန်...ဓားတုံး”

၂၁. “ခြောက်ပစ်ကင်း...သဲလဲစင်”

၂၂. “ခွေးဟောင်တိုင်း..ထကြည့်လျှင်..အိပ်ရေးပျက်”

၂၃. “ခွေးရူးဖက်ကိုက်...ခွေးကောင်းနားရွက်ပျက်”

၂၄. “ချောင်းကြီးတော့....မြစ်ဖြစ်”

၂၅. “ချည်ပုဆိုးက..ပိုးပေါင်းချင်”

၂၆. “ချော့တစ်ခါ..ခြောက်တစ်လှည့်”

၂၇. “ခြောက်ပြော..မြှောက်ပြော”

၂၈. “ချီးမွမ်းခုနစ်ရက်..ကဲ့ရဲ့ခုနစ်ရက်”

၂၉. “ချော်လဲ..ရောထိုင်”

၃၀. “-ျီး..ပါခါနီးမှ....-ျီးခံတွင်းပေါက်ရှာ”

၃၁. “ခွေးဟောင်၍ တောင်ပို့မပြေး”

၃၂. “ခွေးဟောင်လို့...တောင်မရွေ့”

၃၃. “ခိုးစားမှ..လူမိ”

၃၄. “ခွေးရူးကောင်းစား...တစ်မွန်းတည့်”

၃၅. “ခုတ်ရာတစ်ခြား..ရှရာတစ်လွဲ

၃၆. “ခြေမွှေးမီးမလောင်...လက်မွှေးမီးမလောင်”

၃၇. “ခေါင်ကမိုးမလုံလျှင်...တံစက်မြိတ်လည်း...မလုံနိုင်”





၁. “ဂိုက်ကောင်း..ဆိုက်ကောင်း”







၁. “ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်”

၂. “ငါးပိနဲ့လောက်..ရွှေနဲ့ကျောက်”

၃. “ငိုချင်ရက်...လက်တို့”

၎. “ငွေမရှိ...စကားမတည်”







၁. “စကား စကား ပြောပါများ စကားထဲက ဇာတိပြ”

၂. “စကားနောက် တရားပါ”

၃. “စုပ်လဲဆူး..စားလဲရူး”

၎. “စည်းကမ်းသည်..လူ့တန်ဖိုး”

၅. “စိန်ကောင်းကျောက်ကောင်းရောင်းဝယ်ရာ...ဆေးရိုးသည်က ကန့်လန့်”

၆. “စားရမှာလဲ...သဲနဲ့တရှပ်ရှပ်..ပစ်ရမှာလဲ...အဆီနဲ့တ၀င်းဝင်း”

၇. “စိုင်ကော်လို့...ချုံပေါ်ရောက်”

၈. “စကားနည်း...ရန်စဲ..”

၉. “စီးတဲ့ရေ ဆယ်တဲ့ကန်သင်း...”

၁၀. “စစ်မရောက်ခင်..မြှားကုန်”

၁၁. “စလယ်ဝင်... -င်မမည်းခင်.ကွဲ”

၁၂. “စာအုပ်စာပေ..လူ့မိတ်ဆွေ”

၁၃. “စားပြီးအိပ်နေ...ဘိက္ခဝေ”

၁၄. “စားရကံကြုံတော့...မုတ်ဆိတ်ပျားစွဲ”

၁၅. “စကောလောက်မှ..စောက်မနက်”

၁၆. “စားတော့ပြုံးပြုံး..ယိုတော့ကုန်းကုန်း”

၁၇. “စိုပြီးသောလက်...မခြောက်စေနှင့်”

၁၈. “စိန်နားကပ်ရောင်ကြောင့်..ပါးပြောင်”

၁၉. “စစ်ရောက်မှ...မြှားချွန်”







၁. “ဆရာမပြ..နည်းမကျ”

၂. “ဆရာထက်..တပည့်လက်စောင်းထက်

၃. “ဆင်သွားရင်.လမ်းဖြစ်တယ်”

၎. “ဆေးမင်ရည်စုတ်ထိုး...အိမ်ထောင်မှုဘုရားတည်”

၅. “ဆရာများ..သားသေ”

၆. “ဆင်ကျီစားရာ...ဆိတ်မခံသာ”

၇. “ဆင့်ပါးစပ်...နှမ်းပက်”

၈. “ဆင်ဖိုးထက်...ချွန်းဖိုးကကြီး”

၉. “ဆီကိုရေချိုး......ဆေးရိုးမီးလှုံ”

၁၀. “ဆန်စင်ရာ..ကျည်ပွေ့မလိုက်နိုင်”

၁၁. “ဆရာ့ထက်..သားတစ်လကြီး”

၁၂. “ဆင်ပြောင်ကြီး..အမြီးကျမှတစ်”

၁၃. “ဆင်သေကို..ဆိတ်သားရေနဲ့..မဖုံးနဲ့”

၁၄. “ဆုပ်လည်းစူး...စားလည်းရူး”

၁၅. “ဆပ်ပြာကောင်းလို့...ခေါင်းပေါင်းဖြူ”

၁၆. “ဆန္မရွိ...ေ-ာက္စားႀကီး”

၁၇. “ဆင်စွယ်မှန်..ပိုးမစား”

၁၈. “ဆန်တစ်အိတ်နဲ့...ဆိတ်တစ်ကောင်”

၁၉. “ဆပ်ပြာသည်..လင်ပျောက်”

၂၀. “ဆင်ဖြူတော်မှီပြီး...ကြံစုပ်”







၁. “ညားတိုင်းမချစ် ချစ်တိုင်းမညား”

၂. “ညောင်မြစ်တူး..ပုတ်သင်ဥပေါ်

၃. “ညောင်စေ့လောက်လှူသော်လည်း..ညောင်ပင်ကြီးလောက်ကုသိုလ်ရ

၎. “ညောင်ဦးကမ်းပါးပြို....စမ္မာနဂိုက..နွားမပေါင်ကျိုး”







၁. “တောင်ကြီးဖ၀ါးအောက် လှိုင်းကြီးလှေအောက်”

၂. “တစ်ရွာမပြောင်း သူကောင်းမဖြစ်”

၃. “တလုတ်စားဖူး သူ့ကျေးဇူး”

၎. “တီးတိုးတီးတိုး သဖန်းပိုး”

၅. “တစ်ရွာ..တစ်ကျီဆောက်”

၆. “တပည့်မကောင်း ဆရာ့ခေါင်း”

၇. “တစ်နေ့တစ်လံ...ပုဂံဘယ်ရွေ့မလဲ”

၈. “တံငါနားနီး.တံငါ...မုဆိုးနားနီး.မုဆိုး”

၉. “တစ်လှေတည်းစီး..တစ်ခရီးတည်းသွား”

၁၀. “တုံးတိုက်တိုက်...ကျားကိုက်ကိုက်”

၁၁. “တရားမပျက်...ကျောင်းမခက်”

၁၂. “တစ်ယောက်စကား...တစ်ယောက်နား”

၁၃. “တစ်ခါသေဖူး...ပျဉ်ဖိုးနားလည်”

၁၄. “တောမီးလောင်....တောကြောင်လက်ခမောင်းခတ်”

၁၅. “တစ်ယောက်ဆိုတစ်ယောက်...ပိတောက်ဆို..ပိတောက်”

၁၆. “တစ်ပင်လဲမူ..တစ်ပင်ထူ”

၁၇. “တစ်နွယ်ငင်...တစ်စင်ပါ”

၁၈. “တစ်မိပေါက်...တစ်ယောက်ထွန်း”

၁၉. “တောပြော..တောင်ပြော”

၂၀. “တပည့်လိမ္မာ...ဆရာအာပတ်လွတ်

၂၁. “တစ်လ.ကိုးသီတင်း”

၂၂. “တိတ်တိတ်နေ..ထောင်တန်”

၂၃. “တပည့်မကောင်း..ဆရာ့ခေါင်း”

၂၄. “တစ်ခြုံကွယ်..တစ်မယ်မေ့”

၂၅. “တော်သလင်းနေ ပုစွန်သေ”

၂၆. “တောင်းတစ်လုံးနဲ့..အလုပ်မဖြစ်”

၂၇. “တောင်လဲရာ...မြက်ပြတ်”

၂၈. “တစ်တက်စားလည်း ကြက်သွန်....နှစ်တက်စားလည်း ကြက်သွန်”

၂၉. “တတ်သည့်ပညာ...မနေသာ”

၃၀. “တောင်မှလာတဲ့မိုး....ဒေါင်ဒေါင်မြည်တဲ့အိုး”

၂၁. “တွေ့ရာသချို`င်္င်း....ဓားမဆိုင်း”

