Showing posts with label ကဗျာများ. Show all posts
Showing posts with label ကဗျာများ. Show all posts

Monday, April 6, 2015

မနေ.ကအွန်လိုင်းပေါ်မှာ တွေ.ခဲ့ကြတယ် နှင့် အခြားချစ်ခြင်းဖွဲ.ကဗျာများ

စာအုပ်အမည် – မနေ.ကအွန်လိုင်းပေါ်မှာ တွေ.ခဲ့ကြတယ် နှင့် အခြားချစ်ခြင်းဖွဲ.ကဗျာများ
ရေးသားသူ – နွယ်ဦးလှိုင်
အမျိုးအစား – ကဗျာ
မနေ. တွေ.ခဲ့ကြတယ် နှင့် အခြားချစ်ခြင်းဖွဲ.ကဗျာများ (နွယ်ဦးလှိုင်)
  
Monday, March 16, 2015

အဘနဲ့ အဘရွာ

ပြောင်းတစ်တင်းကို
ခေါင်းရင်းအိမ်က ပေးခဲ့တယ် ။
ဟင်းရွက်တစ်ဆုပ် ထင်းတစ်ခုတ်ကို
ကျုပ်မြေးတွေက ပေးခဲ့တယ် ။

လျှာပွတ်ဆေးနဲ့
ဆေးခါးကြီးစ လျှက်ဆားစသည်
ကျောင်းဘုန်းကြီးက ပေးခဲ့တယ် ။
သမီးအငယ်
အိမ်ထောင်သည်က
နေ့လယ် နေ့ခင်း ခံတွင်းချဉ်ပြေ
အပျင်းပြေအောင်
အဖေလည်းဝါး ဧည့်လည်းစားတဲ့
လ္ဘက်သားလေး ပို့ခဲ့တယ် ။
ဝါကျွတ်ရက်က
အညှက်ဖြူဆုပ် ပေါက်ပေါက်ဆုပ်တဲ့
မွှေးစုတ်တဘက် ချည်စောင် ကွက်တဲ့
သက်ကြီးဝါကြီး ကန်တော့ကြတယ် ။
ငှက်ပျောသီးနဲ့
အုန်းသီးတစ်လုံး ဘ မသုံးဘူး
ဘုန်းကြီး လှူလိုက်ရသေးရဲ့ ။
အဘဆီက
ရှေးကသီးချင်း တက်ကြရင်းနဲ့
နင်းကြ နှိပ်ကြ ပြုစုကြနဲ့
ကာလသားတွေ စည်ပါပေကွယ်
ပုလွေမယ်ဒလင် ဒေါင်ဒင်ဒင်နဲ့
ဘင်ဂျိုဝိုင်းက ညတိုင်းပ ။
အဘအိုရဲ့ ပုံတိုပတ်စ
ကြားချင်ကြသတဲ့
ညခင်း ညခါ ၀ိုင်းလို့လာတဲ့
ရွာကကလေး အဘ မြေးတွေ
အေး အေး ပြောရသေးတာပ ။
အဘအိမ်သား ကွယ်လွန်သွားလည်း
ဝမ်း ခါး မပူရ ဖူးပေ ။
အဘရဲ့သား ရန်ကုန်သွားလည်း
တအား မငယ် ရဖူးပေ ။
သည်မြေသည်ရွာ အဘရွာပေါ့ ။
ရွာသူရွာသား အဘသားပေါ့ ။
ရွာကကလေး အဘမြေးပေါ့ ။
သမီးနဲ့ သား မြေးငယ်များတို့
ငါ့ရွာနားက
တစ်ဖ၀ါးတောင် ခွါနိုင်ပေါင် ဗျာ
နောင်ဘ၀လည်း ဘ မခွဲဘူး
ခုလည်း သည်မှာ ခေါင်းချမယ် ။
 
တင်မိုး

စာပေဝါသနာရှင်များစုစည်းရာ

မြန်မာအွန်လိုင်းစာအုပ်စင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ

မြန်မာအွန်လိုင်းစာအုပ်စင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ

မြန်မာအွန်လိုင်းစာအုပ်စင် မှ တင်သမျှကို { ဒီမှာ } သွားဖတ်လိုက်လိုက်ပါ

<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာအွန်လိုင်းစာအုပ်စင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>

