Sunday, March 15, 2015

စာဖတ်တဲ့ မိန်းကလေးတွေဟာ ကိုယ့်ကိုယ်ကို ဦးဆောင်နိုင်တယ်။



စာဖတ်တဲ့ မိန်းကလေးတွေဟာ
ကိုယ့်ကိုယ်ကို ဦးဆောင်နိုင်တယ်။
စာဖတ်နှစ်သက်တဲ့ မိန်းကလေးတွေဟာ
ပညာအရည်အချင်းမမြင့်လည်း
စာပေယဉ်ကျေးမှုတော့ရှိတယ်။
စာပေယဉ်ကျေးမှုရှိတဲ့ မိန်းကလေးတွေဟာ
အကျိုးသင့်အကြောင်းသင့် စဉ်းစားတွေးခေါ်တတ်တယ်။
ခေါင်းအေးအေးထား ဆုံးဖြတ်တတ်တယ်။
လူ့သဘောသဘာဝကို နားလည်တယ်။
စာအမြဲဖတ်သူတွေဟာ လူကြားသူကြားမှာ ထင်းထင်းရှိတယ်။
အထူးသဖြင့် ကိစ္စတစ်ခုခုဆောင်ရွက်တဲ့အခါ၊
ဖြေရှင်းတဲ့အခါ တည်ငြိမ်တယ်၊ ဣနြေ္ဒရတယ်။
စာအမြဲဖတ်သူတွေမှာ အတင်းအဖျင်းမရှိဘူးလို့
လူတချို့ကပုံဖော်ကြတယ်။ သူတို့ဟာ ကျိုးကြောင်းဆင်ခြင်မှုရှိတယ်။ တခြားသူစကားနောက် လိုက်ပါမသွားဘူး။
>>> ပညာဗဟုသုတကြွယ်ဝတဲ့ မိခင်တစ်ဦးက သားသမီးတွေကို နက်နဲတဲ့တွေးတောကြံဆမှုတွေကို ရစေတယ် <<<
ပညာဗဟုသုတကြွယ်ဝတဲ့မိခင်တစ်ဦးက
သားသမီးတွေရဲ့တွေးတောမှုကို
အကျိုးသက်ရောက်စေတယ်ဆိုရင် ပညာတတ်မိခင်က ပိုနက်နဲတဲ့တွေးတောမှုကို ပေးနိုင်ပါတယ်။
ဒါဟာ လမ်းလျှောက်သင်စ ကလေးငယ်တစ်ဦးလို လူကြီးရဲ့လက်ကိုတွဲပြီး ဖြည်းဖြည်းချင်း
လမ်းလျှောက်သင်ယူတာနဲ့ အတူတူဖြစ်တယ်။
ပညာဗဟုသုတကြွယ်တဲ့မိခင်တစ်ဦးဟာ
ကလေးငယ်မွေးဖွားစကနေ ကြီးပြင်းတဲ့အထိ
နေ့စဉ်ဘဝတိုင်း ကလေးငယ်အပေါ် နည်းနည်းချင်းစီ
သက်ရောက်နေပါတယ်။ မိခင်တိုင်းက သူတို့နည်း၊ သူတို့ဟန်နဲ့
သူတို့ သားသမီးအပေါ် သက်ရောက်နေကြတယ်။
မိခင်တိုင်းမှာ မိခင်တိုင်းရှိအပ်တဲ့ အကြင်နာတရားတွေ၊
စိတ်သဘောထားကြီးမြတ်ခြင်းတွေ၊ ကြံ့ခိုင်ခြင်းတွေ...... ရှိပါတယ်။
အဲဒီအရာတွေကို သားသမီးတိုင်း သိမြင်၊ သင်ယူတတ်ဖို့ပဲ လိုပါတယ်။

Credit to နိုင်းနိုင်းစနေ
YomaLan‬


မြန်မာအွန်လိုင်းစာအုပ်စင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ



မြန်မာအွန်လိုင်းစာအုပ်စင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ



မြန်မာအွန်လိုင်းစာအုပ်စင် မှ တင်သမျှကို { ဒီမှာ } သွားဖတ်လိုက်လိုက်ပါ




<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာအွန်လိုင်းစာအုပ်စင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>




0 comments:

Post a Comment

Author

တစ်လ အတွင်းလူဖတ်အများဆုံး

Blog Archive

..
.
...