Monday, March 16, 2015
တောလယ်၊မောတယ်၊အပြောကြွယ်(မောင်သာရ)@MMBS
Author: Admin@Zar Ni | 9:35 PM | No comments |
နတ်ရူးတို့ကြောင်နိုင်ပေ(အီကြာကွေး)@MMBS
Author: Admin@Zar Ni | 9:30 PM | No comments |
တွေ့ ရကြုံရရှတတလေးတွေ(အီကြာကွေး)@MMBS
Author: Admin@Zar Ni | 9:21 PM | No comments |
ဦးဖိုးလတ်၏မြန်မာအစစာတမ်း(ဦးဖိုးလတ်)@MMBS
Author: Admin@Zar Ni | 9:17 PM | No comments |
အဘနဲ့ အဘရွာ
Author: Admin@Zar Ni | 8:52 PM | No comments |
ပြောင်းတစ်တင်းကို
ခေါင်းရင်းအိမ်က ပေးခဲ့တယ် ။
ဟင်းရွက်တစ်ဆုပ် ထင်းတစ်ခုတ်ကို
ကျုပ်မြေးတွေက ပေးခဲ့တယ် ။
ဆေးခါးကြီးစ လျှက်ဆားစသည်
ကျောင်းဘုန်းကြီးက ပေးခဲ့တယ် ။
သမီးအငယ်
အိမ်ထောင်သည်က
နေ့လယ် နေ့ခင်း ခံတွင်းချဉ်ပြေ
အပျင်းပြေအောင်
အဖေလည်းဝါး ဧည့်လည်းစားတဲ့
လ္ဘက်သားလေး ပို့ခဲ့တယ် ။
ဝါကျွတ်ရက်က
အညှက်ဖြူဆုပ် ပေါက်ပေါက်ဆုပ်တဲ့
မွှေးစုတ်တဘက် ချည်စောင် ကွက်တဲ့
သက်ကြီးဝါကြီး ကန်တော့ကြတယ် ။
ငှက်ပျောသီးနဲ့
အုန်းသီးတစ်လုံး ဘ မသုံးဘူး
ဘုန်းကြီး လှူလိုက်ရသေးရဲ့ ။
အဘဆီက
ရှေးကသီးချင်း တက်ကြရင်းနဲ့
နင်းကြ နှိပ်ကြ ပြုစုကြနဲ့
ကာလသားတွေ စည်ပါပေကွယ်
ပုလွေမယ်ဒလင် ဒေါင်ဒင်ဒင်နဲ့
ဘင်ဂျိုဝိုင်းက ညတိုင်းပ ။
အဘအိုရဲ့ ပုံတိုပတ်စ
ကြားချင်ကြသတဲ့
ညခင်း ညခါ ၀ိုင်းလို့လာတဲ့
ရွာကကလေး အဘ မြေးတွေ
အေး အေး ပြောရသေးတာပ ။
အဘအိမ်သား ကွယ်လွန်သွားလည်း
ဝမ်း ခါး မပူရ ဖူးပေ ။
အဘရဲ့သား ရန်ကုန်သွားလည်း
တအား မငယ် ရဖူးပေ ။
သည်မြေသည်ရွာ အဘရွာပေါ့ ။
ရွာသူရွာသား အဘသားပေါ့ ။
ရွာကကလေး အဘမြေးပေါ့ ။
သမီးနဲ့ သား မြေးငယ်များတို့
ငါ့ရွာနားက
တစ်ဖ၀ါးတောင် ခွါနိုင်ပေါင် ဗျာ
နောင်ဘ၀လည်း ဘ မခွဲဘူး
ခုလည်း သည်မှာ ခေါင်းချမယ် ။
တင်မိုး
စာပေဝါသနာရှင်များစုစည်းရာ
“အောင်မြင်သူတို့၏စကား”
Author: Admin@Zar Ni | 8:46 PM | No comments |
ဖြစ်ပါတယ်။ ပါဘလိုပီကာဆို (ပြင်သစ်ပန်းချီဆရာကြီး)
ဒေးဗစ်မာဟန်နီ(နော်တန်ဆိုင်မွန်ဥက္ကဌ)
- လေ့ကျင့်တယ်ဆိုတဲ့ အဓိပ္ပာယ်က အခက်အခဲတွေ ရင်ဆိုင်တွေ့
တဲ့အခါနဲ့ မျှော်မှန်းချက်၊ ယုံကြည်ချက်နဲ့ ဆန္ဒပြင်းပြမူတွေကို
အကောင်အထည်ဖော်ဖို့ ကြိုတင်ပြင်ဆင်ထားတာပါပဲ။ လေ့ကျင့်မှု
ဟာ ပြင်းပြတဲ့ ဆန္ဒတွေ ပြည့်ဝအောင် ဖိတ်ခေါ်တာကို ဆိုလိုပါတယ်။
မာသာဂရေဟမ် (ကချေသည်နှင့် နည်းပြဆရာမ)
- သင်ဟာ မြင်းတစ်ကောင်ကို ရယ်စရာကောင်းတယ်လို့မြင်ရင် မြင်းတပ်
ဖွဲ့ရဲ့ တာဝန်ခံအဖြစ် ခေါင်းဆောင်နိုင်မှာ မဟုတ်ဘူး။
ဂျွန်ပီယားစ် (လော်ဂျစ်ကယ်မရှင်းကော်ပိုရေးရှင်း ဥက္ကဌ)
- အကြီးအကဲ တစ်ယောက်ဟာ တာဝန်ယူရသူပါပဲ။ သူအနေနဲ့
“ငါ့လူတွေ အထိနာတယ်” လို့ ပြောရမယ့်အစား “ငါအထိနာတယ်”
လို့သာ ပြောရပါလိမ့်မယ်။ (အင်တွိုင်းဒီစိန့်အိတ်ဇူပဲရီ)
- သတ္တိရှိပြီး မနာခံဘဲ ရှေ့ထွက်ရဲသူတွေဟာ အမိန့်ပေးနိုင်စွမ်းရှိတာပါ။
ဝီလီယမ် မက် ဒေါက်ဝဲလ်(စိတ္တဗေဒပညာရှင်)
- အာရုံကြောတွေ ချို့ယွင်းလုနီးပါး ဖြစ်လာတဲ့ရောဂါရဲ့ ဇာတ်မြစ်တစ်
ခုက အလုပ်ဟာ ကြောက်စရာကောင်းအောင် အရေးကြီးတယ်လို့
ယုံကြည်မှုပဲဖြစ်ပါတယ်။ (ဘာထရန်ရပ်ဆဲလ်)
- ခေါင်းဆောင်တွေရဲ့ အရည်အချင်းကို အနက်ဖွင့်ချက်တစ်ခုကတော့
ဖန်တီးနိုင်စွမ်းနဲ့ ရည်မှန်းချက်တစ်ခုကို နားလည်နိုင်မှုရှိတာပါပဲ။
ဝါရင်းဘင်းနစ်(စ) (အမေရိကန်ခေါင်းဆောင်ဖြစ်ကျွမ်းကျင်သူ)
- ရည်မှန်းချက်တစ်ခုက ရှိသမျှအရာတိုင်းကို ပြောင်လဲဖို့ စတင်ပုံ
ဖော်ရာမှာ ကျွန်တော့်ပတ်ဝန်းကျင်က “လေထု”လည်းပါဝင်တယ်။
ဂျင်ဒစ်ဇွန် ( ဟောကိန်းလက်ဆောင်မှ)
- အတော်ဆုံး ခေါင်းဆောင်တွေရဲ့ အလုပ်က ပြီးစီးသွားတဲ့အခါ
လူတွေက တို့ဟာတို့ လုပ်တာလို့ပြောကြစမြဲပေါ့။ (လောင်းဇူး)
- နိုင်ငံကို ဘယ်လိုထူထောင်ရမှန်း သိတဲ့သူအားလုံးဟာ
တက္ကစီ ကားတွေမောင်း၊ ဆံပင်ညှပ်သမားတွေဖြစ်နဲ့ အလုပ်
ရှုပ်နေကြတာ တော်တော် အဖြစ်ဆိုးဆိုးတာပဲ။ (ဂျော့ခ်ျဘန်းစိ)
- ဇွဲအကောင်းဆုံးလူတွေသာ အောင်မြင်မှုကိုပိုင်ဆိုင်ရတယ်။
(နပိုလီယမ်)
- နမှုနာပြတာဟာခေါင်းဆောင်မှုပါပဲ (အဲလ်ဘက်ရှဝစ်ဇာ)
- ခေါင်းဆောင်တွေဟာ ထိပ်ဆုံးမှာရှိရမယ်။ခေတ်မီရမယ်။
လုပ်ငမ်းထဲ အစောကြီးရောကရမယ်။ မနက်လင်းတာနဲ့
အိပ်ရာက ထပြီးသားဖြစ်ရမယ်။
လော့ဒ်ဆီယက်ဖ် ( Marks & Spencer ဥက္ကဌ)
ညီညီနိုင် (အိုင် ၇-လုံးခေါင်းဆောင်) စာအုပ်မှ ထုတ်နှုတ်
ဖော်ပြသည်။
စာပေဝါသနာရှင်များစုစည်းရာ
သူဌေးဖြစ်တဲ့ အမျိုးသမီးတွေရဲ့ တူညီတဲ့ စည်းကမ်း ၅ ချက်
Author: Admin@Zar Ni | 10:30 AM | No comments |
၁. ကျန်းမာရေးသာလျှင် အဓိက
နေ့စဉ်နေထိုင်မှု ဘဝမှာ ကျန်းမာရေးက အဓိက ကဏ္ဏမှာ ပါဝင်ပါတယ်။
ကျန်းမာမှသာလျှင်ကိုယ့်ရဲ့ရည်မှန်းချက်ကိုအကောင်အထည်ဖော်နိုင်မှာပါ။
၂. အမြဲတမ်း ပြုံးပြုံးရွှင်ရွှင် တက်တက်ကြွကြွ နေထိုင်နိုင်ခြင်း
နေ့တိုင်းပိုက်ဆံမရှိဘူးဆိုပြီးထိုင်ပြီးစိတ်ညစ်နေလို့လဲဘာမှဖြစ်မလာပါဘူး။ဒါကြောင့်စဉ်းစားနေတာထက်ပြုံးပြုံးရွှင်ရွှင်နေတက်မှသာလျှင်လူချစ်လူခင်ပေါလာပြီး ကံကောင်းခြင်းနဲ့ အလုပ်လည်းအဆင်ပြေလာမှာပါ။
၃. ဈေးအဝယ်တော်တာကလည်း သူဌေးဖြစ်မယ့် အမျိုးသမီးတွေ အတွက် မရှိမဖြစ်တဲ့ အချက်
ပိုက်ဆံကိုချွချွေတာတာနဲ့လိုအပ်တဲ့နေရာမှာလိုအပ်သလိုအသုံးချတက်တဲ့သူဟာ သူဌေးဖြစ်ကိုဖြစ်မှာပါ။
၎. အမျိုးသမီးဖြစ်တဲ့အတွက် လှလှပပနေထိုင်ဖို့ဆိုတာဟာလဲ မမေ့နဲ့
ကိုယ်က မိန်းကလေးတယောက်ဆိုတာကိုလည်း မမေ့ထားပါနဲ့။ လှလှပပ နေထိုင်တက်တယ်ဆိုတာကလည်း အရေးကြီးတဲ့ အချက်တစ်ချက်ပါ။
၅. အိမ်ရဲ့ ဝင်ငွေထွက်ငွေ စာရင်းကိုလည်း သေသေချာချာ ပြုစုရန်
အိမ်ရဲ့လိုအပ်ချက်က ဘာလဲဆိုတာကို သေသေချာချာ လေ့လာပြီး လိုအပ်တဲ့နေရာမှာ ပိုက်ဆံကို သုံးပြီး ပိုရင်စုဖို့ဆိုတာကိုလည်း မမေ့ဖို့လိုပါတယ်။
myeyshin
Ygn News
သစ်ခုတ်သမား ပုံပြင်သစ်
Author: Admin@Zar Ni | 10:00 AM | No comments |
သစ်ခုတ်သမားသည် သူ့လှည်းပေါ်မှ ဆင်းကာလေညှင်းခံနေစဉ် လှည်းကို ကုန်းဆင်းတွင် ထားမိ၍ မြစ်အတွင်းသို့ ကျလေ၏။
ထိုအခါ ကျယ်လောင်စွာ ငိုယိုအော်ဟစ်နေသောကြောင့် မြစ်စောင့်နတ်သည် ဘွားကနဲပေါ်လာ၏။ မြစ်စောင့်နတ်သည်
ချက်ချင်းမြစ်အတွင်းမှနေ၍ မော်တော်ကားတစ်စီးနှင့်အတူပြန် ပေါ်လာ၏။
” ဒါ သင့် ပစ္စည်းလား..”