Sunday, March 8, 2015

စစ် (မင်းခိုက်စိုးစန်)

လူ့အဖွဲ့အစည်းကြီးတစ်ခုလုံး
ကြီးမှ လက်ပေးသင်နေကြပုံများ
မြင်ရတာ ..
အော့နှလုံးတောင်နာတယ်၊
 
ကြေကွဲမူ့တစ်ခုကို ငါကောက်ရထားတယ် ..
ဘယ်သူ ကျပျောက်ခဲ့ပါသလဲ၊
 
ပိုင်ရှင်မဲ့မျက်ရည်များ လမ်းမပေါ်ပြန့်ကျဲ၊
နွံထဲမှာ လှည်းဘီးက ကျွံ.. လို့။
 
ရွှေအကြောင်း ဖယောင်းကသက်သေ.. တဲ့
လူ့သမိုင်းအကြောင်းတော့
အလောင်းတွေကသက်သေပါပဲ။ မင်းခိုက်စိုးစန်

မြန်မာစာအုပ်ဆိုင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ

မြန်မာစာအုပ်ဆိုင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ

မြန်မာစာအုပ်ဆိုင် မှ တင်သမျှကို { ဒီမှာ } သွားဖတ်လိုက်လိုက်ပါ

<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာစာအုပ်ဆိုင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>

ဒီစစ်ပွဲပြီးရင် ကျောင်း…တက်…ချင်…တယ် (မင်းခိုက်စိုးစန်)