၂၂. “တောင်းဆိုး....ပလုံးဆိုးသာ....ပစ်ရိုးထုံးစံရှိ”







၁. “ထိုင်နေအကောင်းသား ထသွားမှကျိုးမှန်းသိ”

၂. “ထောင်မြင်ရင် ရာစွန့်”

၃. “ထမင်းရည်ပူ..လျှာလွှဲ”

၎. “ထမင်းကြမ်းက..အငွေ့ထွက်ချင်”

၅. “ထန်းသီးကြွေခိုက်...ကျီးနင်းခိုက်”

၆. “ထီးဖြူ..ဖိနပ်ပါး”

၇. “ထောင်အပြင်..တန်းမရှိ”

၈. “ထိပ်ပေါက်မှ..ထိမှန်းသိ”

၉. “ထိုးမယ့်ဆင်...နောက်တစ်လှမ်းဆုတ်”

၁၀. “ထောင်တန်တဲ့စကား...ရယ်ပေါ့

၁၁. “ထင်ပေါ်ရင်..စင်တော်ကကောက်”

၁၂. “ထင်းခွေမကြုံ..ရေခပ်ကြုံမယ်”

၁၃. “ထန်းရေမူး...ကျွဲခိုးပေါ်”

၁၄. “ထားရာနေ...စေရာသွား”

၁၅. “ထုံးလိုမွှေ..ရေလိုနှောက်”

၁၆. “ထုလေ.မာလေ..ငါးဖယ်တေ”

၁၇. “ထောင်နေတဲ့ ဒူး လဲတာထက်ဆိုး”

၁၈. “ထမင်းရည်ချောင်းစီး....မောင်းတီးလှူ”

၁၉. “ထွက်ပြီးသားဆင်စွယ်...ပြန်ဝင်ရိုးထုံးစံမရှိ”







၁. “နွားပျိုသန်လှ နွားအိုပေါင်ကျိုး”

၂. “နွားရှေ့ထွန်ကျူး”

၃. “နတ်ကရာ...ကျီးမော့”

၎. “နေရိပ်လို..နေပူကစောင့်”

၅. “နီးရာပေါင်..ပြေးကပ်”

၆. “နှုတ်တစ်ရာ စာတစ်လုံး”

၇. “နွားကွဲရင်....ကျားဆွဲ”

၈. “နဂိုရှိမှ...နဂိုင်းထွက်”

၉. “နောင်ခါလာ..နောင်ခါဈေး”

၁၀. “နတ်တို့ဖန်....ရေကန်အသင့်..ကြာအသင့်”

၁၁. “နီးရာဓား...ကြောက်ရတယ်”

၁၂. “နေသာသပ...လေညာက”

၁၃. “နွားသိုး.ကြိုးပြတ်...”

၁၄. “နဂါးမှန်းသိအောင်..အမောက်ထောင်”

၁၅. “နှမ်းတစ်စေ့နဲ့..ဆီမဖြစ်နိုင်”

၁၆. “နှုတ်ကြောင့်သေ၊ လက်ကြောင့်ကြေ”

၁၇. “နေတော့ချုံကြား...စိတ်နေဘုံဖျား”

၁၈. “နဂါးပြည်..နဂါး..ဂဠုန်ပြည်...ဂဠုန်”

၁၉. “နှုတ်ခမ်းပဲ့ချင်း...မီးမှုတ်”

၂၀. “နောက်လာတဲ့..မောင်ပုလဲ..ဒိုင်းဝန်ထက်ကဲ”

၂၁. “နောင်တဆိုတာ..နောင်မှရ”

၂၂. “နူရာဝဲစွဲ..လဲရာသူခိုးထောင်း”

၂၃. “နေပူတုန်း...စပါးလှန်း”

၂၄. “နဂါးတို့မျက်စောင်း..အကြောင်းသုံးပါးမရွေး”

၂၅. “နေတော့ပျဉ်ထောင်..စားတော့ချဉ်ပေါင်”

၂၆. “နှာရည်စိုရွှဲ...တပို့တွဲ”

၂၇. “နီးတကျက်ကျက်..ဝေးတသက်သက်”

၂၈. “နှမလင်နေ...မောင်ဖင်ကျိန်း

၂၉. “နဖူးစာ...ရွာလည်”

၃၀. “နှာခေါင်း...ကျည်ပွေ့တွေ့”

၃၁. “နေသေးသပ...ချုံထဲက....ချိုသွေးလို့ တမြမြ”

၃၂. “နွားအို...မြက်နုကြိုက်”







၁. “ပညာရှိသတိဖြစ်ခဲ”

၂. “ပြောမှသိ ထိမှနာ သာမှနေ သေမှခင်”

၃. “ပ၀ါပါးကို ကြက်သားထုပ်တော့ စွန်းရတတ်တယ်၊ တစ်ရွာသားကို ရည်းစားလုပ်တော့.လွမ်းရတတ်တယ်”

၎. “ပညာရှာ ပမာသူဖုန်းစား”

၅. “ပညာရွှေအိုး လူမခိုး”

၆. “ပွဲပြီး မီးသေ”

၇. “ပိုနေမြဲ..ကျားနေမြဲ”

၈. “ပျော်ပျော်နေ သေခဲ”

၉. “ပေါက်ပင်..ဘာကြောင့်ကိုင်းရတယ်...”

၁၀. “ပြောတော့မိုး..ထိုးတော့မြေကြီး..”

၁၁. “ပျံလေတဲ့ငှက်ခါး...နားကာမှသိရမယ်”

၁၂. “ပျက်အစဉ်...ပြင်ခဏ”

၁၃. “ပွဲလန့်တုန်း.ဖျာခင်း”

၁၄. “ပြောတော့မူး..လူးတော့အိုင်

၁၅. “ပျောက်သောသူရှာရင်တွေ့...သေသောသူကြာရင်မေ့”

၁၆. “ပျာသလောက်...ဖွဲမထွက်”

၁၇. “ပြဿနာ..မီးခွက်ထွန်းရှာ”

၁၈. “ပန်းသတင်း.လေညှင်းဆောင်..လူသတင်း.လူချင်းဆောင်”

၁၉. “ပညာရှိအမျက်..အပြင်မထွက်”

၂၀. “ပုလင်းတူ...ဘူးဆို့”

၂၁. “ပညာလို...အိုသည်မရှိ”

၂၂. “ပလိုင်းပေါက်နဲ့..ဖားကောက်

၂၃. “ပိုးသာကုန်..မောင်ပုံစောင်းမတတ်”

၂၄. “ပုဆိုးခြုံထဲက..လက်သီးပြ”

၂၅. “ပါးစပ်က..ဘုရား.ဘုရား..လက်က..ကားယား.ကားယား”

၂၆. “ပျားအုံကို..တုတ်နဲ့ထိုး”

၂၇. “ပုပ်လို့ပေါ်..ဟုတ်လို့ကျော်”

၂၈. “ပညာရဲရင့်...ပွဲလယ်တင့်”

၂၉. “ပြဒါးတစ်လမ်း...သံတစ်လမ်း”

၃၀. “ပန်းပဲသူကြီး...မီးပူမကင်းနိုင်”

၃၁. “ပေးတိုင်းလည်း..မယူနဲ့....ကျွေးတိုင်းလည်း...မစားနဲ့..

၃၂. “ပျိုတိုင်းကြိုက်တဲ့...နှင်းဆီခိုင်”

၃၃. “ပဒိုင်းသီးလို....ဆုပ်လဲစူး...စားလဲရူး”

၃၄. “ပြည်ပန်းညိုချိုပါလျက်....ဆားခတ်မှ အရသာပျက်”

၃၅. “ပါးပုပ်၍..လက်ဝှက်သည်”

၃၆. “ပြဿနာမရှိ...ပြဿနာရှာ”

၃၇. “ပန်းထိမ်တတ်မတတ်..ဂဟေစပ်သက်သေ”

၃၈. “ပျားရည်နဲ့ဝမ်းချ”

၃၉. “ပြုသူအသစ်...ဖြစ်သူအဟောင်း

၄၀. “ပွဲမ၀င်ခင်..အပြင်ကကျင်းပ”

၄၁. “ပို့မယ့်ပို့...ကူးတို့ရောက်အောင်ပို့..”