” ဟုတ်ပါတယ် ဟုတ်ပါတယ်…ဒါကျနော့်ပစ္စည်း…ဒါ….ဒါကျနော့်ဟာ အစစ်ပါ ”
ထိုအခါ မြစ်စောင့်နတ်လည်းအရမ်းဒေါသထွက်သွား၏။
” မင်းဟာတကယ်တော့ လူလိမ်လူညာပဲ။ ဒါ တရုတ်ထုတ် ချယ်ရီ ၀က်စစ်ဂွန်ကားကွ။
မင်းပစ္စည်းမဟုတ်ဘူး”
ထိုအခါ သစ်ခုတ်သမားမှ တောင်းပန်စကားဆိုလေ၏။
” အိုမြစ်စောင့်နတ်မင်း၊ ကျနော့်အား ခွင့်လွှတ်တော်မူပါ။ တကယ်လို့
ကျနော်က မဟုတ်ဘူးလို့ပြောရင် အသင်နတ်မင်းက နောက်ထပ်ရွာမ သံရည်ကြိုစက်ရုံမှ
ခိုးရောင်းသော သိန်းနှစ်ဆယ်တန် ( without) လိုင်စင်မဲ့ ကားကို
ပြပါလိမ့်မယ်။ ဒါကိုမှ ထပ်ငြင်းရင် အရှင်က ကျနော့် လှည်း အဟောင်းကြီး ကို
ပြန်ဆယ်လာမှာ သေချာပါတယ်။ ဒီလိုဆယ်လာမှ အဲဒါ ကျနော့်
လှည်းပါလို့ပြောလိုက်ရင် နိုင်ငံတော်ပေါ်လစီအရ နှစ် ၃၀ အထက်ဖြစ်နေတဲ့
ကျနော့်လှည်းဟာ စလစ်နဲ့ နောက်တစ်စီး ၀ယ်ရပါလိမ့်မယ်။ ဒါကြောင့် ပထမ
ချယ်ရီကားမှာကတည်းက ဟုတ်ပါတယ်လို့ ပြောလိုက်မိ တာပါခင်ဗျာ ”
ရဲစတိုင်း
The Myanma Age
Adobe Illustrator Lession စာအုပ်များ
Author: Admin@Zar Ni | 9:47 AM | No comments |
စာအုပ် ၁
စာအုပ်၂
စာအုပ်၃
စာအုပ် ၄
အားလုံးအဆင်ပြေ ကြပါစေဗျား
ပြသနာ ကို ဘယ်လိုဖြေရှင်းမလဲ
Author: Admin@Zar Ni | 8:30 AM | No comments |
သူတောလိုက်သွားရာကို ခေါ်သွားသတဲ့..။ တစ်နေရာလဲရောက်ရော တောင်ကမူလေးတစ်ခုမှာ ခွေးတစ်ကောင်က နေပူစာလှုံနေသတဲ့..။ဖခင်မုဆိုးကြီးက သူ့သားကိုသေသေချာချာ
ကြည့်ခိုင်းပြီးနေပူစာလှုံနေတဲ့ ခွေးကိုမထိစေပဲခွေးရဲ့ ဘေးသို့ရောက်အောင် ခဲလုံးတစ်လုံးနဲ့
ပစ်ပေါက်လိုက်တယ်..။
ပြီးတော့ ဘာရယ်ညာရယ်မှန်းမသိပေမဲ့ ခဲလုံးမှန်းတော့ သူသိတယ်..။ သူ့ကိုလာလန့်စေတဲ့
ခဲလုံးကို လိုက်ကိုက်နေတော့တယ်.။ ခွေးဟာ ခဲလုံးက သူ့ကို လာလဲ မထိဘူး ၊စားစရာလဲ
မဟုတ်ဘူးဆိုတာ သိသိကြီးနဲ့ ခဲလုံးကို ကိုက်နေတယ်..။ဒီမြင်ကွင်းကိုကြည့်ပြီး သားအဖ
နှစ်ယောက် ပြန်လာခဲ့ကြတယ်..။
နောက်တစ်ပတ်လောက်နေတော့ ဖခင်မုဆိုးကြီးဟာ သူ့သားကိုခေါ်ပြီး တောထဲကို ထွက်လာခဲ့ပြန်တယ်..။ ဒီတစ်ခါမှာတော့ သူတို့ဟာနေရာအချက်အချာကောင်းတဲ့ သစ်ပင်
ပေါ်မှာနေရာယူကြတယ်.။သူတို့နေရာယူနေတဲ့ သစ်ပင်ရဲ့ အရှေ့ဘက်မှာ ကျောက်ဂူ
တစ်ခုရှိတယ်..။ကျောက်ဂူဝမှာ ခြင်္သေ့တစ်ကောင်ဟာ နေပူစာလှုံနေတယ်.။ ဖခင်မုဆိုးကြီးက သူ့သားကို ငြိမ်ငြိမ်နေဖို့ ပြောပြီး ခြင်္သေ့ရဲ့လက်နဲ့ လည်ပင်းကြားထဲကို ခြင်္သေ့ကို မထိစေပဲ
မြားတစ်စင်း ပစ်လိုက်တယ်.။
မြားကလဲ လိုရာနေရာကို ကွက်တိပါပဲ..။ခြင်္သေ့ရဲ့ လည်ပင်းနဲ့ လက်ကြားထဲသွား
စိုက်တယ်..။
စွပ်ခနဲ့ လာစိုက်တဲ့ မြားကို ခြင်္သေ့က ဖြက်ခနဲ့ကြည့်ပါတယ်..။
ဒါပေမဲ့ ခြင်္သေ့က မြားကို ဘာမှမလုပ်ပဲ လက်ကြားထဲလာစိုက်တဲ့ မြာိးကုသေသေချာချာ
ကြည့်ပြီး ငြိမ်နေတယ်..။ခဏကြာတော့ မြားလာရာလမ်းကြောင်းကို မျှော်ကြည့်တယ်..။
ပြီးတော့ မြားကိုတလှည့် ၊မြားလာရာလမ်းကြောင်းကို တလှည့်သေချာကြည့်တယ်..။
မြားတဲကို ခြင်္သေ့က ဘာမှ မလုပ်ပဲမြားလာရာလမ်းကြောင်း၇ဲ့ အစွန်းရှိ ရန်သူကို တိုက်ခိုက်
ဖို့ရာထပြီး တလှမ်းချင်း လှမ်းပြီး လျှောက်လာတယ်.။
ဒါကြောင့်……….
ကိုယ့်ကိုခြောက်လှန့်ခံရတဲ့ ခဲလုံးကို လိုက်ကိုက်နေတဲ့ ခွေး……….။
ကိုယ့်ကို ရန်ပြုလာတဲ့မြားကို လျစ်လျူရှုပြီး မြားလာရာလမ်းကြောင်းရဲ့ ဟိုဘက်မှာရှိတဲ့
အဓိက ရန်သူကို တိုက်ခိုက်တတ်တဲ့ ခြင်္သေ့……………။
ခွေးကတော့ ခွေးပါပဲ…..ဒီလိုပဲ
ခြင်္သေ့ကလဲ ခြင်္သေ့ပါပဲ……..။.