(၁)
သေမင်းဟာ
ရိုင်ဖယ်ကို ပုခုံးမှာချိတ်
စာသင်ခန်း တံခါးတွေကို ပိတ်လိုက်တယ်…။
(၂)
စာအံသံတွေပျောက်ဆုံး
ဗုံးဆံတွေ မိုးချုန်းသလို ရွာချ…၊
အမှန်တရားတောင်ကုန်းကို
လက်နက်ကြီးအင်အားသုံးပြီး
သိမ်းပိုက်ဖို့ ကြိုးစားနေကြတယ်…။
မျက်ရည်နဲ့…
အလောင်းကောင်တွေပေါ်က “အမှန်တရား”
ဘယ်ပြည့်တန်ဆာကတောင်မှ
လေးစားမှာမဟုတ်ဘူး…။
စစ်ယူနီဖေါင်းရင်ဘတ်ပေါ်
ချိတ်ဆွဲထားတဲ့ တံဆိပ်တွေဟာ
စစ်ဘေးဒဏ်ကြောင့် သေသွားတဲ့
ကလေးတွေရဲ့ အရေအတွက်နဲ့
ထပ်တူ အချိုးကျပါသလား…
စစ်နတ်ဘုရားရဲ့ သင်္ချာကို
ငါ လက်ချိုးရေတွက်နေတယ်…။
(၃)
စပါးပင်ပျိုးရမယ့် တောင်ယာမြေမှာ
ငါ့ အဖေရဲ့ ခန္ဓာကိုယ် အပိုင်းအစ
ဖြစ်သလို မြှုပ်ပစ်ခဲ့ရတယ်…။
အမြောက်ဆံပေါက်ကွဲတဲ့ နေရာက မြက်ပင်လို
မိသားစုဘ၀တွေ ပြတ်ထွက်လွင့်စင်ကြ…
အမေရေ… ဒီတစ်သက်တော့
ထမင်းလက်ဆုံစားခွင့် မရှိတော့ဘူး…။
ဦးခေါင်းထက်မှာ ကျည်ဆံတွေက
နတ်ဆိုးရဲ့ လေချွန်သံလို
တရွှီရွှီမြည်နေတုန်း
မြေလွှာအောက်ကမိုင်းဗုံး
ဝုန်း ကနဲ ပေါက်ကွဲတယ်…။
ငါ့အနာဂတ်မျှော်လင့်ချက်ဟာ
ခြေထောက်တစ်ဖက်နဲ့အတူ
ပြုတ်ထွက်လွင့်စင်သွားပေါ့…။
“ငါ့အိမ် ငါ ပြန်လာတာလေ”
ဒါဟာ “အသွားမတော်တစ်လှမ်း” ဖြစ်ခဲ့ပါသလား
မျက်ရည်အ၀ဲသားနဲ့ မေးခွန်းထုတ်မိ
ငါ့ဘ၀ကတော့
ငါ့ဒူးဆစ်လို ငုံးတိတိ ဖြစ်လို့ နေလေရဲ့…။
ငြိမ်းချမ်းရေးမိုးခေါင်ရပ်ဝန်းဒေသမှာ
သားပျောက်တဲ့ အမေတွေနဲ့
အမေပျောက်တဲ့သားတွေ
အားလုံးဟာ လူအဖြစ်ကနေ လျှောကျ
တိရစ္ဆာန်တွေလို အမဲလိုက် ခံနေရတယ်…။
အမေအိုတို့ရဲ့ ငိုကြွေးသံ
မြစ်သောင်ယံမှာစီးဆင်း
ဧရာဝတီဟာ သွေးချင်းချင်းနီ…လို့။
(၄)
တိုင်ထက်မှာ
ချစ်ခြင်းမေတ္တာတရားကို သံမှိုနှက်
အာဏာပါးကွက်သားတို့က
ကွပ်မျက်ကြတာကို
“စစ်ပွဲ” လို့ခေါ်တယ်…။
စစ်ပွဲမှာ
ဘယ်သူနိုင်နိုင်… ဘယ်သူရှုံးရှုံး
နောက်ဆုံးမှာ
အမုန်းတရားကပဲ သိမ်းပိုက်…
မိဘမဲ့သွားတဲ့ ကလေးငယ်တွေကို
လောကထဲ မောင်းထုတ်လိုက်ကြတယ်…။
အို…သွေးဆာသူတို့
ရက်စက်ကြမ်းကြုတ်သူအပေါင်းတို့…။
အပြစ်မဲ့ပြည်သူတွေရဲ့သွေးနဲ့ ဘိသိက်မြှောက်
သူသတ်ကုန်းမှာ ဆောက်တဲ့ နန်းတော်ဆီ
ငါတို့ ဘယ်တော့မှ လက်အုပ်မချီဘူး…။
(၅)
“ကျည်ဆံဖိုးတွေ ထပ်မဖြုန်းပါနဲ့
ပေါင်မုန့်တစ်လုံးလောက် ၀ယ်ပေးပါ…”
“လက်ပစ်ဗုံးတွေပစ်မယ့်အစား
ငှက်ဖျားပျောက်ဆေးတစ်ခွက်ပေးပါ…”
စစ်ပွဲတစ်ပွဲမှာ
ပထမဦးဆုံးပစ်တဲ့ ကျည်ဆံ…
ကိုယ်ချင်းစာတရားကိုမှန်တယ်။
ကိုယ်ချင်းစာတရား ကျဆုံးခြင်းဟာ
နိုင်ငံတော် ဈာပနပဲ…။
ကဲ…အလံတစ်ဝက် လွှင့်ထူကြ…
ကမ္ဘာမကြေသီချင်းကို ဆိုတဲ့အခါ
ငိုသံပါနေရတာလောက်
ဝမ်းနည်းစရာကောင်းတာမရှိဘူးလေ…။
(၆)
“မုန်းတီးစိတ်တွေ
နောက်မျိုးဆက်ကို အမွေမပေးစေရ..
အာမဘန္တေ…”။
ငြိမ်းချမ်းရေးသီလယူသံ
ကောင်းကင်ထက်မှာ ညံပါစေ။
ကလေးတွေရင်ထဲက တောင်းဆုနဲ့
ငါတို့အားလုံး ၀တ်ပြုကြရအောင်…။
“မေမေ၀ယ်ပေးတဲ့
ကျောက်သင်ပုန်းပေါ်မှာ
ဝလုံး ၀ိုင်းဝိုင်းတွေ ခြစ်ဆွဲ
ဒီစစ်ပွဲပြီးရင်
ကျောင်း…တက်…ချင်…တယ်…”
မင်းခိုက်စိုးစန်

မြန်မာစာအုပ်ဆိုင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ

မြန်မာစာအုပ်ဆိုင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ

မြန်မာစာအုပ်ဆိုင် မှ တင်သမျှကို { ဒီမှာ } သွားဖတ်လိုက်လိုက်ပါ

<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာစာအုပ်ဆိုင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>