၄၂. “ပလီစိ...ချောက်ချက်”

၄၃. “ပါးစပ်ပါ..ရွာရောက်”

၄၄. “ပြောမယုံ...ကြုံဖူးမှ.သိ”

၄၅. “ပလူမွှေး..ပလူတောင်”

၄၆. “ပေါက်တဲ့ နဖူး မထူး”

၄၇. “ပိုးဖလံမျိုး...မီးကိုတိုး

၄၈. “ပြောပြောပြီးပြီး..တီးတီးမြည်မြည်”

၄၉. “ပြန်မပြော....နားမထောင်”

၅၀. “ပုထုဇနော..ဥမ္မတကော”







၁. “ဖောင်စီးရင်း ရေငတ်”

၂. “ဖားတုလို့..ခရုခုန်..အိုင်ပျက်ရုံရှိမပေါ့”

၃. “ဖြစ်သမျှအကြောင်း..အကောင်း

၎. “ဖွတ်မရ...ဓားမဆုံး”

၅. “ဖတ်ပေါ်ဆူးကျလဲ..ဖတ်ပေါက်...ဆူးပေါ်..ဖတ်ကျလဲ..ဖတ်ပေါက်

၆. “ဖားအော်တာ..လူသိသော်လဲ..မြွေကိုက်တာ..လူမသိ”

၇. “ဖိုးသူတော်မျက်စိလည်လေ...ဆန်ရလေ”

၈. “-င်မနိုင်ဘဲ..ပဲကြီးဟင်းစား”

၉. “ဖွတ်ကျော..ပြာစု”

၁၀. “ဖိတ်ချင်းဖိတ်..ကိုယ့်အိတ်ထဲဖိတ်”

၁၁. “ဖိုးသူတော်လဲ..တောင်ဝှေးမထူနိုင်”

၁၂. “ဖောင်လှေစီးစီး..လှေကြီးရခိုင်”

၁၃. “ဖာတစ်လုံး..ခေါင်းကျား”







၁. “ဘနဖူး သိုက်တူးမယ့်သူ”

၂. “ဘူးကောင်းမှ စင်ခံ”

၃. “ဘမျိုး...ဘိုးတူ”







၁“မပြည့်တဲ့အိုး ဘောင်ဘင်ခတ်”

၂. “မိုးထိအောင် လှေကားထောင်”

၃. “မိန်းမတို့အိနြေ္ဒ..ရွှေပေးလို့မရ”

၎. “မေးပါများ..စကားရ”

၅. “မအိပ်မနေ..အသက်ရှည်”

၆. “မြွေမသေ..တုတ်မကျိုး”

၇. “မျက်နှာသာပေး...ရွှေရေးပန်းကန်တက်”

၈. “မသိလျှင်မေး...မစင်လျှင်ဆေး”

၉. “မ..ဘက်လိုက်တော့...မိုက်ဘက်ပါ”

၁၀. “မောင်တစ်ထမ်း....မယ်တစ်ရွက်”

၁၁. “မြင်းကမလှုပ်...ခုံကလှုပ်”

၁၂. “မစားရတဲ့အမဲ..သဲနဲ့ပက်”

၁၃. “မယားနေစ...ကြောင်သေမှ”

၁၄. “မီးများမီးနိုင်...ရေများရေနိုင်”

၁၅. “မချစ်သော်လည်း...အောင့်ကာနမ်း”

၁၆. “မြေနိမ့်ရာ...လှံစိုက်”

၁၇. “မိုးရွာတုန်း...ရေခံ”

၁၈. “မျက်နှာကြီးရာ..ဟင်းဖတ်ပါ”

၁၉. “မသိသူကျော်စား...သိသူဖော်စား”

၂၀. “မြွေမြွေချင်း..ခြေမြင်”

၂၁. “မူးကို.မြစ်ထင်”

၂၂. “မျက်ကန်း..တစ္ဆေမကြောက်”

၂၃. “မယားဆို..ပျိုမှ..သမားဆို..အိုမှ”

၂၄. “မမှားသောရှေ့နေ...မသေသောဆေးသမား..မရှိ”

၂၅. “မျက်ဖြူစိုက်လေ...ဆရာကြိုက်လေ..”

၂၆. “မလို...ကူးတို့ခတောင်း”

၂၇. “မင်းနားတစ်ထောင်..မင်းမြှောက်တစ်သိန်း”

၂၈. “မျောက်ပြ..ဆန်တောင်း”

၂၉. “မကတတ်သော်....ဖျာကိုအပြစ်တင်”

၃၀. “မြွေပါလည်းဆုံး...သားလည်းဆုံး”

၃၁. “မည်းမည်းမြင်ရာ...ငါ့ယောက္ခမထန်းတောမလုပ်ချင်နဲ့”

၃၂. “မီးစတစ်မှုတ်...ရေတစ်မှုတ်”

၃၃. “မီးဝေး...ချိတ်မာ”

၃၄. “မြွေမကြောက်....ကင်းမကြောက်”

၃၅. “မောင်မောင်ဆိုလေ....ထီးရိုးရှည်”







၁. “ယုန်တောင်ပြေး..ခွေးမြောက်လိုက်”

၂. “ယုန်ကမတိုး..ပိုက်ကတိုး”

၃. “ယင်ကောင်မြင်တိုင်း..လေယာဉ်မထင်နဲ့”







၁. “ရည်းစားလူလု..အူနုကျွဲခတ်”

၂. “ရလေလိုလေ..အိုတစ္ဆေ”

၃. “ရိုးရိုးကျင့် မြင့်မြင့်ကြံ”

၎. “ရတာမလို..လိုတာမရ”

၅. “ရည်းစားတစ်ထောင်..လင်ကောင်းတစ်ယောက်”

၆. “ရာသီမသိ...ပန်းနဲ့ညှိ”

၇. “ရရစားစား..၀ါးဝါးမြိုမြို”

၈. “ရှိတန်ဆာ...မရှိဝမ်းစာ”

၉. "ရှိလျှင်တန်ဆာ၊ မရှိလျှင်ဝမ်းစာ"

၁၀. “ရွှေအကြောင်း..ဖယောင်းသက်သေ

၁၁. “ရှဥ့်လည်းလျှောက်သာ..ပျားလည်းစွဲသာ”

၁၂. “ရွာနားကမြက်...ရွာနွားမစား

၁၃. “ရာဇ၀တ်အိုး...တုတ်နဲ့ထိုး”

၁၄. “ရှမ်းကြိုက်ရင်..နွားချော”

၁၅. “ရတနာရှိရာ..ရတနာလာ”

၁၆. “ရေသာများ၍.ငါးမတွေ့”

၁၇. “ရှေ့နေငှားမှ...ထောင်လုံးလုံးကျ”

၁၈. “ရှေးထုံးလည်းမပယ်နဲ့...ဈေးသုံးလည်းမကြွယ်နဲ့”

၁၉. “ရေကြည်ရာ..မြက်နုရာ”

၂၀. “ရှာဖွေလေ..တွေ့ရှိလေ”

၂၁. “ရန်သူပြန်မှ..ဒူးလေးပြင်”

၂၂. “ရှားပင်အိုလေ...အနှစ်ပြည့်လေ”

၂၃. “ရယ်သောသူ...အသက်ရှည်၏”

၂၄. “ရာဇ၀တ်ဘေး..ပြေးမလွတ်”

၂၅. “ရေများရေနိုင်..မီးများမီးနိုင်”

၂၆. “ရန်ကိုရန်ချင်း..မတုံ့နှင်းနှင့်”

၂၇. “ရှင်နည်းရာ..အဂ္ဂလူထွက်”

၂၈. “ရှောင်လေဝေးဝေး..မူးယစ်ဆေး

၂၉. “ရေစီးတစ်ခါ....ရေသာတစ်လှည့်”

၃၀. “ရှင်ဘုရင်တစ်ခါထွက်...ပဲကြီးတစ်လှေချက်”

၃၁. “ရေမနောက်.....ကြာမရှောက်”

၃၂. “ရွှေပင်နားတော့....ရွှေကျေး”







၁. “လူလိမ္မာသား ယဉ်ပါး”

၂. “လသာတုန်း ဗိုင်းငင်”

၃. “လည်လွန်းတဲ့ဘီး ချီးသင့်”

၎. “လူမိုက်သား ရမ်းကား”

၎. “လင်ကိုဘုရား..သားကိုသခင်”

၅. “လယ်ထွန်သွား..နွားမေ့”

၆. “လူပျို့လက်..၀က်မြီး”

၇. “လိုတာမရ...ရတာမလို”

၈. “လွယ်မယောင်နဲ့ခက်....တိမ်မယောက်နဲ့နက်”

၉. “လမ်းမသိ....ခွေးနောက်လိုက်

၁၀. “လူမလေး....ခွေးမခန့်”

၁၁. “လာဘ်ပေးလာဘ်ယူ...တို့ရန်သူ

၁၂. “လူတူမရှား...နာမည်တူမရှား”

၁၃. “လူ့အလို..နတ်မလိုက်နိုင်”

၁၄. “လူအကြောင်း..ပေါင်းမှသိ”