ဒါကြောင့်မို့လဲ ခြင်္သေ့ဆိုတာ တောဘုရင်ဖြစ်နေတာပေါ့…။
လောကကြီးမှာလဲ ဒီလိုပါပဲ…
ကိုယ့်ဆီရောက်လာတဲ့ ပြဿနာတွေကို အတင်တွန်းထိုး တိုက်ခိုက်တတ်လား…။
ပြဿနာရဲ့အစကို ၇ှာပြီး ပြေလည်အောင်ရှင်းတတ်လား………..ဆိုတဲ့
လူနစ်မျိုးကွဲ သွားပါတယ်..။
ဒါကြောင့် ပြဿနာနဲ့တွေ့တိုင်း သင့်ကိုသင် မေးကြည့်ပါ……။
ငါဟာ………..ခြင်္သေ့……….လား
ခွေး………..လား…။ ။
အဖြေရလာပါလိမ့်မယ်….။ ။
Credit - Kozaw357
PannPwint
အလုပ်ခွင်မှာ ပြောင်းလဲသုံးစွဲသင့်တဲ့ စကား(၅)ခွန်း
Author: Admin@Zar Ni | 7:30 AM | No comments |
(၁) "ကျွန်တော့်အထင်တော့" ဆိုတဲ့စကားအစား ကျွန်တော့်အတွေ့အကြုံအရ ဆိုပြီး ပြောင်းသုံးပါ။
(၂) " နိုး" လို့ တန်းငြင်းမယ့်အစား "ဒီနေ့မှပဲ အလုပ်တွေများနေတယ်" လို့ ပြောင်းသုံးပါ။
အထူးသဖြင့် မင်းရဲ့ စီနီယာက အလုပ်ပိုတွေမင်းဆီ သယ်ဆောင်လာတဲ့အခါမှာပေါ့ “မလုပ်နိုင်ဘူး” လို့ တခွန်းတည်းပြောလိုက်မယ့်အစား “ဟာဗျာ ။ ဒီနေ့မှပဲ ကျွန်တော့်မှာလည်း အလုပ်တွေက ပြည့်နေတယ်” လို့ ပြောင်းလဲသုံးစွဲလိုက်ပါ။ ယတိပြတ်ငြင်းလိုက်လို့ သင့်ကို အမြင်စောင်းသွားမှာထက် စာရင်တော့ ဒီစကားက လှည့်ကွက်လေးတစ်ခုပေါ့။
(၃) "မကြိုက်ဘူး၊ မုန်းတယ်" လို့ပြောမယ့်အစား "ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် အဆင်မပြေဘူး" စသဖြင့် ပြောဆိုပါ။
တစ်စုံတစ်ယောက်ရဲ့ အထင်အမြင်ကို အမြဲတမ်းတောင်းခံလေ့ရှိတဲ့ လူတွေဟာ အလုပ်မှာဆိုရင် ပိုဆိုးပါတယ်။ သင့်ကိုလည်း ဒါကိုဘယ်လိုထင်လဲလို့ မေးလာတဲ့အခါ သင်မနှစ်သက်တာကို တိုက်ရိုက် မပြောချင်ရင် “ကျေးဇူးတင်ပါတယ်။ ဒါပေမယ့်လည်း အဆင်မပြေဘူး။ မဖြစ်သေးဘူး” လို့ ပြောင်းလဲ သုံးနှုန်းကြည့်ပါ။
(၄) "ဒါဘာကြီးလဲ" လို့ ပြောမယ့်အစား "စိတ်ဝင်စားဖို့တော့ ကောင်းပါတယ်"လို့ ပြောင်းပြောပါ။
တစ်ခါတလေ မထင်မှတ်ဘဲ၊ ရည်ရွယ်ချက်မရှိပဲနဲ့ “ဒါဘာကြီးလဲ” လို့ လွှတ်ခနဲထွက်သွားမိတတ် ပါတယ်။ အဲဒီအစားတော့ “စိတ်ဝင်စားဖို့တော့ကောင်းပါတယ်” ဆိုတာမျိုးလေး ပြောင်းသုံးကြည့်ပါ။ အဲဒီ စကားလုံးမှာ စော်ကားမော်ကား ပြုလိုတဲ့ သဘောထားတွေ မပါဝင်ဘူးဆိုတာ ထင်ရှားစေပါတယ်။
(၅) "'ဒါငါ့အလုပ်မဟုတ်ဘူး"လို့ ပြောမယ့်အစား "အဆင်ပြေမပြေတော့ မသေချာဘူး၊ ဒါပေမယ့် ကြိုးစားပေးကြည့်မယ်လေ"ဆိုတာမျိုး ပြောင်းပြောပါ။
သင်နဲ့ မဆိုင်တဲ့ အလုပ်တစ်ခုကို လာပေးတဲ့အခါ “ဒါကျွန်တော့် အပိုင်းမဟုတ်ဘူး။ ကျွန်တော့် အလုပ်မဟုတ်ဘူး” လို့ ပြောမယ့်အစား “သိပ်တော့မသေချာဘူး ။ ဒါပေမယ့် ကျွန်တော် ကြိုးစားကြည့်ပေး မယ်လို့” ဆိုလိုက်တာက သူ့အတွက် စိတ်ကျေနပ်မှု ရစေပါတယ်။ တကယ်လို့ သင်မစွမ်းဆောင်နိုင် ခဲ့ရင်လည်း ဒါဟာ နဂိုကတည်းက သင့်အပိုင်းမဟုတ်မှန်း ကြိုပြောထားပြီးသားပဲလေ။
ငယ်ပေါင်းကြီးဖော်တွေ မဟုတ်တဲ့ အလုပ်ခွင်က လူတွေနဲ့ စကားပြောရာမှာ မိသားစုလိုမဟုတ်ဘဲ သတိထားဖို့တော့ လိုပါတယ်။ ဒီအသုံးအနှုန်းလေးတွေ ပြောင်းသုံးကြည့်ရင်တော့ အလုပ်ခွင်မှာ အားလုံးနဲ့ အဆင်ပြေပြီး စီနီယာတွေကလည်း ချစ်ကြမှာပေါ့
Ref:mensxp.com
YomaLan
သားသားမီးမီးတို့မှာ ရှိထားသင့်တဲ့ အခြေခံအရည်အချင်းများ
Author: Admin@Zar Ni | 6:30 AM | No comments |
(၂) ကလေးတို့…ကားမောင်းတတ်အောင်သင်ထားရမယ်။ ဒါဟာဂုဏ်တွေ အဆင့်အတန်းတွေနဲ့ ဘာမှမဆိုင်ပါဘူး။ ကြိုက်တဲ့အချိန်မှာ ကြိုက်တဲ့နေရာကို သွားလို့ရအောင် တတ်မြောက်ထားသင့်တဲ့ အခြေခံအရည်အချင်းတစ်ခုဖြစ်လို့ပါ။ လွတ်လွတ်လပ်လပ် သွားလာနိုင်ဖို့ အာမခံချက် ရှိထားတဲ့သဘောပါပဲ။
(၃) ကလေးတို့…… ကျောင်းတက်စဉ်မှာ စာကောင်းကောင်းကြိုးစားရမယ်။ ဒါဟာရတဲ့ဘွဲ့နဲ့ ဒီဂရီနဲ့ဘာမှမဆိုင်ပါဘူး။ ဘဝရဲ့ အပိုင်းအခြားတစ်ခုမှာ ကြိုးစားဖို့အသင့်တော်ဆုံးအချိန်ပါ။ လူ့ဘဝဆိုတာ အပိုင်းအခြားရှိပါတယ်။ သင့်တော်တဲ့အပိုင်းအခြားမှာ သင့်တော်တဲ့အလုပ်ကို ကောင်းမွန် ပြီးမြောက်အောင် ဆောင်ရွက်ထားနိုင်ရင် ကလေးတွေနောက် နောင်တမရတော့ဘူးပေါ့။
(၄) ကလေးတို့….. ဝေးဝေးလံလံခရီးသွားဖူးသင့်ပါတယ်။ ခရီးများများ သွားသင့်ပါတယ်။ အဝေးသွားဖူးလေ အမြင်ကျယ်လေ စိတ်သဘောထားကြီးလေပါပဲ။ လူဆိုတာ အမြင်ကျယ်သလောက် အမျှော်အမြင်ရှိတယ်။ အမျှော်အမြင်ရှိသလောက် အလုပ်ကိုအောင်မြင်အောင် အကောင်အထည်ဖော်လို့ရတယ်။
(၅) နောင်အခါမှာ ဘယ်လောက်အခက်အခဲတွေ့တွေ့ ကောင်းကင်တစ်ခုလုံးပဲ ပြိုကျနေပါစေ မငိုယိုပါနဲ့။ မငြီးငြူပါနဲ့။ ငိုယိုငြီးငြူခြင်းဟာ မင်းကိုတကယ်ချစ်တဲ့လူတွေအတွက် စိတ်ထိခိုက်စေနိုင်သလို၊ မင်းကိုမုန်းတဲ့လူအတွက်ကျတော့လည်း လက်ညိုးထိုးစရာ အကြောင်းတစ်ခု ဖန်တီးပေးသလို ဖြစ်သွားနိုင်ပါတယ်။
(၆) ကလေးတို့…အဝေးကိုခရီးသွားခဲ့ရင် ဓာတ်ပုံကင်မရာအပြင် စက္ကူနဲ့ ဘောပင်ပါယူသွားရတယ်။ ရှု့ခင်းကို ကင်မရာနဲ့ မှတ်တမ်းတင်လို့ရတယ်ဆိုပေမယ့် အချို့ခံစားချက်နဲ့ အတွေ့အကြုံကိုကျတော့ ရေးမှတ်ထားမှ ပိုသေချာတယ်။
(၇) ငယ်ရွယ်စဉ်အခါက ဗဟုသုတကို စုဆောင်းရပါတယ်။ ကြီးလာလို့ရှိရင် အတွေ့အကြုံကို မျိုးစုံရှာထားရတယ်။ဒါမှ ကလေးတို့ဘဝက အမျော်အမြင်ရှိပြီး ပြည့်စုံမှာ။ လမ်းကွေ့လမ်းကောက် များများလျှောက်လှမ်းဖူးတဲ့လူဟာ ဖြတ်လမ်းကို အလွယ်တကူ တွေ့ရှိတတ်လေ့ရှိတယ်။
(၈) ပြုံးရွှင်တဲ့အကျင့်ရှိခြင်း၊ မိမိကိုယ်ကိုယ် မိမိ ယုံကြည်ခြင်းနဲ့ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် အကောင်းဘက်ကိုမြင်တတ်ခြင်းတို့ဟာ ကလေးတို့အတွက် အကြီးမားဆုံးသော စိတ်ဓာတ်ကြွယ်ဝမှုတွေပါ။ ဒီကြွယ်ဝမှုတွေသာ ကလေးတို့ပိုင်ဆိုင်ခဲ့ရင် ကလေးတို့ရဲ့ ဘ၀ခရီး တစ်လျှောက်လုံးအတွက် ကိုယ့်ကိုကို ပဲ့ကိုင်ထိန်းသိမ်းနိုင်ပါပြီ။
Credit & Thanks : Uncle U Aung Ko lat
ပညာရှာ၊ အလုပ်ရှာသူတို့ အတွက် မှတ်သားဖွယ် အိုင်းစတိုင်း အဆို ၂ ခု
Author: Admin@Zar Ni | 5:37 AM | No comments |
အိုင်းစတိုင်းက ပြောခဲ့တယ်... စဉ်းစားတွေးခေါ်ခြင်းက ပညာ သင်ကြားခြင်းထက် ပိုအရေးကြီးပါတယ်တဲ့။ ပညာ ကတော့သင်လိုက်တယ်။ လက်တွေလဲ အသုံးချ ပါတယ်။ သို့ပေမယ့် တွေးခေါ်စဉ်ခြင်ခြင်း၊ ဖြစ်သင့် မဖြစ်သင့်ကို စဉ်းစား ဆင်ခြင်ခြင်း မရှိပဲ စာအုပ်ကြီး အတိုင်း လုပ်နေရင် အလကား ပါပဲ။ ဒါကြောင့်မို့ Sense of imagination ကို မြင့်သထက် မြင့်နိုင်ကြဖို့ လိုအပ် ပါတယ်။
အိုင်းစတိုင်း အဆို - ၂
အဲလ်ဘတ် ဆိုင်းစတိုင်းက ပြောခဲ့ ပါတယ်။ လုပ်ဆောင်ချက် တစ်ခုကို မပြင်ပဲ ဆက်တိုက် လုပ်နေပြီး ကွဲပြားထူးခြားတဲ့ ရလဒ်ကို လိုချင်နေရခြင်းဟာ ရူးသွပ်မှု တစ်ခု ပါပဲတဲ့။
ဟုတ်ပါတယ် ရိုးရာလေး ချစ်ပရိတ်သတ်တို့။ မိမိရဲ့ လုပ်ငန်းခွင် အရည်အချင်း တိုးတက်မှု၊ ကြိုးစားမှု၊ အလုပ်ရှာဖွေရာမှာ စူးစိုက်အားထုတ်မှု၊ ပြင်ဆင်မှုတို့က မပြောင်းလဲသေးပဲနဲ့ ပိုမို ကောင်းမွန်တဲ့ အခွင့် အရေးကို မျော်လင့်နေခြင်းဟာ ရူးသွပ်မှု တစ်ခုပါပဲ။
တစ်နေ့ပြီး တစ်နေ့ မိမိရဲ့ အရည်အချင်း နဲ့ လုပ်ဆောင်ချက်များ တိုးတက်လာဖို့ ရိုးရာလေးမှ မှ ဆန္ဒပြု အကြံပေး လိုက်ရ ပါတယ်။
.