Thursday, March 5, 2015

သပြေညိုနှင့်အခြားကဗျာများ(မင်းသုဝဏ်)@MMBS

စာအုပ်အမည် - သပြေညိုနှင့်အခြားကဗျာများ
စာရေးသူ - မင်းသုဝဏ်
ဖိုင်ဆိုဒ် - 2.6MB

မြန်မာစာအုပ်ဆိုင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ

မြန်မာစာအုပ်ဆိုင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ

မြန်မာစာအုပ်ဆိုင် မှ တင်သမျှကို { ဒီမှာ } သွားဖတ်လိုက်လိုက်ပါ

<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာစာအုပ်ဆိုင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>

Saturday, February 21, 2015

ရထား(ကဗျာရှည်ငါးပုဒ်စုစည်းမှု)

စာအုပ်အမည် - ရထား(ကဗျာရှည်ငါးပုဒ်စုစည်းမှု)
စာရေးသူ - မောင်ချောနွယ်
ဖိုင်ဆိုဒ် - 311.7KB

မြန်မာစာအုပ်ဆိုင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ

မြန်မာစာအုပ်ဆိုင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ

မြန်မာစာအုပ်ဆိုင် မှ တင်သမျှကို { ဒီမှာ } သွားဖတ်လိုက်လိုက်ပါ

<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာစာအုပ်ဆိုင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>

Thursday, February 19, 2015

ဗေဒါလမ်းကဗျာစုများ(ဇော်ဂျီ)

စာအုပ်အမည် - ဗေဒါလမ်းကဗျာစုများ
စာရေးသူ - ဇော်ဂျီ
ဖိုင်ဆိုဒ် - 3.5MB

မြန်မာစာအုပ်ဆိုင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ

မြန်မာစာအုပ်ဆိုင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ

မြန်မာစာအုပ်ဆိုင် မှ တင်သမျှကို { ဒီမှာ } သွားဖတ်လိုက်လိုက်ပါ

<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာစာအုပ်ဆိုင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>

Thursday, February 12, 2015

Tuesday, February 10, 2015

မောင်ချောနွယ်ကဗျာပြပွဲ(မောင်ချောနွယ်)

စာအုပ်အမည် - မောင်ချောနွယ်ကဗျာပြပွဲ
စာရေးသူ - မောင်ချောနွယ်
ဖိုင်ဆိုဒ် - 668.6KB

မြန်မာစာအုပ်ဆိုင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ

မြန်မာစာအုပ်ဆိုင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ

မြန်မာစာအုပ်ဆိုင် မှ တင်ထားသမျှ ကိုဖတ်ချင်ရင်{ ဒီမှာ } သွားလိုက်ပါ

Monday, January 26, 2015

လူသိရှင်ကြား မေးခွန်း (မောင်လှမျိုး(ချင်းချောင်းခြံ))

ျားများစားစား
အရည်အချင်းမရှိပါ။

ထသွားရင်…..
ရုန်းထ  အားခဲ
ကျန်ရစ်ရဲတဲ့ …..   သတ္တိ
နဲနဲလောက်ပဲ ရှိချင်တယ်။

ကျန်ရစ်လို့…………. မငို
ပြန်ချစ်ဖို့လည်း …….မမျှော်တ
ပျော်ခဲ့ ကြတဲ့ …နေ့ရက်များအား
မေ့ရက်သလား……လို့
မေးတဲ့ အခါ ………
မေ့ရက်တယ်သာ…..ဖြေပါလေ။

မြန်မာစာအုပ်ဆိုင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ

မြန်မာစာအုပ်ဆိုင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ

မြန်မာစာအုပ်ဆိုင် မှ တင်ထားသမျှ ကိုဖတ်ချင်ရင်{ ဒီမှာ } သွားလိုက်ပါ

အချစ်ဗေဒင် - မောင်လှမျိုး(ချင်းချောင်းခြံ)

တယောက်ထဲ
လျှောက်တဲ့….လမ်း
နှတစ်ယောက်တွဲလျှောက်လို့
ပိုကြမ်းသွားသနိုင်လား။
ခုလုတ်တိုက်မှာကြောက်ရင်
လမ်းမလျှောက်ပါနဲ့
ဆူးစူးမှာစိုးရင်
တောမတိုးပါနဲ့
ပန်းကြွေမှာမခံနိုင်ရင်
ပန်းဆင်ဖို့မစဉ်စားပါနဲ့။
တခုခုကို ဆုံးရှုံး မှာ ကြောက်သူတိုင်း
အမြတ်နိုးဆုံးကို ဆုံးရှုံးရတတ်တယ်။
အချစ်ရှိလျှက် ချစ်သူလက်
တွဲဖို့ခက်ရင်
ဒီ…….တသက်တော့
ဒို့…………..ဝေးပြီ။။။။။။။။။။