၁၅. “လူနေချုံကြား...စိတ်နေဘုံဖျား”

၁၆. “လှတာမက်ရင်...ညစာခက်တယ်”

၁၇. “လှေအဆင်း...ကုန်းအတက်”

၁၈. “လူ့စည်း..ဘီလူးစည်း”

၁၉. “လူတစ်ကိုယ်..အကြိုက်တစ်မျိုး”

၂၀. “လူအမျိုးမျိုး..စိတ်အထွေထွေ”

၂၁. “လူပြောမသန်...လူသန်မပြော”

၂၂. “လာမယ့်ဘေး...ပြေးတွေ့”

၂၃. “လင်နဲ့မယား...လျှာနဲ့သွား”

၂၄. “လွတ်တဲ့ငါး..ကြီး”

၂၅. “လင်းနို့ခွန်တောင်း.ကြွက်...ကြွက်ခွန်တောင်း.လင်းနို့

၂၆. “လူမှာအမျိုး...ကြက်မှာအရိုး”

၂၇. “လိုက်လေ...ဝေးလေ”

၂၈. “လုံ့လလည်းထူ...မိုးလည်းကူ..နွားချေးလည်းချ..ကံလည်းမ”

၂၉. “လူပျင်းလုံ့လ..တစ်ခဏ”

၃၀. “လာချင်ရင်..အနီးလေး..မလာချင်ရင်..ခရီးဝေး”

၃၁. “လင်စံရွေး...လင်ခွေးနဲ့ရ”

၃၂. “လျင်သူ...စားစတမ်း”

၃၃. “လှေနံ..နှစ်ဖက်နင်း”

၃၄. “လက်ပံပွင့်ချိန်....ခွေးရူးထချိန်”







၁. “၀.မရှိဘဲ...၀ိ...မလုပ်နဲ့”

၂. “၀ါးလုံးခေါင်းထဲ..လသာ”

၃. “၀ါဝါမြင်တိုင်း...ရွှေအစစ်လို့မထင်နဲ့”

၎. “၀ါဆိုဝါခေါင်..ရေဖောင်ဖောင်”







၁. “သတိပညာ ဥာဏ်မြေကတုတ် ချွန်းကဲ့သို့အုပ်”

၂. “သူများအကျိုးဆောင် ကိုယ်ကျိုးအောင်”

၃. “သူခိုးပြေးမှ ထိုးကွင်းထ”

၎. “သေချင်တဲ့ကျား တောပြောင်း”

၅. “သေသောသူ ကြာရင်မေ့...ပျောက်သောသူ..ရှာရင်တွေ့”

၆. “သတိမမူ ဂူမမြင်”

၇. “သခွပ်ပင်က..မီးတကျည်ကျည်”

၈. “သူများယောင်လို့.လိုက်ယောင်...အမောင် တောင်မှန်းမြောက်မှန်းမသိ”

၉. “သစ်တစ်ပင်ကောင်း...ငှက်တစ်သောင်းနားနိုင်”

၁၀. “သူ့အိုးနဲ့သူ့ဆန်..တန်ရုံကောင်း”

၁၁. “သားသမီးမကောင်း မိဘခေါင်း”

၁၂. “သက်ကြီးစကား သက်ငယ်ကြား”

၁၃. “သူများမကောင်းကြံ..ကိုယ်သာခံ”

၁၄. “သေမြေကြီး....ရှင်ရွှေထီး”

၁၅. “သံသေ.တစ်ဆွေဝ....ပြဒါးသေ.တစ်ပြည်ဝ”

၁၆. “သားကိုသခင်..လင်ကိုဘုရား”

၁၇. “သားရေပေါ်အိပ်...သားရေနားစား”

၁၈. “သီးချိန်တန်သီး..ပွင့်ချိန်တန်ပွင့်”

၁၉. “သိသာသိစေ...မမြင်စေနဲ့”

၂၀. “သဲထဲရေသွန်”

၂၁. “သမီးမွေးမှ...ဓားတသွေးသွေး

၂၂. “သူများတံတွေးခွက်....ပက်လက်မျော”

၂၃. “သူခိုးကျင့်...သူခိုးကြံ”

၂၄. “သားကောင်လည်း.မုဆိုး.....မုဆိုးလည်း.သားကောင်”

၂၅. “သံကိုကြွက်စား...သားကိုစွန်ချီ”

၂၆. “သခင်အားရ...ကျွန်ပါးဝ”

၂၇. “သူတော်ကောင်း..နတ်ကောင်းမ”

၂၈. “သူခိုးက..လူဟစ်”

၂၉. “သူခိုးရွှေရ...တပြပြ”

၃၀. “သမီးတစ်ကောင်...နွားတစ်ထောင်”

၃၁. “သမင်မွေးရင်း...ကျားစားရင်း”

၃၂. “သူကြီးဘုရား..ရွာသားကောင်းမှု”

၃၃. “သားသမီးယုံ...စုံလုံးကန်း”

၃၄. “သင်ကောင်းလျှင်...ကျွန်ုပ်မဆိုးပါ...”

၃၅. “သစ်မရှိခင်စပ်ကြား...၀ါးဖောင်ကွပ်”

၃၆. “သမင်ဆယ်လှမ်း..ကျားတစ်လှမ်း”

၃၇. “သစ်မရခင် ၀ါးကူ”

၃၈. “သောင်မတင်..ရေမကျ”

၃၉. “သူ့ဆန်စား ရဲရ”

၄၀. “သစ်ပင်မှန်ရင် အမြစ်နဲ့.....လူမှန်ရင် အချစ်နဲ့”

၄၁. “သင်ကောင်းလျှင်...ကျွန်ုပ်မဆိုးပါ”

၄၂. “သိကြားမင်း ကျွဲယောင်ဆောင်...ချိုကား”







၁. “ဟောက်တိုင်းလည်း..မကြောက်နဲ့”

၂. “ဟောင်လွန်းတဲ့ခွေး..လူမလေး







၁. “ဠင်းတလောက်တော့...ငှက်တိုင်းလှ”







၁. “အိုးကမပူ စလောင်းကပူ”

၂. “အစကောင်းမှ အနှောင်းသေချာ”

၃. “အိုးချင်းထားတော့ အိုးချင်းထိ”

၎.“အချစ်ကြီးရင် အမျက်ကြီးတယ်”

၅. “အချိန်နှင့်ဒီရေသည်..လူကိုမစောင့်”

၆. “အမှိုက်ကစ..ပြသဒ်မီးလောင်”

၇. “အချိန်ရှိခိုက်...လုံ့လစိုက်”

၈. “အနာပေါ်တုတ်ကျ”

၉. “အပေါ်ယံရွှေမှုန်ကြဲ....အထဲကနောက်ချေးခံ”

၁၀. “အကြံကုန်...ဂဠုန်ဆားချက်”

၁၁. “အိုးမလုံ...အုံပွင့်”

၁၂. “အမေပြောတော့..တစ်လ....မယားပြောတော့ တစ်ည”

၁၃. “အကျိုးဆော့.....အကန်းမော့”


Credit >==>> ရွှေအိမ်စည်


မြန်မာစာအုပ်ဆိုင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ



မြန်မာစာအုပ်ဆိုင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ



မြန်မာစာအုပ်ဆိုင် မှ တင်သမျှကို { ဒီမှာ } သွားဖတ်လိုက်လိုက်ပါ




<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာစာအုပ်ဆိုင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>




မြန်မာ-အင်္ဂလိပ်စကားပုံများ




A bad workman quarrels with his tools.
အကမတက်တော့ ဖျာအပြစ်တင်

A barking dog seldom bites.
ဟောင်လွန်းသောခွေး လူမလေး

လက်ထဲတွင်ရှိသောငှက်တစ်ကောင်သည်ချုံထဲတွင်ရှိသောငှက်နှစ်ကောင်ထက်ပို၍တန်ဖိုးရှိသ
ည်။
A bird in the hand is worth two in the bush.

စာအုပ်ဆိုတာအိတ်ကပ်ထဲယူသွားနိုင်တဲ့ ဥယျာဉ်တစ်ခုပါ
A book is like a garden in the pocket.

မီးလောင်ခံရသောကလေးသည် မီးကိုကြောက်သည်
A burnt child dreads fire.

ရေနစ်နေသောသူသည် ကောက်ရိုးမျှင်ကိုပင်ဆွဲလိမ့်မည်
A drowning man will catch at a straw.

ထန်းရည်မူး ကျွှဲခိုးပေါ်
A drunkard can never keep secrets.

ဝန်ခံသည်. အပြစ်တစ်ခုသည် တ၀က်ပြုပြင်ပြီးဖြစ်လိမ်.မည်
A fault confessed is half redressed.