ရိုးရာလေး
လူငယ်နဲ့တာဝန်ယူစိတ်(လူထုစိန်ဝင်း)
Author: Admin@Zar Ni | 5:17 AM | No comments |
မူပိုင်ခွင့်(လူထုစိန်ဝင်း)@MMBS
Author: Admin@Zar Ni | 5:15 AM | No comments |
ရှက်စိတ်(လူထုစိန်ဝင်း)@MMBS
Author: Admin@Zar Ni | 5:05 AM | No comments |
ရူမဝမဂ္ဂဇင်းတိုများ(စိန်စိန်)@MMBS
Author: Admin@Zar Ni | 4:49 AM | No comments |
သွေး(ဂျာနယ်ကျော်မမလေး)@MMBS
Author: Admin@Zar Ni | 4:34 AM | No comments |
လေ့လာမှတ်သား စကားပြောဆိုနည်းများ
Author: Admin@Zar Ni | 4:30 AM | No comments |
၂။ ကောက်ပင်ရိတ်လှီးပြောဆိုခြင်း ~ စကားတစ်ခွန်းတည်းနှင့် အပိုင်ပြောဆိုခြင်း
၃။ ရေစီးဖောင်ဆန်ပြောဆိုခြင်း ~ စကားပြောရာ၌ လက်ဝင် ပင်ပန်းသော
စကားမျိုးပြောဆိုခြင်း
၎။ အိုးတန်ဆန်ခပ်ပြောဆိုခြင်း ~ တစ်ဖက်လူနှင့် တန်သလောက်ပြောဆိုခြင်း
၅။ ဆီပွတ်ကျည်ပွေ့ပြောဆိုခြင်း ~ တဖြည်းဖြည်း ကိုယ့်ဘက်ပါအောင် ဖွဲ့နွဲ့
ပြောဆိုခြင်း
၆။ ဆင်ဝှေ့ရန်ရှောင်ပြောဆိုခြင်း ~ တာဝန်မဲ့သော၊ ရှောင်လွှဲသောစကားကို
ပြောဆိုခြင်း
၇။ တောင်သူယာခုတ်ပြောဆိုခြင်း ~ ပြောသင့်သည်ကိုအရင်ပြောပြီး လိုရာကို
နောက်မှပြောဆိုခြင်း
၈။ ကြက်ဆုပ်ခွပ်ပစ်ပြောဆိုခြင်း ~ မိမိအသာစီးရသောအခါ အပိုင်ပြောဆိုခြင်း
၉။ ရေစစ်ကရားပြောဆိုခြင်း ~ စကားကိုချန်မထားဘဲ အကုန်ပြောခြင်း
၁၀။ ရေသာသဲတင်ပြောဆိုခြင်း ~ အရှုံးဖြင့်ပြောဆိုခြင်း
၁၁။ ခက်တင်မောင်းနင်းပြောဆိုခြင်း ~ မတင်မကျနှင့် ရှေ့မရောက် နောက်မထိုင်
ပြောဆိုခြင်း
၁။ မဟုတ်မမှန်သောစကားကို ပြောမိတတ်၏။
၂။ ကုန်းတိုက်စကားကို ပြောမိတတ်၏။
၃။ ကြမ်းတမ်းသောစကားကို ပြောမိတတ်၏။
၎။ အနှစ်မဲ့သောစကားကို ပြောမိတတ်၏။
၅။ သေလွန်သောအခါ အပါယ်သို့ကျ၏။
PannPwint
မေ့အိမ်မက်(ဂျာနယ်ကျော်မမလေး)@MMBS
Author: Admin@Zar Ni | 4:26 AM | No comments |
တန်ဖိုးထား မြတ်နိုးပါ
Author: Admin@Zar Ni | 4:05 AM | No comments |
“အသင်ဟာ ဘယ်သူလဲ..? ဘယ်နည်းနဲ့ နန်းတော်ထဲ ကျူးကျော်ဝင်ရောက်လာသလဲ”
“မထိတ်လန့်ပါနဲ့ အရှင်။ ကျွန်တော်မျိုးက နဂါးမင်းပါ။ ကျေးဇူးဆပ်ဖို့အတွက် ရောက်ရှိလာခြင်း ဖြစ်ပါတယ်”
“ဘာကျေးဇူးများလဲ”
“မနေ့က ကျွန်တော့်မျိုး သမီးလေး အရှင်ပန်းခြံထဲက ပန်းများကိုရှုစားရင်း စည်းရိုးမှာ ငြိနေခဲ့တယ်။ အရှင်ကယ်တင်ခဲ့လို့ သမီးတော်လေး နေလောင်ခြင်းမှာ လွှတ်ကင်းခဲ့ရတဲ့အတွက် ကျေးဇူးဆပ်ချင်ပါတယ်။ အရှင်လိုရာ ပြောပါ။ ကျွန်တော်မျိုး ကူညီဖို့အသင့်ပါ”
“အင်း…နန်းတော်မှာ အဖိုးတန်ပစ္စည်းတွေ အများအပြားရှိတယ်။ ဘာမှလိုလေသေး မရှိဘူးဆိုပေမဲ့ သတ္တ၀ါတို့ရဲ့ ဘာသာစကားကို အကျွန်ုပ်တတ်ချင်တယ်။ အကျွန်ုပ်က ကျေးငှက်တိရိစ္ဆာန်တွေကို ချစ်ခင်နှစ်သက်တယ်။ ဒါပေမဲ့ သူတို့ဘာတွေပြောနေမှန်း နားမလည်ခဲ့ဘူး”
“ဒါ မခက်ခဲပါဘူး အရှင်။ သူတို့ရဲ့ စကားကို နားလည်ချင်ရင် ဒီနေ့ကစပြီး သူတို့ရဲ့အသားကို မစားပါနဲ့။ သူ့အသားကိုစားပြီး သူ့စကားကို နားလည်တာမျိုးက မဖြစ်နိုင်ဘူး။ သက်သတ်လွတ်စားပြီး ခုနှစ်ရက်အတွင်း သူတို့စကားကို အရှင်နားလည်လာပါလိမ့်မယ်။ ဒါပေမဲ့ ဒီကိစ္စကို အရှင် လျှို့ဝှက်ထားရမယ်။ တစ်ယောက်ယောက်က သိသွားရင် အစွမ်းပြယ်သွားလိမ့်မယ်”
နဂါးမင်းက ပြောပြောဆိုဆို ပျောက်ကွယ်သွားတယ်။ ဘုရင်ကြီးက နဂါးမင်းပြောတဲ့အတိုင်း လိုက်နာခဲ့တယ်။ ခုနှစ်ရက်ရောက်တော့ ဘုရင်ကြီး စားပွဲတော်ခံနေတုန်း ပိုးဖလံနှစ်ကောင်ရဲ့ အသံကိုကြားလိုက်တယ်။
ပိုးဖလံတစ်ကောင်က
“တော်… ဟိုကြမ်းပြင်မှာကျနေတဲ့ ထမင်းစေ့ကို သွားကောက်ပါလား” လို့ပြောတော့ နောက်ပိုးဖလံတစ်ကောင်က “စားချင်ရင် ကိုယ်တိုင်သွားကောက်ပါလား”
“ကျုပ်မပျံနိုင်လို့ တော့်ကို ကောက်ခိုင်းတာပေါ့။ အစကတော့ ချစ်ပါတယ်ဆို ခုတော့ ထမင်းတစ်စေ့ သွားကောက်ဖို့တောင် တော်မလုပ်နိုင်တော့ဘူးလား”
“အစားပဲရှိပြီ အလှုပ်မရှိလို့ ၀နေတာပေါ့။ ၀ိတ်လျှော့ပါဆိုတော့ မလျှော့ဘူး။ ဘုရင်နဲ့ မိဖုရားရှေ့မှာ ကျုပ်ကို ထမင်းသွားကောက်ခိုင်းတာ သေခိုင်းတာနဲ့အတူတူပဲ။ ဘာလဲ မင်းနောက်မီးလင်းနေလို့ ငါ့ကို
သေကြောင်းကြံတာလား”
ပိုးဖလံနှစ်ကောင် အချီအချပြောနေတဲ့ စကားကိုကြားတော့ ဘုရင်ကြီးက မအောင့်နိုင်ဘဲ ရယ်မိတော့တယ်။ ရုတ်တရက် ထရယ်တဲ့ ဘုရင်ကို မိဖုရားက ဘာကြောင့်ရယ်တာလဲ မေးတော့ ဘုရင်က ဘာမှမဟုတ်ကြောင်း လက်ကာပြတယ်။
ထမင်းစားပြီး မိဖုရားနဲ့ ရေနွေးကြမ်းသောက်နေတုန်း အိမ်ခေါင်မိုးပေါ်က အိမ်မြှောင်နှစ်ကောင်ရဲ့ စကားပြောသံကို ဘုရင်က ကြားလိုက်မိပြန်တယ်။
“ဘေးဖယ် ရှင်မရေ..”