မြန်မာစာအုပ်ဆိုင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ

မြန်မာစာအုပ်ဆိုင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ

မြန်မာစာအုပ်ဆိုင် မှ တင်ထားသမျှ ကိုဖတ်ချင်ရင်{ ဒီမှာ } သွားလိုက်ပါ

လွမ်းတဲ့လမ်း (မောင်လှမျိုး(ချင်းချောင်းခြံ))

လွမ်းတဲ့လမ်းမှာ
ပန်းလည်း မပွင့်
ရင်နင့်စရာ..။
လွမ်းတဲ့လမ်းမှာ
ရွက်သစ်မဝေ
ရွက်ခြောက်တွေဝဲ
ကြေကွဲစရာ ..။
လွမ်းတဲ့လမ်းမှာ
စမ်းလည်းမစီး
ဝမ်းနည်းကြီးမား
သီးခြားကမ္ဘာ..။
လွမ်းတဲ့လမ်းမှာ
ချစ်သူမတွေ့
မပျော်မွေ့ဘူး.. ။
ရင်မှာစူးလျက် ရူးချင်စရာ .. ။
လွမ်းတဲ့
လမ်းမှာ ……..
…………….. ။ ။
မောင်လှမျိုး(ချင်းချောင်းခြံ)

မြန်မာစာအုပ်ဆိုင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ

မြန်မာစာအုပ်ဆိုင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ

မြန်မာစာအုပ်ဆိုင် မှ တင်ထားသမျှ ကိုဖတ်ချင်ရင်{ ဒီမှာ } သွားလိုက်ပါ

ပွဲတွေ့အမှား‎ (ဦးပုည)လေးချိုး

ဟုတ်ပလေ နှုတ်ချွေဟရမှာဖြင့်၊‎
ပုဗ္ဗေစထင်ရဲ့လေ။‎

ကောသလငယ်တို့၊ (သာဓက)
ဘဝအသရေလျှမ်းပါတဲ့၊‎
ရွှေနန်းစံရာ နရိန်မှ(တို့တောင်)‎၊
ခါချိန်တန် ပျက်စမြဲဟာမို့၊‎
စွဲမိသံဝေ။‎

အကုသိုလ် ဃာတကတ်ကယ်က၊‎
‎ယခုလို လာလို့ဖြတ်တာကြောင့်၊‎
ဇရပ်သို့ ပြေးရ(ရာ)လေ၊‎
ခွေးသေသို့(လို့) သေရငြား။‎

သိလျက်နှင့်ပင်၊‎
‎ဝိပါက် တကယ်ထင်လို့ (ကြမ္မာငင်တော့၊‎)
ရွှေဉာဏ်ရင်(ရှင်) မဝေခွဲနိုင်ဘု၊‎
ပွဲတွေ့အမှား။‎

ဦးပုည
(အကွပ်မျက်မခံရမီ နောက်ဆုံးရေးသားသွားသော လေးချိုး)‎

မြန်မာစာအုပ်ဆိုင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ

မြန်မာစာအုပ်ဆိုင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ

မြန်မာစာအုပ်ဆိုင် မှ တင်ထားသမျှ ကိုဖတ်ချင်ရင်{ ဒီမှာ } သွားလိုက်ပါ

နှစ်ချို့ကော်ဖီ(တာရာမင်းဝေ)