လူမိုက်နှင့်ငွေအတူမနေ
A fool and his money are soon departed.

လူရူးလူမိုက် တစ်ဦးသည် ဥာဏ်ပညာရှိသူအား အကြံပေးကောင်းပေးလိမ်.မည်
A fool may give a wise man counsel.

အရေးကြုံက မိတ်ကောင်းပ
A friend in need is a friend indeed.

မိတ်ဆွေတစ်ဦးကို ရရှိရန်ထက် ဆုံးရှုံးရန်က ပို၍လွယ်၏
A friend is easier lose than found.

အမှီကောင်းလျှင်တစ်ချက် အနေကောင်းလျှင်တစ်သက်
A good aim means a sure short, and wise dealings mean perpetual success.

ခွေးလိမ္မာတစ်ကောင်သည် အရိုးကောင်းတစ်ချောင်းနှင်ထိုက်တန်သည်
A good dog deserves a good bone.

အခြေကောင်းမှ အနေကောင်းမည်
A good foundation ensures a good status.

လင်ယောက်ျားကောင်းတစ်ဦးသည် ဇနီးကောင်းတစ်ဦးကိုမွေးထုတ်ပေးနိုင်သည်
A good husband makes a good wife.

နာမည်ကောင်းတစ်ခုရှိခြင်းသည် ချမ်းသာကြွယ်ဝခြင်းထက်ပို၍ေ
ကာင်းသည်
A good name is better than riches.

အပြစ်ရှိနေသဖြင့် လိပ်ပြာမသန်.ရှင်းသည် ၊ စွပ်စွဲမည့်သူမလို
A guilty conscience needs no accuser.

လေးလံနေသည့် ပိုက်ဆံအိတ်တစ်လုံးသည် စိတ်နှလုံးကိုပေါ့ပါးစေသည်
A heavy purse makes a light heart.

ဆာလောင်မွတ်သိပ်နေသူတစ်ဦးသည် ဒေါသဖြစ်နေသူတစ်ဦးဖြစ်သည်
A hungry man is an angry man.

ဆင်ပိန်လျှင် ကျွှဲလောက်ရှိသေး၏
A lean elephant is still as stout as a sturdy buffalo.

ပညာရဲရင့် ပွဲလယ်တင့်
A learned man is honored by others.

ခြိမ်းခြောက်မှုများကြောင့်လူတစ်ယောက်မသေ
A man does not die of threats.

ကြွေးတင်နေသူတစ်ဦးသည် ပိုက်ကွန်တစ်ခုထဲတွင်မိနေသည်
A man in debt is caught in a net.

သေးငယ်သည့် အခက်အခဲများကိုသည်းမခံနိုင်သူသည် ကြီးမားသည့်အရာများကို မည်သည့်အခါ မှပြီးစီးအောင်လုပ်နိုင်မည်မဟုတ်
A man who cannot tolerate small ills can never accomplish great things.

လူတစ်ယောက်၏နေအိမ်သည် သူ၏ရဲတိုက်ဖြစ်သည်
A man’s house is his castle.

စုဆောင်းသည့်တစ်ပဲနိသည်ရရှိသည့်တစ်ပဲနိဖြစ်သည်
A penny saved is a penny gained.

သတိရှိခြင်းတစ်ပေါင်သည်ကြွေ
းတစ်အောင်စကိုမဆပ်နိုင်
A pound of care won’t pay and ounce of debt.

အနာမှသွေးများထွက်ပြီးခြောက်ခဲနေသည့်ခေါင်းသည်ဘီးကိုကြောက်သည်
A scabby head fears the comb.

ဖြတ်လမ်းတခုသည်တစ်ခါတရံ၌မှားသည့်လမ်းတလမ်းဖြစ်တတ်သည်
A short way is often a wrong way.

အမှိုက်ကစပြဿဒ်မီးလောင်
A small rubbish dump can burn down a tower.

ပျက်လျင်အစဉ်ပြင်လျင်ခဏ
It is never too late to mend.

အလုပ်တခုကိုစခြင်းသည်တ၀က်လုပ်ပြီးဖြစ်သည်
A thing begun is half done.

ပျားတစက်ကြောင့်ပြည်ပျက်၏
A trills can lead to a catastrophe.


အကူအညီကိုလိုလိုလားလားပေးလိသူသည်အခေါ်ကိုမစောင့်
A willing helper does not wait to be called.


မြွေမသေတုတ်မကျိုး
A wise course of action whereby neither party suffers.


ဥာဏ်ပညာရှိသူတစ်ဦးသည်သူ၏စိတ်ကိုတစ်ခါတရံ၌ပြောင်းလဲသည်။လူရူးလူမိုက်တစ်ဦးသည်မည်သ
ည့်အခါမျှမပြောင်း
A wise man changes his mind sometimes, a fool never.

ပညာရှိအမျက်အပြင်မထွက်
A wise man does not reveal anger.

မိန်းမတို့အိနြေ္ဒရွှေပေးလို့
မရ
A woman’s modesty cannot be bought with gold.

အံ့သြစရာသည်ကိုးရက်သာခံသည်
A wonder lasts nine days.

ပညာရှိတစ်ဦးအတွက်စကားတစ်လုံးဖြင့်ပင်လုံလောက်သည်
A word to the wise is enough.

ခွဲခွာနေခြင်းသည်ချစ်ခြင်းကိုတိုးပွားစေသည်
Absence makes the heart grow fonder.

လုပ်ရပ်သည်စကားလုံးများထက်ပို၍ကျယ်လောင်စွာစကားပြောသည်
Action speaks louder than words.

မုန်တိုင်းကျပြီးနောက်ငြိမ်သက်မှုဖြစ်သည်
After a storm comes a calm.

ဒီပုတ်ထဲမှာဒီပဲပါပဲ
After the manner of its kind, or a chip of the old block.

အလိုကြီးကအရနည်းသည်
All covet , all lose.

အရောင်ပြောင်းတိုင်းရွှေမဟုတ်
All is not gold that glitters.

ဝါ၀ါမြင်တိုင်းရွှေမဟုတ်
All that glitters is not gold.

အချစ်နှင့်စစ်တွင်ဘာလုပ်လုပ်တရားသည်
All’s fair in love and war.

ကောင်းစွာပြီးစီးသည့်အရာမှန်သမျှသည်အကုန်ကောင်းသည်
All’s well that ends well.

မျက်မမြင်သူများကြားမျက်လုံးတစ်လုံးရှိသူသည်ဘုရင်ဖြစ်သည်
Among the blind the one – eyed man is king.

စစ်တပ်တစ်တပ်သည်၎င်း၏အစာလမ်းကြောင်းပေါ်၌ချီတက်သည်
An army marches on its stomach.

ဘာမှမရှိသည့်အိတ်သည်မတ်ထောင်မနေ
An empty bag will not stand upright.

အားလပ်နေသည့်ဦးနှောက်သည်မာရ်နတ်မင်း၏အလုပ်ရုံဖြစ်သည်
An idle brain is the devil’s workshop.

ငှက်အိုတစ်ကောင်ကိုထောင်ချောက်ဖြင့်ဖမ်း၍မရ
An old bird is not to be caught with chaff.

သက်ကြီးရွယ်အိုတစ်ဦး၏စကားသည်မှားခဲသည်
An old man’s saying is rarely untrue.

သည်းခံခြင်းတစ်အောင်စသည်ဦးနှောက်တစ်ပေါင်ထက်ပိုကောင်းသည်
An ounce of patience is worth a pound of brains.

ကာကွယ်မှုတစ်အောင်စသည်ကုသခြင်းတစ်ပေါင်ထက်ပိုကောင်းသည်
An ounce of prevention is worth a pound of cure.

မြိန်ရာဟင်းကောင်းခင်ရာဆွေမျိုး
Appetite is the best sauce and sincere friends the nearest kith and kin.

ဥမကွဲသိုက်မပျက်
As long as the eggs are not broken ; the nest will be alright.

သိုးငယ်တစ်ကောင်အတွက်အပြစ်ခံရခြင်း ထက်သိုးကြီးတစ်ကောင် အတွက်အပြစ်ခံရခြင်ကပိုကောင်းသည်
As well be hanged for a sheep as a lamb.

အိပ်ရာခင်းသဖြင့် သင်သည်အိပ်ရလိမ့်မည်
As you make your bed, so you must lie on it.

စိုက်ပျိုးသောကြောင့် သင်သည်ရိတ်သိမ်းရလိမ့်မည်
As you sow , so you shall reap.

နည်းနည်းရရန်အတွက် များများတောင်းပါ
Ask much to get little.

ဖွတ်မိကျောင်းဖြစ်၊မြစ်မချမ်းသာ
Authority in the hands of the fool will make him a tyrant.