“ဒီလောက်ညဥ့်နက်နေပြီ ရှင်ဘယ်သွားမလို့လဲ။ ဘေးအိမ်က မုဆိုးမဆီ သွားမလို့လား”
“ဟာ.. ဒီမိန်းမ ငါဘယ်နှစ်ခါ ပြောရမလဲ။ ဘေးအိမ်ကနဲ့ ငါ ဘာမှမပတ်သက်ဘူး။ လူတကာကို မစွပ်စွဲနဲ့”
“အော်… ကျေးဇူးကန်းရဲ့.. ရှင်က သူ့ကို ကာဆီးကာဆီး လုပ်တာလား။ နေ့တိုင်းပဲ အဲဒီမိန်းမကြောင့် ကျုပ်တို့ စကားများရတယ်။ မပတ်သက်ရင် ဘာဖြစ်လို့ ခဏခဏ သွားနေရတာလဲ”
“ငါ ဘေးအိမ်ကို သွားတာမဟုတ်ဘူး။ မင်း ပူညံပူညံလုပ်လွန်းလို့ နားအေးပါးအေး အပြင်ထွက်ရှောင်မလို့.. ဖယ်စမ်းပါ”
“မဖယ်နိုင်ဘူး ရှင်ရေ… အစကတော့ ကျွန်မကို မခွဲမခွါဘဲ တစ်သက်လုံးချစ်မယ်ဆို။ အခုယူတာ တစ်လတောင် မရှိသေးဘူး။ ရှင်က ကျုပ်ကို ခွါချင်ပြီလား”
အိမ်မြှောင်နှစ်ကောင် လုံးရင်းဆန်ရင်း ခေါင်မိုးပေါ်က ပြုတ်ကျလာပြီး အမြီးတွေ ပြတ်ကုန်တယ်။ “တောက်.. ဒီတစ်လ အမြီးပြတ်တာ သုံးခါရှိပြီကွ”
ဒေါနဲ့မောနဲ့ ပြောလိုက်တဲ့ အသံကိုကြားတော့ ဘုရင်ကြီးက မအောင့်နိုင်ဘဲ ရယ်မိပြန်တယ်။ မိဖုရားက မေးတော့ ဘုရင်က ဘာမှမဟုတ်ကြောင်း လက်ကာပြပြန်တယ်။
အဲဒီနေ့ကစပြီး ဘုရင်ဟာ ရုတ်တရက် ထထရယ်နေတတ်တယ်။ ကြုံရဖန်များလာတော့ မိဖုရားက “ဘုရင်ကြီး တစ်ခုခုကို လျှို့ဝှက်ထားပုံရတယ်။ ငါ့အသက်နဲ့ မခြိမ်းခြောက်ခဲ့ရင် သူပြောပြမှာ မဟုတ်ဘူး” ဆိုပြီး ဘုရင်ကြီးရယ်တဲ့ အကြောင်းရင်းကို မပြောပြရင် ကိုယ့်ကိုအဆုံးစီရင်မယ်လို့ မိဖုရားက ခြိမ်းခြောက်တော့တယ်။
ဘုရင်ကြီးက လျှို့ဝှက်ချက်ကို မပြောပြချင်တော့ “ခဏနေအုန်း.. ကျုပ်အပြင်ထွက်ပြီး စိတ်အပန်း ဖြေလိုက်အုန်းမယ်။ ပြန်လာရင် ပြောပြမယ်” ဆိုပြီး ထွက်ခဲ့တယ်။ နန်းတော်ရဲ့ တစ်နေရာ ဆိတ်ခြံကိုတွေ့တော့ ဆိတ်နှစ်ကောင် စကားပြောနေတာကို ဘုရင်ကြီးက ကြားမိတယ်။
“ကျွန်မမှာ ကိုယ်လေးလက်ဝန်နဲ့ ကျွန်မကို ချီပိုးစမ်းပါ”
“လမ်းလျှောက်နေရက် အကောင်းကြီးကနေ ကျုပ်ကို ဘာလို့ပိုးခိုင်းရတာလဲ”
“ရှင်မပိုးရင် ကျွန်မကိုယ်ကျွန်မ သတ်သေလိုက်မှာနော်”
“ရော်… ဘယ်နှယ့် အဲဒီလို တုံးအတဲ့အတွေးရှိရတာလဲ ရှင်မရယ်။ အဲဒီစကား ဘယ်က သင်ခဲ့တာလဲ ပြောစမ်း”
“ခုနားက ဘုရင်နဲ့ မိဖုရား ပြောနေတာကို ကြားလိုက်လို့ပါ။ မိဖုရားက ကိုယ့်ကိုယ် သတ်သေ မယ်ဆိုပြီး တောင်းဆိုတာကို ဘုရင်က ချက်ချင်းပဲ လိုက်လျှောခဲ့တယ်။ ကိုယ့်ကိုယ်သတ်သေတယ်ဆိုတာ လက်နက်ကောင်း တစ်မျိုးပဲ။ ဒါကြောင့် ရှင် ကျွန်မကို အရင်ကလို ချစ်သေးလား…? မချစ်ဘူးလားလို့
စမ်းကြည့်တာ”
“ဟား…ဟား.. မင်း အရမ်းတုံးအတာပဲ။ ကိုယ့်ကိုယ်အဆုံးစီရင်တယ်ဆိုတာ ကမ္ဘာပေါ်မှာရှိသမျှ အပြုအမှုထဲက ရယ်စရာအကောင်းဆုံးနဲ့ အတုံးဆုံး။ သတ္တ၀ါတွေထဲမှာ လူတွေကလွဲရင် ဘယ်သတ္တ၀ါကမှ ကိုယ့်ကိုယ် အဆုံးစီရင်တဲ့လမ်း မရွေးဘူး။ သတ္တ၀ါတိုင်းက ကိုယ့်အသက်ကို ကိုယ်ချစ်တယ်။ ကိုယ့်အသိနဲ့ ကိုယ်အသက်ရှင်တယ်။ ကိုယ့်ကိုယ်အဆုံးစီရင်တာကို တစ်ခြားလူက ကြားခံပြီး လာသေပေးလို့မရဘူး။ လူတွေလို ကိုယ့်ကိုယ်အဆုံးစီရင်ချင်သလား..? ကိုယ့်ကိုယ် ဆိတ်ပီသအောင် ကျင့်ကြံမလား..? ကြိုက်ရာလမ်းကို ရွေးပေးတော့”
ဆိတ်ဖို ပြောစကားကို နားထောင်ပြီး ဆိတ်မ ငြိမ်ကုတ်သွားတယ်။ ဘုရင်က သူတို့ပြောတဲ့ စကားကိုနားထောင်ပြီး “ငါဟာ တိုင်းပြည်ရဲ့ အရှင်သခင်ဘုရင်လို့သာပြောတယ်။ ငါ့ရဲ့ အသိဥာဏ်က ဆိတ်တစ်ကောင်ရဲ့ အသိဥာဏ်လောက် တောင် မရှိပါလား” လို့ တွေးမိပြီး မိဖုရားကို ပြောပြဖို့ နန်းတော်ထဲ ပြန်ခဲ့တယ်။
မိဖုရားကိုတွေ့တော့ ဘုရင်က
“နှမတော်နဲ့ အတူနေချိန် မောင်တော်အမြဲရယ်ဖြစ်တာက ဟိုးအရင်က နှမတော်နဲ့အတူ ပျော်ပါးခဲ့တဲ့ အချိန်တွေကို ပြန်အောက်မေ့ သတိရမိလို့ပါ။ စားသောက်နေချိန်မှာလဲ သတိရတယ်။ အပန်းဖြေချိန်မှာလဲ သတိရတယ်။ အစဉ်အမြဲ သတိရနေလို့ပါပဲ နှမတော်”
“ဒါဆိုရင် ဘာဖြစ်လို့ အစကတည်းက မပြောတာလဲ”
“စိတ်ထဲမှာ ထားပြီး တမြေ့မြေ့နဲ့ အောက်မေ့နေရတာက ပိုချိုမြိန်တယ်လေ နှမတော်။ အမွှေးရနံ့တွေ ထည့်ထားတဲ့ ပုလင်းတစ်လုံးလိုပေါ့။ အဖုံးဖွင့်လိုက်ရင် ရနံ့တွေပြန့်လွှင့်ကုန်တယ်”
ဘုရင်ရဲ့ နားဝင်ချိုတဲ့ စကားကိုကြားတော့ မိဖုရားက ၀မ်းသာပီတိဖြစ်ရတယ်။ ဘုရင်က ရုတ်တရက် ပိုးဖလံနှစ်ကောင်ရဲ့ စကားကို ကြားလိုက်မိတယ်။
“လူတွေရဲ့ စကားချိုချို ပြောတတ်တဲ့ အကျင့်ကို အတုယူထားစမ်းပါ”
“ရှင်လဲကျွန်မကို အဲဒီလို စကားမျိုးပြောရင် ရှင့်ကိုကျွန်မ ရန်မရှာတော့ဘူး”
ဘုရင်ကြီး ရယ်လိုက်မိပြန်တယ်။
“နှစ်သက်တယ်”ဆိုတာ အချစ်ရဲ့ခပ်ဖျော့ဖျော့အရောင်လေး
“ချစ်တယ်”ဆိုတာ နှစ်သက်တာရဲ့ ခပ်ရင့်ရင့်အရောင်လေးပေါ့။
အချစ်တွေ အများကြီးရလိုက်လို့ ဘ၀ဟာ ပြီးပြည့်စုံသွားမှာ မဟုတ်ဘူး။
အချစ်တွေ အများကြီးပေးဆပ်လိုက်ရလို့ ဘ၀ဟာ ပိုတန်ဖိုးရှိသွားတာ။
လမ်းတစ်နေရာမှာ ဆုံကြတဲ့ ပုရွက်ဆိတ်လေး နှစ်ကောင်လိုပေါ့။ ကိုယ့်ခေါင်းပေါ်က အမွေးနဲ့ အချင်းချင်းထိတွေ့ နှုတ်ဆက်ကြပြီး ဆန်ကျင့်ဖက်ကို လမ်းခွဲလျှောက်ခဲ့ကြတယ်။ ဦးတည်ရာဖက်ကို တစ်ရွေ့ရွေ့ တွားသွားရင်း ကျယ်ပြန့်တဲ့ ဒီဟင်းလင်းပြင်ကြီးမှာ ခန္ဓာကိုယ်သေးငယ်တဲ့ ပုရွက်ဆိတ် နှစ်ကောင် ဘယ်နေရာမှာ ထပ်ပြန်ဆုံခွင့် ရကြမလဲ?
စကြ၀ဠာနဲ့ နှိုင်းယဉ်ကြည့်ရင် ကျွန်မတို့ လူဆိုတာ မျက်စိနဲ့တောင် မမြင်နိုင်တဲ့ အမှုန်လေးပါ။ ဘယ်နေရာ ဘယ်အချိန်မှာ ပုရွက်ဆိတ်လေးနှစ်ကောင်လို့ အချင်းချင်း ထိတွေ့ခွင့်ရနိုင်မလဲ..? နှုတ်ဆက်ခွင့်ရနိုင်မလဲ?
လူ့ဘ၀ထဲ တစ်ခါရောက်လာဖို့ လွယ်ကူပါသလား? လူချင်းတစ်ခါလောက် ရင်းနှီးနှုတ်ဆက်ဖို့ လွယ်ကူပါသလား? သူငယ်ချင်းလို့ အမည်တပ်ဖို့ လွယ်ကူပါသလား?