နှစ်တွေကြာခဲ့ပေါ့
ဒီလောက် လောင်မီးကျခဲ့တာတောင်
အဲဒီ မျက်နှာလေးက
ငါ့အတွက် တသွင်သွင် လှပနေတုန်းပဲ။
အနမ်းတွေ ..
ငါ့အတွက်မို့ ရွာသူ ဖမ်းစားတာ ခံရလေတယ်
မြင်းတစ်ကောင်မှ မက တဲ့ ရထားလုံးအိမ်ထဲမှာ
ငါ .. ဘယ်ကိုပြေးမလဲ ..
ကိုယ့်ကိုယ်ကို တစ်ပွင့်ချင်း ပြန်ခူးကြည့်တော့လည်း
ဆူး … စူးတာပါပဲ
စားပွဲစွန်းက ဖန်ခွက်လို
ထောင်းလမောင်းကြေကျကွဲပြန်တယ် နှင်းဆီစော်နံတယ်
အချစ်ဟောင်းရေ
ကိုယ်လှေစီးကြောင်းတွေလည်း ပြောင်းပြန်စီးမျောခဲ့ပေါ့
လွန်လေပြီးသော စနေနံနက်တစ်ခုကို လွမ်းမြ ရီဝေရင်း
………………. ……………… ……………
(ဒီကဗျာကို ကိုယ်ဆက်မရေးချင်တော့ဘူး)
မင်း… ချမ်းမြေ့ပါစေ ..။ ။
တာရာမင်းဝေ

မြန်မာစာအုပ်ဆိုင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ

မြန်မာစာအုပ်ဆိုင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ

မြန်မာစာအုပ်ဆိုင် မှ တင်ထားသမျှ ကိုဖတ်ချင်ရင်{ ဒီမှာ } သွားလိုက်ပါ

Sunday, January 25, 2015

သခင်အောင်ဆန်းတရား ( ဇော်ဂျီ)

post-image

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း၊
မင်း၏သားငယ်၊ မင်းသက်လှယ်ကို၊
အဘယ်တရားဟောမည်နည်း။
ဆန်း၏ သတ္တိ၊
ဆန်း၏ သမာဓိ၊ ဆန်း၏ ပညာ၊
ဟောစရာကား အလွန်များ၏။
မင့်သားအရွယ်၊ သက်နှစ်ဆယ်တွင်၊
လူငယ်အောင်ဆန်း၊ သူ့အစွမ်းကို၊
ပန်းကောင်းတပွင့်၊ ပန်ဆင်တင့်သို့၊
မင့်သား သိစေချင်လှ၏။
သူ့အစွမ်းကား၊ အခြားမဟုတ်၊
အအုပ်ချုပ်ခံ၊ မျိုးခြားဒဏ်မှ၊
မြန်မာလွတ်လမ်း၊ ခရီးကြမ်းဝယ်၊
ဗန်းပြအလှ၊ ပကာသနကို၊
ပြာကျလောင်မြိုက်၊ သူမီးတိုက်၏၊
ခေတ်လိုက်စာညီ၊ ခေတ်မီပညာ၊
ကြုံရာဘဝ၊ မုကလုံလောက်၊
ခံမြို့ဆောက်၏။
ထို့နောက်တဆင့်၊ မိုးထိလွင့်အောင်
ရိုးကျင့်မြင့်ကြံ၊ သူ့အလံတည့်
ပျံတလူလူ၊ သူထူခဲ့ကြောင်း
ခေါင်းဆောင်သဘော၊ မင့်သားချောကို၊
ပြောလိုက်ပါဘိ၊ ဟောပါဘိ။ ။
။   ။ဇော်ဂျီ

မြန်မာစာအုပ်ဆိုင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ

မြန်မာစာအုပ်ဆိုင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ

မြန်မာစာအုပ်ဆိုင် မှ တင်ထားသမျှ ကိုဖတ်ချင်ရင်{ ဒီမှာ } သွားလိုက်ပါ

တို့တိုင်းပြည် (ဇော်ဂျီ)