မကောင်းမှုကိုသင်ရှောင်ကြဉ်ပါ။ မကောင်းမှုကသင့်ကိုရှောင်ကြဉ်လိမ့်မည်
Avoid evil and it will avoid thee.

ပို၍ဆိုးရွားမှုမဖြစ်မချင်းအဆိုးသည်အကောင်းဘယ်တော့မှဖြစ်မလာ = Bad never becomes good till something worse happens.

ဟောင်သောခွေးများသည်တစ်ခါတရံမှသာကိုက်သည်
Barking dogs seldom bite.

သံပူနေတုန်းထုရိုက်ပါ
Beat out the iron while it is hot.

ငါးကိုမြင်သော်လည်းကျော့ကွင်းကိုမမြင်
Before you bit look for the snare.

သူတောင်းစားများသည် ရွေးချယ်ရမည့်သူများမဟုတ်
Beggars must not be choosers.

လူတော်တစ်ယောက်၏နောက်၌အခြား လူတော်များစွာရှိသည်
Behind an able man there are always other able man.

ဥာဏ်ပညာရှိခြင်းထက်ပျော်ရွှင်ခြင်းကပို၍ကောင်းသည်
Better be happy than wise.

လုံးဝရောက်မလာသည်ထက်စာလျှင်နောက်ကျရောက်လာသည်ကပို၍ကောင်းသေးသည်
Better late than never.

မရှိတာထက်မသိတာခက်
Better not to have, than not to know.

ရေစပ်နံဘေး၌ငါးရရန်မျှော်လင့်နေခြင်းထက်အိမ်ပြန်၍ကွန်ယက်သည်ကပို၍ကောင်းသေးသည်
Better return home and make a net than long for fish by the waterside.

လိမ်ညာမှုဖြင့်ကြီးပွားခြင်းထက်အမှန်တရားအတွက်ခံစားရခြင်းကပို၍ကောင်းသည်
Better suffer for truth than prosper by falsehood.

လူကြီးတစ်ဦးငိုကြွေးခြင်းထက်ကလေးငယ်တစ်ဦးငိုကြွေးခြင်းကပို၍ကောင်းသည်
Better the child cry than the old man.

မိခင်သက်ပြင်းချမည်ထက်ကလေးငယ်ငိုသည်ကပို၍ကောင်းသေးသည်
Better the child should cry than the mother sigh.

သင့်အားသဘာဝမကျစွာမြှောက်ပင့်ပြောဆိုသူကိုသတိထားပါ။သူသည်မတရား စွာအပြစ် တင်လိမ့်မည်
Beware of one who flatters unduly ; he will also censure unjustly.

ခဲလေသမျှသဲရေကျပမာ
Big attempts which end in failure. Vain efforts.

ကောင်းမွန်မှုများသည်ဘယ်သောအခါမှအစုလိုက်အပြုံလိုက်မလာ။ကံဆိုးမှုများသည် ဘယ်သောအခါမှတစ်ခုတည်းမလာ
Blessing never come in pairs: misfortunes never come alone.

သွေးသည်ရေထက်ပြစ်သည်
Blood is thicker than water.

ကမ္ဘာမီးလောင်သားကောင်ချနင်း
Blood may be thicker than water, but life is sweeter than blood.

စာအုပ်များနှင့်သူငယ်ချင်းများသည်နည်းနည်းနှင့်ကောင်းကောင်းဖြစ်သင့်သည်
Books and friends should be few and good.

စာအုပ်နှင့်မိတ်ဆွေကိုနည်းနည်းပဲထားသင့်သည် ၊ ဒါပေမယ့်ကောင်းရမည်
Books and friends should be few but good.

စာအုပ်စာပေလူ့မိတ်ဆွေ
Books are our friends.

သစ်ခက်များကိုဖြောင့်အောင်လုပ်၍ရကောင်းရမည်ဖြစ်သော်လည်းကြာမြင့်နေပြီူဖစ်သည့် ပင်စည်များကိုမူလုပ်၍မရ
Branches may be made straight, but not an old trunk.

အနိုင်ကျင့်သူများသည်သူရဲဘောကြောင်သူများဖြစ်သည်
Bullers are generally cowards.

အခြားလူများ၏အားနည်းချက်များဖြင့်ပညာရှိသူများသည်မိမိတို့၏အားနည်းချက်များကိုပြုပြင်သည် By others faults wise men correct their own.

အမေကျော်ဒွေးတော်လွမ်း
Care more for your mother than for your aunt. ( Gratitude should not be misplaced )

ပြန်လည်မျှဝေသည်။

မြန်မာစာအုပ်ဆိုင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ



မြန်မာစာအုပ်ဆိုင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ



မြန်မာစာအုပ်ဆိုင် မှ တင်သမျှကို { ဒီမှာ } သွားဖတ်လိုက်လိုက်ပါ




<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာစာအုပ်ဆိုင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>




Tuesday, March 10, 2015

ဗဟုသုတ မှတ်သားစရာ မြန်မာစကားပုံများ (အင်္ဂလိပ်ဘာသာပြန်)



1.Adjust burden to strength, like arrow to bow. 
တန်နှင့်အားကို လေးနှင့်မြှားကဲ့သို့ ညီအောင်လုပ်ပါ။

2.Although cowardly be slow to run. မရဲသော်လည်း ပြေးခဲစေ။

3.The anger of the prudent never shows. ပညာရှိအမျက် အပြင်မထွက်။

4.Arrows all gone before the battle begins. စစ်မရောက်ခင် မြှားကုန်။

5.As the doe gives birth to a fawn the tiger eats it. သမင်မွေးရင်း ကျားစားရင်း။

6.As to eating it, will it is covered with grit; but as to throwing it away, well, it is rich and luscious. စားရမှာလည်း သဲတရှပ်ရှပ်၊ လွှင့်ပစ်ရမှာကလည်း အဆီနဲ့ တ၀င်းဝင်း။

7.As you are fated to eat honey, bees swarm in your beard. စားရကံကြုံတော့ မုတ်ဆိတ်ပျားစွဲ။

8.Ask when you don't know, wash when you're dirty. မသိလျှင်မေး၊ မစင်လျှင်ဆေး။

9.At the sight of fresh fish away goes the roast. ငါးစိမ်းမြင်၊ ငါးကင်ပစ်။

10.Bad children? Blame the parents. သားသမီးမကောင်း မိဘခေါင်း။

11.The black elephant dare not look at the royal white elephant's face.
ဆင်ဖြူမျက်နှာ ဆင်မည်း မကြည့်ဝံ့။

12.Being afraid of the tiger he takes refuge with the lord Spirit, but the lord
's Spirit is worse than the tiger. ကျားကြောက်လို့ ရှုင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုး။

13.The bigger the tiger, the bigger the pug-marks. ကျားကြီးတော့ ခြေရာကြီး။

14.A blind fowl came upon the rice-pot. ကြက်ကန်း ဆန်အိုးတိုး။

15.The blind man is not afraid of ghosts. မျက်ကန်းတစ်ဆေမကြောက်။

16.The care of one daughter equals that of a thousand cattle. သမီးတစ်ကောင် နွားတစ်ထောင်။

17.The cat jumps with joy when the forest is on fire. တောမီးလောင် တောကြောင် လက်ခမောင်းခတ်။

18.Cheeks shinning because of gold earrings. ရွှေနားကပ်ရောင်ကြောင့် ပါးပြောင်။

19.Clear water cannot be obtained from a well that has just been dug.
ခုရေတွင်းတူး၊ ခု ရေကြည်သောက်၍ မရ။

20.Day will not break for a hen's cackle; it will break only for a cock's crow. ကြက်မတွန်၍ မိုးမလင်း၊ ကြက်ဖတွန်မှ မိုးလင်းသည်။

21.Desire for haste is delay. အလျှင်လို အနှေးဖြစ်။

22.Discard only bad baskets and punnets, not bad sons and daughters.

 တောင်းစုတ် ပလုံးစုတ်သာ ပစ်ရိုးထုံးစံ ရှိသည်။ သားဆိုးသမီးဆိုးကို ပစ်ရိုးထုံးစံမရှိ။

23.Do not spare a bullock or a wife. မယားနဲ့နွား မသနားနဲ့။

24.Do not tread on a heap of thorns because you have faith in you karma.