စကားလေး တစ်ခွန်းပါပဲ ….
“တန်ဖိုးထား မြတ်နိုးပါ”
တရုတ်စကားပုံ တစ်ခုက ဒီလိုပြောပါ တယ်။
“ရှေးကံကြောင့် မိုင်ပေါင်းထောင်ချီ ဝေးနေကြသူတွေ တွေ့ဆုံရင်းနှီးခွင့်ရကြတယ်။ ကံမပါရင် ပုခုံးချင်း ရှပ်တိုက်သွားတာတောင် ရင်းနှီးခွင့် မရဘူး”တဲ့…..
Credit - Original Writer
မေတ္တာ၏အကျိုးကျေးဇူးများ
Author: Yu Ya | 3:58 AM | No comments |
(၃) အိပ်မက်ကောင်းတွေကိုပဲ မြင်မက်နိုင်ပြီး ယုတ်ညံ့ရွံ့မုန်း ကြောက်လန့်ဖွယ် အိပ်မက်များ မမက်ရဘူး။
(၄) လူအပေါင်းက ချစ်ခင်မြတ်နိုးတယ်။
(၅) မမြင်ရတဲ့ နတ်များကလည်း ချစ်ခင်ကြတယ်။
(၆) မိဘက သားသမီးကို စောင့်ရှောက်သလို နတ်များကလည်း မေတ္တာပွားသူကို စောင့်ရှောက်ကြတယ်။
(၇) မေတ္တာဘာဝနာပွားတဲ့သူကို မီး၊ အဆိပ်၊ လက်နက်တွေရဲ့ ဘေးရန် မကျရောက်ဘူး။
(၈) မေတ္တာဘာဝနာနှင့်နေလေ့ရှိတဲ့ပုဂ္ဂိုလ်ဟာ စိတ်တည်ကြည်လွယ်ပြီး သမာဓိဖြစ်လွယ်တယ်။
(၉) မျက်နှာ အမြဲပဲ ကြည်ကြည်လင်လင်ရှိတယ်။
(၁၀) အိပ်ပျော်သွားသလိုပဲ မတွေမဝေ မပင်မပန်း သေလွန်ရတယ်။
(၁၁) နိဗ္ဗာန်ကို မရသေးသော်လည်း ယခုလူ့ဘ၀စုတေပြီးနောက် အိပ်ပျော်ရာမှနိုးလာသလိုပဲ ဗြဟ္မာ့ပြည်မှာ ဖြစ်ရတယ်။
မေတ္တာဘာဝနာပွားပြီးနေတဲ့သူဟာ အသက်ရှင်နေဆဲဘ၀မှာ လူချစ်တယ်၊ နတ်ချစ်တယ်၊ ကြံတိုင်းအောင်ပြီး ဆောင်တိုင်းမြောက်တယ်။ ဒါ့ကြောင့် မေတ္တာကမ္မဋ္ဌာန်းက ဘ၀မှာ နေဖို့ရော၊ သေဖို့ကိုပါ အားကိုးနိုင်လောက်တဲ့ ကမ္မဋ္ဌာန်းဖြစ်ပါတယ်။
မေတ္တာပွားပြီးနေတဲ့ပုဂ္ဂိုလ်တစ်ဦးဟာ ပတ်ဝန်းကျင်လောကတစ်ခုလုံးမှာရှိတဲ့ မြင်ရမမြင်ရသတ္တ၀ါအားလုံးရဲ့အကျိုးကို သယ်ပိုးဆောင်ရွက်နေသူလည်းဖြစ်တယ်။ သူ့ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်းချမ်းတယ်၊ အေးမြတယ်၊ နတ်များလည်း အချင်းချင်း ချစ်ခင်ကြတယ်ဆိုတဲ့ သာဓကတွေ အများကြီးရှိတယ်၊ ယုံယုံကြည်ကြည် ကြိုးကြိုးစားစား အားထုတ်ကြပါ။
နိုင်ငံခြားသွားပြီး အလုပ်လုပ်တဲ့သူတွေ ဘေးရန်ကင်းဖို့၊ အစိုးရဌာနတွေမှာ ကုမ္ပဏီတွေမှာ ရာထူးရဖို့၊ အထက်လူကြီးရဲ့ချစ်ခင်မျက်နှာသာပေးမှုရလာဖို့ဆိုပြီး အဆောင်တွေလက်ဖွဲ့တွေလုပ်ကြတာထက် မိမိရဲ့မေတ္တာဘာဝနာစွမ်းအားကိုသာ တင်းတင်းရင်းရင်း ၀ီရိယစိုက်ပြီး ကြိုးစားအားထုတ်လိုက်ကြပါ။ ရန်လည်းလုံ၊ လူလည်းချစ်၊ နတ်လည်းချစ်၊ စိတ်အကြံလည်း ပြီးမြောက်အောင်မြင်လို့ ပီယသိဒ္ဓိအောင်နေသူလို့ကို ဘေးက ထင်ရလာပါလိမ့်မယ်။ ဒီ့ထက်ကောင်းမွန်တဲ့ ယတြာလက်ဖွဲ့မရှိပါဘူး။
By: အရှင်ခေမာနန္ဒ(မဟာမြိုင်တောရ)
ဒီစာလေး ကို ဖတ်ပြီး လူးသားတိုင်းပေါ် မေတ္တာထားနိုင်စေရန် ပြန်လည်မျှဝေလိုက်ပါသည်
PannPwint
မေတ္တာ၏အကျိုးကျေးဇူးများ
Author: Admin@Zar Ni | 3:58 AM | No comments |
(၃) အိပ်မက်ကောင်းတွေကိုပဲ မြင်မက်နိုင်ပြီး ယုတ်ညံ့ရွံ့မုန်း ကြောက်လန့်ဖွယ် အိပ်မက်များ မမက်ရဘူး။
(၄) လူအပေါင်းက ချစ်ခင်မြတ်နိုးတယ်။
(၅) မမြင်ရတဲ့ နတ်များကလည်း ချစ်ခင်ကြတယ်။
(၆) မိဘက သားသမီးကို စောင့်ရှောက်သလို နတ်များကလည်း မေတ္တာပွားသူကို စောင့်ရှောက်ကြတယ်။
(၇) မေတ္တာဘာဝနာပွားတဲ့သူကို မီး၊ အဆိပ်၊ လက်နက်တွေရဲ့ ဘေးရန် မကျရောက်ဘူး။
(၈) မေတ္တာဘာဝနာနှင့်နေလေ့ရှိတဲ့ပုဂ္ဂိုလ်ဟာ စိတ်တည်ကြည်လွယ်ပြီး သမာဓိဖြစ်လွယ်တယ်။
(၉) မျက်နှာ အမြဲပဲ ကြည်ကြည်လင်လင်ရှိတယ်။
(၁၀) အိပ်ပျော်သွားသလိုပဲ မတွေမဝေ မပင်မပန်း သေလွန်ရတယ်။
(၁၁) နိဗ္ဗာန်ကို မရသေးသော်လည်း ယခုလူ့ဘ၀စုတေပြီးနောက် အိပ်ပျော်ရာမှနိုးလာသလိုပဲ ဗြဟ္မာ့ပြည်မှာ ဖြစ်ရတယ်။
မေတ္တာဘာဝနာပွားပြီးနေတဲ့သူဟာ အသက်ရှင်နေဆဲဘ၀မှာ လူချစ်တယ်၊ နတ်ချစ်တယ်၊ ကြံတိုင်းအောင်ပြီး ဆောင်တိုင်းမြောက်တယ်။ ဒါ့ကြောင့် မေတ္တာကမ္မဋ္ဌာန်းက ဘ၀မှာ နေဖို့ရော၊ သေဖို့ကိုပါ အားကိုးနိုင်လောက်တဲ့ ကမ္မဋ္ဌာန်းဖြစ်ပါတယ်။
မေတ္တာပွားပြီးနေတဲ့ပုဂ္ဂိုလ်တစ်ဦးဟာ ပတ်ဝန်းကျင်လောကတစ်ခုလုံးမှာရှိတဲ့ မြင်ရမမြင်ရသတ္တ၀ါအားလုံးရဲ့အကျိုးကို သယ်ပိုးဆောင်ရွက်နေသူလည်းဖြစ်တယ်။ သူ့ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်းချမ်းတယ်၊ အေးမြတယ်၊ နတ်များလည်း အချင်းချင်း ချစ်ခင်ကြတယ်ဆိုတဲ့ သာဓကတွေ အများကြီးရှိတယ်၊ ယုံယုံကြည်ကြည် ကြိုးကြိုးစားစား အားထုတ်ကြပါ။
နိုင်ငံခြားသွားပြီး အလုပ်လုပ်တဲ့သူတွေ ဘေးရန်ကင်းဖို့၊ အစိုးရဌာနတွေမှာ ကုမ္ပဏီတွေမှာ ရာထူးရဖို့၊ အထက်လူကြီးရဲ့ချစ်ခင်မျက်နှာသာပေးမှုရလာဖို့ဆိုပြီး အဆောင်တွေလက်ဖွဲ့တွေလုပ်ကြတာထက် မိမိရဲ့မေတ္တာဘာဝနာစွမ်းအားကိုသာ တင်းတင်းရင်းရင်း ၀ီရိယစိုက်ပြီး ကြိုးစားအားထုတ်လိုက်ကြပါ။ ရန်လည်းလုံ၊ လူလည်းချစ်၊ နတ်လည်းချစ်၊ စိတ်အကြံလည်း ပြီးမြောက်အောင်မြင်လို့ ပီယသိဒ္ဓိအောင်နေသူလို့ကို ဘေးက ထင်ရလာပါလိမ့်မယ်။ ဒီ့ထက်ကောင်းမွန်တဲ့ ယတြာလက်ဖွဲ့မရှိပါဘူး။
By: အရှင်ခေမာနန္ဒ(မဟာမြိုင်တောရ)
ဒီစာလေး ကို ဖတ်ပြီး လူးသားတိုင်းပေါ် မေတ္တာထားနိုင်စေရန် ပြန်လည်မျှဝေလိုက်ပါသည်
PannPwint
Author
- Lလင်း
- ကံချွန်
- ကင်းဝန်မင်းကြီး
- ကဗျာများ
- ကွန်ပျူတာဆိုင်ရာ
- ကာချင်း
- ကာတွန်းဘဂျမ်း
- ကို-တက္ကသိုလ်
- ကိုP
- ကိုစစ
- ကိုဂျေ
- ကိုရွှေတောသား
- ကလောင်စုံ
- ခင်ခင်ထူး
- ခင်မျိုးချစ်
- ခင်စောတင့်
- ခင်မောင်ညို(ဘောဂဗေဒ)
- ခင်နှင်းယု
- ချစ်စံဝင်း
- ချစ်ဦးညို
- ချစ်နိုင်(စိတ်ပညာ)
- ဂိုအင်ကာ
- ဂုဏ်ဝင်း