post-image

ထလော့မြန်မာ၊ အိုမြန်မာတို့၊
တို့ရွာတို့မြေ၊ တို့ရွာမြေဝယ်၊
စေတီစပါး၊ များလည်းများ၏၊
များပါလေလဲ၊ တမွဲမွဲနှင့်၊
ဆင်းရဲကာသာ၊ ကာလကြာလျှင်၊
ယာစကာမျိုး၊ တညှိုးညှိုးနှင့်၊
ပုထိုးမြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား၊
လှည့်လည်သွားလျက်၊
မစားလေရ၊ ဝမ်းမဝ၍၊
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။
ထလော့မြန်မာ၊ အိုမြန်မာတို့၊
တို့ရွာတို့မြေ၊ တို့ရွာမြေဝယ်၊
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်၊
သီးနှံချိုပျား၊ များလည်းများ၏၊
များပါလေလဲ၊ တမွဲမွဲနှင့်၊
ဆင်းရဲကာသာ၊ ကာလကြာလျှင်၊
မြင်သာမြင်ရ၊ မစားရ၍၊
တောကပြိတ္တာဖြစ်မည်တည်း။
ထလော့မြန်မာ၊ မြန်မာထလော့၊
အားမပျော့နှင့်၊ မလျှော့လုံ့လ၊
သူကစ၍၊ ငါကအားလုံး၊
လက်ရုံးမြားမြောင်၊ ဉာဏ်မြားမြောင်နှင့်၊
စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့၊
ဤမြေဤရွာ၊ ဘယ်သူ့ရွာလဲ၊
ဤယာစပါး၊ ဘယ်သူ့စပါးလဲ၊
ထားလော့တာဝန်၊ ပွန်လော့လုပ်ငန်း၊
ဉာဏ်ရှေ့ပန်း၍၊
တစ်ဝမ်းတစ်စိတ် ညီစေသတည်း။ ။
။    ။ဇော်ဂျီ
(၁၉၃၅ ခုနှစ်၊ ဩဂုတ်လ ကြီးပွားရေးမဂ္ဂဇင်း အတွဲ – ၃၊ အမှတ် – ၁၁။)

မြန်မာစာအုပ်ဆိုင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ

မြန်မာစာအုပ်ဆိုင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ

မြန်မာစာအုပ်ဆိုင် မှ တင်ထားသမျှ ကိုဖတ်ချင်ရင်{ ဒီမှာ } သွားလိုက်ပါ

သပြေညို (မင်းသုဝဏ်)

သူ့ခေါင်းမှာတဲ့ သပြေညို၊
ငါ့ခေါင်းမှာတဲ့ သပြေညို။
တို့ပြေမှာ တို့မေကမ်းပါတဲ့၊
သပြေညို ရွှေဘိုပန်းဟာက၊
လန်းလျက်ပါကို။
ဘာမလျှော့လေနဲ့၊
လာတော့မကွဲ့ ရွှေဗဟိုရ်၊
လေချိုကအသွေး။
လင်းကြက်အဆော်၊
ကွင်းထက်မှာတူပျော်ပျော်နဲ့၊
စည်တော်ကိုရည်မျှော်မှန်းကာပ၊
ရောင်နီမှာအောင်စည်ရွမ်းရအောင်၊
သပြေညိုရွှေဘိုပန်းရယ်နဲ့၊
လှမ်းကြစို့လေး။ ။
လေးချိုး
။   ။မင်းသုဝဏ်
(၄၊ ၁၊ ၁၉၃၈)

မြန်မာစာအုပ်ဆိုင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ

မြန်မာစာအုပ်ဆိုင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ

မြန်မာစာအုပ်ဆိုင် မှ တင်ထားသမျှ ကိုဖတ်ချင်ရင်{ ဒီမှာ } သွားလိုက်ပါ

မြို့တစ်မြို့က ၀ှက်ထားတဲ့ ဖဲချပ်များ (မောင်ချောနွယ်)

post-image

သွေးဆုံးနေတဲ့ မိန်းမလို ဆိုင်းဘုတ်နဲ့
လူညံ့တွေရယ်
အဲဒါတွေကိုတော့
လှမယ်ထင်လို့
မြို့ဟာ
သူ့ကိုယ်သူ
အစွမ်းကုန် ခြယ်သထားလေရဲ့၊
မြို့ဟာ
ဟောဒီဖဲချပ်တော့ ၀ှက်ထားလေရဲ့။
မြို့ဟာ
ဝန်ရိုးစွန်းမှာ
တစ်ကိုယ်တည်း ဟိုတယ်စာ သွားသွားစားတတ်တဲ့
အကြင်နာတရားပုံ သစ်တုံးတစ်တုံးကို
ဝှက်ထားတယ်။
မြို့ဟာ
လမင်းနဲ့ ဧည့်ခံတတ်တဲ့
ရပ်ကွက်တစ်ခုကိုလည်း ၀ှက်ထားတယ်။
မြို့ဟာ
စကားပြောတတ်စ ကြယ်ကလေးတစ်ပွင့်ကိုလည်း
ဝှက်ထားတယ်။
မြို့ဟာ
လူသားစစ်စစ်ဖြစ်ရက်နဲ့
ကုလားအုပ်တစ်ကောင်လို
စုဆောင်းထားတဲ့ ရေတွေလည်းရှိ
သူ့အဖို့ရာ ဘို့တစ်လုံးလည်း ပါရှိ
အဝေးမြင် လည်ပင်းရှည်ကြီးလည်းရှိ
ပြီးတော့
ကမ္ဘာကျော် ကျေးစွပ်ပုံပြင်ကိုလည်း ပိုင်ဆိုင်တဲ့
စားပွဲခုံတစ်လုံးကိုလည်း ၀ှက်ထားတယ်။
မြို့ဟာ
အဲဒါကြောင့်ပဲ
ကမ္ဘာပုသွားတဲ့ နေ့တစ်နေ့ကို
ကိုယ်ဝန်ဆောင်ထားရပြီဆိုတာ
မသိရှာခဲ့ဘူးပေါ့။ ။
မောင်ချောနွယ်