 ကံယုံ၍ ဆူးပုံမနင်းနဲ့။

25.Eat a section of garlic; you smell of garlic. Eat two sections; you smell the same. တစ်တက်စားလည်း ကြက်သွန်၊ နှစ်တက်စားလည်းကြက်သွန်။

26.Eczema comes on the leprosy place.နူရာ ၀ဲစွဲ။

27.An ember about to blaze glows brightly. တောက်မည့်မီးခဲ တရဲရဲ။

28.Empty pockets, empty promises. ငွေမရှိ စကားမတည်။

29.An error may go on for ever, but it can be set right in a moment. ပျက်အစဉ် ပြင်ခဏ။

30.Even if you do not love him (her), hold your breath and kiss him (her), even if you do not kiss him (her), heave a sigh.မချစ်သော်လည်း အောင့်ကာနမ်း၊ နမ်းသော်လည်း ပင့်သက်ရှူ။

31.Falling face downwards in the front of the tiger. ကျားရှေ့ မှောက်ရက်လဲ။

32.Fetching water in an open wicker basket. ခြင်းကြားနဲ့ ရေသယ်။

32.Flipping
Sesame seeds into an elephant's mouth. ဆင်ပါးစပ် နှမ်းပက်။

33.A floor which has no binding is in disorder. အကွပ်မရှိကြမ်း ပရမ်းပတာ။

34.Fondle a dog and it will lick your face. ခွေးကလေး အရောဝင်တော့ ပါးလျက် နားလျက်။

35.The future price will be fixed in the future; sell it at the current price. 

 နောင်ခါလာ နောင်ခါဈေး။

36.Going to Plow and forgetting the cattle. လယ်ထွန်သွား နွားမေ့။

37.A good beginning ensures a satisfactory ending. အစကောင်းမှ အနှောင်းသေချာ။

A good tree can lodge ten thousand birds. သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားနိုင်။

Grass depends on the island, the island on the grass. ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ။

Great desire obtains little. အလိုကြီးက အရနည်း။

Guests only come to a happy house. အိမ်သာလို့ ဧည့်လာ။

He asked for bones because he wants flesh. အသားလိုလို့ အရိုးတောင်း။

He breathes through someone
Else's nose. သူများနှာခေါင်းပေါက်နဲ့ အသက်ရှု။

He calls her aunt only when her cucumber fruits. ဘူးသီးသီးလို့ အရီးတော်။

He climbs up the pole of the marquee to show his alms-giving.

 အလှူ့ရှင်မှန်းသိအောင် မဏ္ဍပ်တိုင်တက်ပြ။

 He does not catch the monitor lizard and he has lost his chopper. ဖွတ်မရ ဓားမဆုံး။

He dropped a fish-hook whenever the fish sent up bubbles (expecting to catch it).

 ငါးပွက်ရာ ငါးစာချ။

He leans on a white elephant and sucks sugar-cane. ဆင်ဖြူတော်မှီ၍ ကြံစုပ်။

He lives in the bushes but his spirits is in the heavens. လူနေချုံကြား စိတ်နေဘုံဖျား။

He may be poor, however intelligent he may be, if he has no karma. ကံမရှိ ဥာဏ်ရှိတိုင်းမွဲ။

He praises the pickling of his own fish. ကိုယ့်ငါးချဉ် ကိုယ်ချဉ်။

He rides without knowing whether it's a stallion or mare. ကိုယ်စီးတဲ့မြင်း အထီးမှန်းအမမှန်း မသိ။

He tries to establish relationship with a person only when the person has gold.
ရွှေရှိမှ အမျိုးတော်။

He was all right when he was sitting; only when he got up did I realize he was lame. ထိုင်နေတော့ အကောင်းသား၊ ထသွားမှ အကျိုးမှန်းသိ။

He who talks isn't strong; he who's strong doesn't talk. လူပြောမသန်၊ လူသန်မပြော။

He would like to ride a difficult buffalo but hasn't enough courage. မရဲဘဲ ကျွဲပြဲစီးချင်။

His mouth say; "Buddha Buddha, " but his hand acts contrariwise.

 ပါးစပ်က ဘုရား ဘုရား၊ လက်က ကားယား ကားယား။

Husband and wife are like tongue and teeth. လင်နဲ့မယား လျှာနဲ့သွား။

I have no money to pay the debt and no land abscond to. ပေးစရာ ငွေမရှိ၊ ပြေးစရာ မြေမရှိ။

If a needle can pierce it don't chop with an axe. အပ်ဖြင့် ထွင်း၍ရလျှင်၊ ပုဆိန်ဖြင့် မခုတ်ရ။

If the beginning is good, the end must be perfect. အစကောင်းလျှင် အနှောင်းသေချာမည်။

If the cattle are scattered the tiger seizes him. နွားကွဲလျှင် ကျားဆွဲမည်။

If the fire is greater the fire wins; if the water is greater the water wins.
မီးများ မီးနိုင်၊ ရေများ ရေနိုင်။

If the thorn falls the leaf is pierced; if the leaf falls the leaf is pierced.
ဆူးပေါ်ဖက်ကျလျှင် ဖက်ပေါက်သည်။ ဖက်ပေါ်ဆူးကျလျှင် ဖက်ပေါက်သည်။

If there is a question, there is also an answer.
အမေးရှိလျှင် အဖြေရှိသည်။

If you carry the world" No" with you, you will never be poor even in old age.
ဘူးတစ်လုံးဆောင် အိုတောင်မဆင်းရဲ။

If you do not know, ask; if it not clean, wash.မသိလျှင်မေး၊ မစင်လျှင်ဆေး။

If you don't believe me , ask my wife.မယုံရင် ငါ့မယားကိုမေး။

If you want to go fast, go the old road.အလျင်လို လမ်းအိုလိုက်။

If you desire is great you obtain little.အလိုကြီးက အရနည်းသည်။

Ignorance is more troubles me than poverty. မရှိတာထက် မသိထာခက်သည်။

In a basket it is the binding, in a man it is his clothes. တောင်းမှာအကွပ်၊ လူမှာအ၀တ်။

In a forest where there is no heart-wood the castor-oil plant rules.
အနှစ်မရှိတဲ့တော ကြက်ဆူပင် မင်းမူ။

In Another's eyes, but in his own eyes he sees no dirt.
အခြားလူများ၏ မျက်ချေးကိုမြင်၍ ကိုယ့်မျက်ချေးကိုယ်မမြင်။

In journeying at improper time, one step; in eating improper food, one mouthful is sufficient to course mishap. အစားမတော် တစ်လုပ်၊အသွားမတော် တစ်လှမ်း။

It is for bird to fly and die; it is for man t5o scheme and die. ငှက်သည် ပျံရင်းသေသည်။ လူသည် ကြံရင်းသေသည်။

It's like threading a dog's crooked tail through a joint of bamboo.
ခွေးမြီးကောက် ကျည်တောက်စွပ်သလို။

Just as the breeze carries the flower's fragrance, so do men carry Men news.
ပန်းသတင်း လေညှင်းဆောင် လူသတင်း လူချင်းဆောင်။

Just when he wants to cry you touch him.
ငိုချင်လျက် လက်တို့။

Karma is the mother and karma is the father.
ကံသာလျှင် အမိ၊ ကံသာလျှင် အဖ။

Karma watches over your property; your intelligence watches over your life.
ဥစ္စာကံစောင့်၊ အသက်ဥာဏ်စောင့်။

A lazy man lies flat on his back, a lazy woman stretches out her legs.
ယောက်ျားပျင်းတော့ ကျောခင်း၊ မိန်းမပျင်းတော့ ခြေဆင်း။

Let enmity stops short, but love lingers on.
ချစ်စကို ရှည်စေ၊ မုန်းစကို တိုစေ။

Let them know about it but not see it.
သိတာသိစေ မမြင်စေနဲ့။

Like father and grandfather alike.
ဘမျိုးဘိုးတု။

Loss of good is one day spoiled; loss of a husband is a ruined life.
ကုန်ရှုံးတော့ တစ်ရက်၊ လင်ရှုံးတော့ တစ်သက်။

A man does not lose his life if the time at which he is fated to die is not arrived.
သေနေ့မစေ့သေးလျှင် မသေ။

The man from hell is not afraid of hot ashes. ငရဲကလူ ပြာပူမကြောက်။

Mice cease to fear the cat when she is too old. ကြောင်အို ကြွက်မလေး။

Minds together, bodies apart. စိတ်ပေါင်းကိုယ်ခွာ။

Moderation is medicine, excess is peril. လွန်ရင်ဘေး၊ တန်ရင်ဆေး။

The moon shinning in the hollow of the bamboo. ၀ါးလုံးခေါင်းထဲ လသာ။

More money always wins the cause. ငွေများ စကားနိုင်။

A motherless son is a fish in low water. အမိမဲ့သား ရေနည်းငါး။

Near a fisherman one is a fisherman; near a hunter a hunter.တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး။