- ဂျက်ကွမ်းခြံကုန်း
- ဂျာနယ်ကျော်မမလေး
- ဂျူး
- စစ်ကိုင်းဦးဘိုးသင်း
- စံလိုင်
- စာပေဟောပြောပွဲ
- စိန်စိန်
- စုကြည်ထွေး
- စက္ကောမ
- စန္တမဏိ ဦးချစ်မောင်
- ဆင်ဖြူကျွန်းအောင်သိန်း
- ဆရာတော်ဦးဥတ္တမသာရ
- ဆီးဘန်နီဆရာတော်
- ဆုမြတ်မွန်မွန်
- ဇာဂနာ
- ညိုသောင်း
- ညီသစ်
- တက္ကသိုလ်စိန်တင်
- တက္ကသိုလ်တင်ခ
- တက္ကသိုလ်တင်မြင့်
- တက္ကသိုလ်နန္ဒမိတ်
- တက္ကသိုလ်ဘုန်းနိုင်
- တက္ကသိုလ်နေလင်းအောင်
- တက္ကသိုလ်နေဝင်း
- တက်တိုး
- တင်စိုး-ဘောဂဂုဏ်
- တင်မိုး
- တင်ထွေး
- တာရာမင်းဝေ
- တာတေ
- တိုက်စိုး
- ထင်လင်း
- ဒဂုန်ခင်ခင်လေး
- ဒဂုန်တာရာ
- ဒဂုန်ရွှေမျှား
- ဒသကျော်စွာ
- ဓူဝံ
- နဂါးဖြူ
- နည်းပညာဆိုင်ရာ
- နတ်ရွာမိုး
- နတ်သမီး
- နတ်နွယ်
- နီကိုရဲ
- နန္ဒ
- နန္ဒာမိုးကြယ်
- နန္ဒာသိန်းဇံ
- ပညာဒီပ
- ပန်းချီဦးဘကြည်
- ပန်းဝေဝေ
- ပဉ္စမံဒီရိုင်း
- ပါရဂူ
- ပီမိုးနှင်း
- ပုညခင်
- ပျို့
- ဖိုးသူတော်ဦးမင်း
- ဖိုးကျော့
- ဖိုးနိုင်ဝင်း
- ကြပ်ကလေး
- တြိစက္က
- ဗိုလ်ချုပ်အောင်ဆန်း
- ဗိုလ်သိမ်းဆွေ
- ဗျူး
- မင်းခိုက်စိုးစန်
- မင်းတုန်းမင်း
- မင်းတခေတ်
- မင်းဒင်
- မင်းပုည
- မင်းယုဝေ
- မင်းမြတ်သူရ
- မင်းလူ
- မင်းသိင်္ခ
- မင်းသုဝဏ်
- မင်းဇော်
- မင်းနေသွေး
- မစန္ဒာ
- မန်းတင်
- မမသဒ္ဒါမောင်
- မဟာဂီတဦးပြုံးချို
- မဟာဆွေ
- မအိုစာ
- မိုးစက်ဝိုင်
- မိုးမိုး(အင်းလျား)
- မလေးလုံ
- မျိုးမာန်
- မျိုးသူရ
- ပြည့်ပိုင်မှူးအိမ်
- မြင်းမူမောင်နိုင်မိုး
- မြင့်သန်း
- မြန်မာစကားပုံများ
- မြန်မာစွယ်စုံကျမ်း
- မြန်မာ့အလင်းသတင်းစာ
- မြဝင်း
- မြသန်းတင့်
- ရန်ကုန်ဘဆွေ
- ရန်အောင်မောင်မောင်
- ရှင်မဟာရဋ္ဌသာရ
- ရှင်မိုး
- ရှင်မြတ်နိုး
- ရာဇဝင်ကို
- ရဲဘော်ဖိုးသံချောင်း
- လကာင်္ရည်ကျော်
- လင်းညို့သွေး
- လင်းယုန်မောင်မောင်
- လင်းဝေမြိုင်
- လမင်းမိုမို
- လယ်တွင်းသားစောချစ်
- လွန်းတမှီ
- လွမ်းချင်း
- လီနင်
- လုံမ
- လူထုစိန်ဝင်း
- လူထုဒေါ်အမာ
- လူနေ
- လရောင်ကျူးရင့်
- ဝင်းတင့်ထွန်း
- ဝန်ကြီးပဒေသရာဇာ
- ဝမ်းအိုဝမ်းကျော်ဝင်းမောင်
- ဝိဇ္ဖာ
- သခင်ကိုယ်တော်မိုင်း
- သခင်ဘသောင်း
- သခင်မြတ်ဆိုင်
- သင်္ခါ
- သင်တိုင်းညို
- သည်ခေတ်နေ
- သန်းထိုက်(ရွှေရိပ်)
- သန်းဝင်းလိုင်
- သင်္ကြန်စာ
- သမိုင်း
- သျှင်မ
- သိန်းသန်းထွန်း
- သိန်းဖေမြင့်
- သိုးဆောင်း
- သူဝေး
- ဟယ်ရီပေါ်တာ
- အကြည်တော်
- အရိုး
- အာဇာနည်သွေး-ဆရာစံမြေ
- အီကြာကွေး
- အထောက်တော်လှအောင်
- ဥာဏ်ကြွယ်
- ဦးခင်မောင်ကြီး
- ဦးတိုး
- ဦးပုကလေး
- ဦးပုည
- ဦးဖိုးလတ်
- ဦးကြင်ဥ
- ဦးဘုန်း(ဓါတု)
- ဦးမြင့်ဆွေ(ဖြူး)
- ဦးလှဝင်း(လေသူရဲတစ်ဦး)
- ဦီးပေါ်ဦး
- ဦးဆောင်း
- ဦးဖေမောင်တင်
- ဦးအောင်ညွန့်ဝင်း
- ဦးအောင်လင်း
- ဦးအောင်သန်း
- ဦးအောင်နိုင်မော်
- ဦးနု
- ကောင်းမြတ်မင်း
- ကောင်းသန့်
- ကောင်းသာ
- ကျော်ထူး
- ကျော်မြသန်း
- ကျော်ဇောဦး
- ကျော်အောင်
- ခေတ်ပျိုဖြူ
- ငွေတာရီ
- ဆွေမင်း(ဓနုဖြူ)
- ဇော်ဂျီ
- ဇော်လင်း(Youth)
- ညေး
- တောင်တွင်းရှင်ငြိမ်းမယ်
- ထောင်မှူးကြီးသိန်းဝင်း
- ဒေါ်အုန်းကြည်သား
- ဒေဝတာ
- ဒေါက်တာခင်မောင်ညွန့်
- ဒေါက်တာစိုးလွင်
- ဒေါက်တာမင်းတင်မွန်
- ဒေါက်တာသန်းထွန်း
- နေစိုးထက်
- နေဘုန်းလတ်
- နေဝင်းမြင့်
- ပေါ်ဦးသစ်
- ဖေမြင့်
- ကြေးမုံသတင်းစာ
- ကြေးမုံဦးသောင်း
- မောင်ကွန်ပျူတာ
- မောင်စိန်ဝင်း(ပုတီးကုန်း)
- မောင်ဆုရှင်
- မောင်ထင်
- မောင်ထွန်းသူ
- မောင်မြတ်မိုး
- မောင်ရှင်စော
- မောင်လှမျိုး(ချင်းချောင်းခြံ)
- မောင်ဝဏ္ဏ
- မောင်သာရ
- မောင်သိန်းလွင်
- မောင်ကောင်းမြင့်
- မောင်ကျော်ရင်
- မောင်ချောနွယ်
- မောင်မောင်(ရွှေကရဝိတ်)
- မောင်မောင်ကြီး
- မောင်မောင်ပြုံး
- ရေနံသာဝင်းမောင်
- ရှေးဟောင်းကဗျာများ
- ရွှေသိင်္ခ
- ရွှေဥဒေါင်း
- ရွှေသွေးဂျာနယ်
- ဝေမူးသွင်
- ဝေယံလင်းခေါင်
- သောင်းဝေဦး
- သော်တာဆွေ
- အောင်ကိုဦး(UMK)
- အောင်ဇင်
- အောင်မြင်သူတို့အကြောင်း
- အောင်မြတ်ဦး
- အောင်ရင်ငြိမ်း
- အောင်သင်း
- အောင်ကြောင်းဖြာ
- နိုင်းနိုင်းစနေ
- နုနုရည်(အင်းဝ)
တစ်လ အတွင်းလူဖတ်အများဆုံး
-
စာအုပ်အမည် - ပေါ့ပေါ့ပါးပါးဟာသဝတ္ထုတိုများ စာရေးသူ - ကံချွန် ဖိုင်ဆိုဒ် - 1.9MB Download မြန်မာစာအုပ်ဆိုင် Fagebook Page ကို { ဒီမှာ } သွာ...
-
စာအုပ်အမည် - ချစ်ခြင်းဖြင့် အသက်ရှင် စာရေးသူ - သျှင်မ ဖိုင်ဆိုဒ် - 4.7MB ဖိုင်အမျိုးအစား - pdf Download မြန်မာစာအုပ်ဆိုင် Fagebook Page က...
-
စာအုပ်အမည် - ကြားဖူးနားဝဟာသပုံပြင်များ - ၁ (ကံချွန်) စာရေးသူ - ကံချွန် ဖိုင်ဆိုဒ် - 14.8MB Download မြန်မာစာအုပ်ဆိုင် Fagebook Page ကို { ဒ...
-
စာအုပ်အမည် - ငါးရာ့ငါးဆယ်နိပါတ်တော် စကားပြေ ဇာတ်ဝတ္ထုများ စာရေးသူ - နန္ဒာမိုးကြယ် ဖိုင်ဆိုဒ် - 18.4MB Download မြန်မာစာအုပ်ဆိုင် Fagebook Page...
-
စာအုပ်အမည် - ရင်ခုန်သံများရဲ့အမိန့် စာရေးသူ - လရောင်ကျူးရင့် ဖိုင်ဆိုဒ် - 5.0MB Download မြန်မာစာအုပ်ဆိုင် Fagebook Page ကို { ဒီမှာ } သွ...
-
စာအုပ်အည် - အဆောက်အုံလုပ်ငန်းဆိုင်ရာအင်ဂျင်နီယာလက်စွဲ စာရေးသူ - ဦးကျော်နိုင် ဖိုင်ဆိုဒ် - 9.4MB Download မြန်မာစာအုပ်ဆိုင် Fagebook Page ...