မြန်မာစာအုပ်ဆိုင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ

မြန်မာစာအုပ်ဆိုင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ

မြန်မာစာအုပ်ဆိုင် မှ တင်ထားသမျှ ကိုဖတ်ချင်ရင်{ ဒီမှာ } သွားလိုက်ပါ

မင်းမုန်းတဲ့နေ့ဟာ ငါအမှန်တရားကို တွေ့တဲ့နေ့ဖြစ်တယ် (မောင်ချောနွယ်)

post-image

မင်းရက်စက်မှုဟာ ကမ္ဘာမှာမရှိခဲ့ပါဘူး
ငါဟာ နာကျင်ကျိုးကျေပြီး
အိပ်ယာပေါ်မှာ အလူးလူးအလိမ့်လိမ့်
ဘာမှလည်း မတွေးခေါ်နိုင်
ဘာမှလည်း မခံစားပေးနိုင်
ပွဲတော်တွေနဲ့ ကင်းဝေးလို့
ပြာကျမသွားရုံအသက်ငွေ့ငွေ့ကလေးနဲ့
မင်းပက်စက်လိုက်တာကွယ်လို့တောင်မှ
ငါ့မှာ အသံမထွက်နိုင်ခဲ့ပါဘူး။
နေဝင်နေထွက်ချိန်တွေလဲ
ငါ့မှာမသိတော့ပါ…
ငါ့အနုပညာအရင်းအမြစ်ကလေးလည်း
ဘယ်ဆီဘယ်ဝယ်မှာလဲ
ငါမသိတော့ပါ…
ငါ့အဘိဓမ္မာတွေလည်း
ငါ့မှာမဆုပ်မိ မကိုင်မိတော့ပါ။
ငါဟာ
‘ဝိမုတ္တိ’ကိုသာ ငေးမျှော်ရင်း
ခပ်မျှင်းမျှင်းအသက်ရှုခဲ့ရတယ်
တနင်္ဂနွေတရက်ထင်ပါရဲ့
စကြာဝဠာကြီးရယ်
ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ငါ့ဆီရောက်လာတယ်
အင်မတန် ပူနွေးလှတဲ့ သူ့လက်ကြီးနဲ့
လက်ဆွဲနှုတ်ဆက်တယ်
ပန်းသီး ချယ်ရီပန်းနဲ့ ရွှေရောင်ကလောင်တန်တစ်ချောင်း
လက်ဆောင်ပေးတယ်။
ပြီးတော့…
“မိတ်ဆွေကြီး ခရီးသစ်ထွက်တော့”တဲ့
အဲဒီလို ပြောအပြီးမှာ
စွတ်ဖါးလှည်းကလေးစီးကာ ထွက်သွားတော့တယ်။
ငါဟာ
ပန်းသီး ချယ်ရီပန်း
ရွှေရောင်ကလောင်တန်နဲ့
ငါ့အမှန်တရားဝတ်စုံကို ဝတ်ဆင်ကာ။ ။
။      ။မောင်ချောနွယ်

မြန်မာစာအုပ်ဆိုင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ

မြန်မာစာအုပ်ဆိုင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ

မြန်မာစာအုပ်ဆိုင် မှ တင်ထားသမျှ ကိုဖတ်ချင်ရင်{ ဒီမှာ } သွားလိုက်ပါ

Author

တစ်လ အတွင်းလူဖတ်အများဆုံး

..
.
...