No lawyer is infallible, nor a doctor immortal. မမှားသော ရှေ့နေ၊ မသေသော ဆေးသမား။

The oar broke while the boat was going. လှေလှော်ရင်း တက်ကျိုး။

Offering a sword-hilt to a thief. သူခိုး ဓါးရိုးကမ်း။

Old bullocks are partial to tender grass. နွားအို မြက်နုကြိုက်။

Once you have died you know how to lay out the corpse. တစ်ခါသေဖူး ပျဉ်ဖိုးနားလည်။

One can but fall to earth or rise to the golden umbrella. သေမြေကြီး ရှင်ရွှေထီး။

One capable many and a force of ten thousand was crushed.
တစ်ယောက်ကောင်းက တစ်သောင်းဗိုလ်ခြေ ညက်ညက်ကြေ။

One day, six feet, where will Bagan move to ? တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့။

One day to die, and one day to born. သေတစ်နေ့ မွေးတစ်နေ့။

One in a thousand mothers bears such sons. မတစ်ထောင် တစ်ကောင်ဘွား။

One mouthful of unsuitable food, one imprudent step may lead to peril.
အစားမတော်တစ်လုပ်၊ အသွားမတော် တစ်လှမ်း။

One needs a full stomach to keep the precepts.အူမတောင့်မှ သီလစောင့်နိုင်မည်။

One
sesame seed will not make oil. နှမ်းတစ်စေ့နှင့် ဆီမဖြစ်နိုင်။

One should not open the mouth for a presentation cow and look at the teeth.
အလကားရသည့်နွားကို သွားဖြဲမကြည့်သင့်။

One's bed is a throne if one thinks to be so. ကိုယ်ထင်လျှင် ခုတင်ရွှေနန်း။

Only the sufferer knows how his belly aches. ကိုယ်ဝမ်းနာ ကိုယ်သာသိ။

Only when the thief has run away do the tatto spots show their power.သူခိုးပြေးမှ ထိုးကွင်းထ။

Picking up frogs with a perforated bag. ပလိုင်းပေါက်နှင့် ဖားကောက်။

Pinning for the aunt rather than the mother. အမေကျော် ဒွေးတော်လွမ်း။

Playing a harp before a buffalo. ကျွဲပါးစောင်းတီး။

Pot against pot, the pots will touch; ropes together, the ropes will tangle.
ကြိုးချင်းထား ကြိုးချင်းထိ၊ အိုးချင်းထား အိုးချင်းထိ။

The price of the hook(goad) is greater than the prick of the elephant.
ဆင်ဖိုးထက် ချွန်းဖိုးကကြီး။

Property is guarded by luck.ဥစ္စာကံစောင့်။

Rain water leaks through the roof-top.ခေါင်က မိုးယို။

Riding on the same boat, going on the same journey. တစ်လှေတည်းစီး တစ်ခရီးတည်းသွား။

Rubbing liniment on the unaffected spot. မရောင်ရာ ဆီလူး။

Said to be marrying a captain, she married a sailor.
ကျော်တော့လှေသူကြီး ညားတော့ လှေထိုးသား။

Searching for a lime before he gets the hare. ယုန်မရခင် သံပရာရှာ။

Seeing the bark you know the tree; seeing his expression you know his character.
အပွေးမြင် အပင်သိ၊ အသွေးမြင် အသွင်သိ။

Setting fire to the granary because one cannot beat the mice.ကြွက်မနိုင် ကျီမီးနဲ့ရှို့။

She wears the flower when it has a sweet scent, but discards it when it has lost its scent.
မွှေးလျှင်ပန်၊ နံလျှင်ပစ်။

Silence is worth a thousand pieces of silver.ဆိတ်ဆိတ်နေ ထောင်တန်။

The snare was set to catch a hare but the cat was caught. ယုန်ထောင် ကြောင်မိ။

The son is one month older than his father. အဖေထက် သားတစ်လကြီး။

The stick falls on the sore. အနာပေါ် တုတ်ကျ။

Store up the water while it rains. မိုးရွာတုန်းရေခံ

The strongest young bullock is only as strong as an old bullock with a broken leg.
နွားပျိုသန်လှ နွားအိုပေါင်ကျိုးသလောက်ပဲ ဖြစ်သည်။

Sugar-cane is sweet always, man only sometimes.
ကြံသည် အစဉ်ချိုသော်လည်း လူသည် အစဉ် မချို။

Taking shelter in the shade of a tree and breaking off the branches.
အရိပ်နေနေ၊ အခက်ချိုးချိုး။

Teaching a monk to read; showing an alligator king the water business.
ဘုန်းကြီးစာချ၊ မိကျောင်းမင်း ရေခင်းပြ။

Teasing eventually turns to quarrel. အကျီစားသန်လျှင် ရန်ဖြစ်သည်။

Teeth that are going to chew for a long time must avoid bones.
ကြာကြာဝါးမယ့်သွား ဘာစားစား အရိုးကြည့်ရှောင်။

A thing floats when it gets rotten; the news, if not true will not spread.
ပုပ်လျှင်ပေါ်၊ ဟုတ်လျှင်ကျော်။

Those who are unaware walk over it, those who are aware unearth it and eat it.
မသိသူကျော်သွား သိသူဖော်စား။

Throwing sand at the meat he cannot eat. မစားရတဲ့အမဲ သဲနှင့်ပက်။

The tiger who courts death moves to another jungle. သေချင်တဲ့ကျား တောပြောင်း။

Timidity relieves one of responsibility. ကြောက်တတ်လျှင် ၀န်ကင်းသည်။

To be ignorant is worse than being poor. မရှိတာထက် မသိတာခက်။

To dig one's grave with one's own hands. ကိုယ့်သေတွင်း ကိုယ်တူး။

Too many doctors and the son dies. ဆရာများ သားသေ။

Too much carp makes the curry in stupid. ငါးသိုင်းများ ဟင်းဟုံ။

Too much talk will include errors. စကားများလျှင် အမှားပါမည်။

The top of a pinnacle now, firewood soon. မှန်ကင်းတစ်လှည့် ထင်းတစ်လှည်။

Traveling by raft and yet thirsty. ဖောင်ဆီးရင်း ရေငတ်။

Trust a slave you lose an eye; trust your children you lose both.
ကျွန်ယုံတော့ တစ်လုံးကန်း၊ သားသမီးယုံတော့ စုံလုံးကန်း။

Until timber is available, use bamboo as a girder.သစ်မရခင် ၀ါးကူ။

A village ox does not feed on village grass. ရွာနားကမြက် ရွာနွားမစား။

Water falling into sand. သဲထဲ ရေသွန်။

Wax will show the quality of gold. ရွှေအကြောင်း ဖယောင်းသက်သေတည်။

When an elephant shrinks it's still a buffalo. ဆင်ပိန်တော့ ကျွဲ။

When diamonds are being sold, the tobacco-stalk merchant is in the way.
စိန်ကောင်းကျောက်ကောင်း ရောင်းနေသည့် အခါ၌ ဆေးရိုးသည်က ကန့်လန့်ကန့်လန့်..

When I work for my living the rains are
suffer from drought., when I steal for my living the dogs bark.
လုပ်စားတော့ မိုးခေါင်၊ ခိုးစားတော့ ခွေးဟောင်။

When in agony a mother will even deny being related to her son.
ကိုယ်မချိ အမိသော်လည်း သားတော်ခဲ။

When the disease is not known there is no remedy. အနာမသိ ဆေးမရှိ။

When your strength is not sufficient, humble yourself. အားမတန် မာန်လျှော့။

Where there is a question, there must be an answer. အမေးရှိလျှင် အဖြေရှိရမည်။

While being troubled by snakes, he is harassed by centipedes. မြွေပူရာ ကင်းမှောင့်။

The whole boat is putrid because of a single carp. ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်။

A woman's modesty cannot be bought with gold. မိန်းမတို့အိန္ဒြ ရွှေပေး၍မရ။

You will face a hundred problems in your lifetime though you may not live that long.
အသက်တစ်ရာမနေရသော်လည်း အမှုတစ်ရာတွေ့ရ။

မြန်မာ-အင်္ဂလိပ်(စကားပုံများ)ဧဒင်ဘာသာပြန်အဖွဲ့မှ
ကူးယူဖော်ပြသည်


မြင်သူမိုး...

မူရင်း သုတစုံလင် ကမ္ဘာတခွင်


မြန်မာစာအုပ်ဆိုင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ



မြန်မာစာအုပ်ဆိုင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ



မြန်မာစာအုပ်ဆိုင် မှ တင်သမျှကို { ဒီမှာ } သွားဖတ်လိုက်လိုက်ပါ




<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာစာအုပ်ဆိုင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>




Author

တစ်လ အတွင်းလူဖတ်အများဆုံး

..
.
...