Blog Archive
-
▼
2015
(787)
-
▼
March
(422)
- ပီကာဆို၏ပဉ္စလက်မီးအိမ်(မြသန်းတင့်)@MMBS
- တောလယ်၊မောတယ်၊အပြောကြွယ်(မောင်သာရ)@MMBS
- နတ်ရူးတို့ကြောင်နိုင်ပေ(အီကြာကွေး)@MMBS
- တွေ့ ရကြုံရရှတတလေးတွေ(အီကြာကွေး)@MMBS
- ဦးဖိုးလတ်၏မြန်မာအစစာတမ်း(ဦးဖိုးလတ်)@MMBS
- အဘနဲ့ အဘရွာ
- “အောင်မြင်သူတို့၏စကား”
- သူဌေးဖြစ်တဲ့ အမျိုးသမီးတွေရဲ့ တူညီတဲ့ စည်းကမ်း ၅ ချက်
- သစ်ခုတ်သမား ပုံပြင်သစ်
- Adobe Illustrator Lession စာအုပ်များ
- ပြသနာ ကို ဘယ်လိုဖြေရှင်းမလဲ
- အလုပ်ခွင်မှာ ပြောင်းလဲသုံးစွဲသင့်တဲ့ စကား(၅)ခွန်း
- သားသားမီးမီးတို့မှာ ရှိထားသင့်တဲ့ အခြေခံအရည်အချင်း...
- ပညာရှာ၊ အလုပ်ရှာသူတို့ အတွက် မှတ်သားဖွယ် အိုင်းစတိ...
- လူငယ်နဲ့တာဝန်ယူစိတ်(လူထုစိန်ဝင်း)
- မူပိုင်ခွင့်(လူထုစိန်ဝင်း)@MMBS
- ရှက်စိတ်(လူထုစိန်ဝင်း)@MMBS
- ရူမဝမဂ္ဂဇင်းတိုများ(စိန်စိန်)@MMBS
- သွေး(ဂျာနယ်ကျော်မမလေး)@MMBS
- လေ့လာမှတ်သား စကားပြောဆိုနည်းများ
- မေ့အိမ်မက်(ဂျာနယ်ကျော်မမလေး)@MMBS
- တန်ဖိုးထား မြတ်နိုးပါ
- မေတ္တာ၏အကျိုးကျေးဇူးများ
- မေတ္တာ၏အကျိုးကျေးဇူးများ
- ♪ Digital Life Journal Issue Vol-3 ၊ Issue 47 (16....
- အောင်မြင်ချင်ရင် တစိုက်မတ်မတ်လုပ်ဖို့လိုတယ် လင်းသိ...
- ဘဝမှာ ငွေနှင့်ပညာ ယှဉ်လာပါက ပညာနောက်သာလိုက်ပါ ဆရာေ...
- အခက်အခဲကို အခက်အခဲလို့တွေးရင် အခက်အခဲထုထည်က ပိုကြီ...
- ဂန္တ၀င်စာဆိုပညာရှိလေးဦး(တိုက်စိုး)@MMBS
- အရိုင်းခေါ်သံ(ဂုဏ်ဝင်း)@MMBS
- မှော်ဆရာမှတ်တမ်း(ဒဂုန်ခင်ခင်လေး)(စ/ဆုံး)
- The Adventurers(အထောက်တော်လှအောင်)ပေါင်းချုပ်(စ၊ဆံ...
- ဆွန်ဇု၏စစ်ပညာကျမ်း(စံလှိုင်)@MMBS
- သင့်ဘ၀မှာ အခက်အခဲတွေကို အောင်မြင်ချင်ရင်…..
- လယ်သမားလိုကျင့်ကြံမလား၊ ကွန်ချက်သိတဲ့ငါးဖမ်းသူလိုက...
- ငြိမ်းချမ်းရေးဆုရှင် နယ်လ်ဆင် မန်ဒဲလား အမွေပေးခဲ့တ...
- လူ့ဘဝမှာ
- သူတို့ကို ကျေးဇူးတင်ပါ
- Computer နဲ့ အမြဲ အလုပ်လုပ်မယ်ဆိုရင်
- လူတစ်မျိုးရှိသည်
- စာဖတ်တဲ့ မိန်းကလေးတွေဟာ ကိုယ့်ကိုယ်ကို ဦးဆောင်နို...
- ဥာဏ်ကြီးရှင်တစ်ယောက်လိုဖြစ်အောင်ဘယ်လိုလုပ်မလဲ
- ဥာဏ်ကောင်းစေရန် တစ်ခုတည်းသော နည်းလမ်း
- ဥာဏ်ကောင်းစေရန် တစ်ခုတည်းသော နည်းလမ်း
- လယ်သမားလိုကျင့်ကြံမလား၊ ကွန်ချက်သိတဲ့ငါးဖမ်းသူလိုက...
- လယ်သမားလိုကျင့်ကြံမလား၊ ကွန်ချက်သိတဲ့ငါးဖမ်းသူလိုက...
- ဥာဏ်ကြီးရှင်တစ်ယောက်လိုဖြစ်အောင်ဘယ်လိုလုပ်မလဲ
- အောင်မြင်မူအတွက် အကောင်းဆုံး စကားလုံးများ
- အောင်မြင်မူအတွက် အကောင်းဆုံး စကားလုံးများ
- ဥာဏ်ကြီးရှင်တစ်ယောက်လိုဖြစ်အောင်ဘယ်လိုလုပ်မလဲ
- ငြိမ်းချမ်းရေးဆုရှင် နယ်လ်ဆင် မန်ဒဲလား အမွေပေးခဲ့တ...
- ငြင်းပယ်ခံရတဲ့ နာကျင်မှုကို ဘယ်လို ကုစားမလဲ
- ငြင်းပယ်ခံရတဲ့ နာကျင်မှုကို ဘယ်လို ကုစားမလဲ
- ငြိမ်းချမ်းရေးဆုရှင် နယ်လ်ဆင် မန်ဒဲလား အမွေပေးခဲ့တ...
- ငြင်းပယ်ခံရတဲ့ နာကျင်မှုကို ဘယ်လို ကုစားမလဲ
- အောင်မြင်မူအတွက် အကောင်းဆုံး စကားလုံးများ
- ကမ္ဘာတစ်လွှားမှ IQ အရည်အသွေး မြင့်မားလှသည့် လူသိထင်ရ...
- ဥာဏ်ကောင်းစေရန် တစ်ခုတည်းသော နည်းလမ်း
- ကမ္ဘာ့အချမ်းသာဆုံး လူငယ်လူရွယ်များ
- ဖရန့်(ဇ)ကာ(ဖ)၏စာ(မြင့်သန်း)@MMBS
- ကျွန်တော်နှင့်တခြားသူတို့၏အကြောင်းများ(မြင့်သန်း)@...
- သူရေး၍သူကြိုက်သောဝတ္ထုတိုများ(မြင့်သန်း)@MMBS
- သူဖတ်သောစာ၊ သူရေးသောစာ(မြင့်သန်း)@MMBS
- မြန်မာ့ရိုးရာလက်ဝှေ့(မြဝင်း)@MMBS
- အလွမ်းတစ်ခြင်းနှင့်ပန်းနှင်းဆီ ၀တ္ထုတိုများ(လင်းဝြေ...
- ကုတ်အင်္ကျီ(လင်းဝေမြိုင်)@MMBS
- ရဲရဲတောက် မြန်မာလုပ်ငန်းရှင်ကြီးများ(ကိုဂျေ)@MMBS
- တယော ၃လက်နှင့်တူသော လုပ်ငန်းခွင် ၃မျိုး
- အချိန်တိုအတွင်း စာများများဖတ်နိုင်မယ့် နည်းလမ်း(၆)...
- အောင်မြင်သော အင်တာဗျူးတစ်ခု ဖြစ်ဖို့အတွက် အကောင်းဆ...
- ကျောင်းအုပ်ကြီးတစ်ဦးရဲ့ ၁၁ နှစ်အရွယ် တပည့်တွေထံေ...
- ရလဒ်ကောင်းလိုချင်သူများအတွက်
- ကျော်ငြိမ်း(သိန်းဖေမြင့်)@MMBS
- ကျောင်းသားလူငယ်ပြဿနာများ(သိန်းဖေမြင့်)@MMBS
- ငွေစိန် လှေလှော်ရင်း တက်ကျိုးခြင်း(သိန်းဖေမြင့်)@MMBS
- တက်ခေတ်နတ်ဆိုး(သိန်းဖေမြင့်)@MMBS
- မော်စီတုံးတရုတ်နှင့်မြန်မာ့အချုပ်အခြာအာဏာ(သိန်းဖြေ...
- သပိတ်မှောက်ကျောင်းသား(သိန်းဖေမြင့်)@MMBS
- တက်ဘုန်းကြီး(သိန်းဖေမြင့်)@MMBS
- စစ်အတွင်းခရီးသည်(ဒု)(သိန်းဖေမြင့်)@MMBS
- စစ်အတွင်းခရီးသည်(ပ)(သိန်းဖေမြင့်)@MMBS
- ကျွန်မကနှင်းဆီပါမောင်(ပုညခင်)@MMBS
- အံသြဖွယ်ရာကျွန်းဒီပါ(ဒဂုန်ရွှေမျှား)@MMBS
- ကမ္ဘာကို ကိုင်လှုပ်သူ(ဒဂုန်ရွှေမျှား)@MMBS
- ကျောက်နားရွတ်(ဒဂုန်ရွှေမျှား)@MMBS
- ရှီပြန်လာပြီ(ဒဂုန်ရွှေမျှား)
- နေထွက်ဘုရင်မ(ဒဂုန်ရွှေမျှား)@MMBS
- ငယ်ကချစ်အနှစ်တရာနှင့်အခြားဝတ္ထုတိုများ(ဒဂုန်ရွှေမျှာ...
- အောင်မြင်သော အမျိုးသား နှင့် အမျိုးသမီးတို့၏ တူညီချက်
- သင့်စိတ်ကူး အိပ်မက်တွေကို အမြဲယုံကြည်နေသင့်တဲ့ အြေ...
- ကမ္ဘာကျော် အောင်မြင်ထင်ရှားသူတွေ ဘ၀ဖြတ်သန်းခဲ့ပုံ
- သင့်ဘ၀ကိုပြောင်းလဲနိုင်စေမယ့်ဆောင်ပုဒ် အချို့ 
- လေထဲမှာ ထင်ကျန် နေသော နာမည်များ
- အားနည်းချက်များနှင့် အားသာချက်များ (Weaknesses and...
- အသက်သုံးဆယ်အရွယ်မှာ သန်းကြွယ်သူဌေးဖြစ်အောင် ဘယ်လို...
- လိုချင်သောစိတ်သာတကယ်ရှိမယ်ဆိုရင် ရယူဖို့အတွက်နည်းလ...
- ကျောက်စရစ်ခဲလေး … ၂ ခဲ
- About Us
- အောင်မြင်ကျော်ကြားသူများ၏ လက်သုံးစကားများ
- ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံပေါ်က ဆုံးမစာ အချ...
-
▼
March
(422)