Saturday, March 14, 2015

ရလဒ်ကောင်းလိုချင်သူများအတွက်


ပိုကောင်းတဲ့ရလဒ်ကိုလိုချင်လျှင် ပိုကောင်းတဲ့လုပ်ဆောင်မှုကိုလုပ်ပါ
By Mr. Guy
ကျွန်တော်တို့တွေ အများအားဖြင့်တွေးတတ်ကြသည်မှာ ငါဒီထက်ကောင်းတာလေးများရရင်ဘယ်လောက်များကောင်းမလဲဆိုပြီး မကြာခဏ ပတ်ဝန်းကျင်မှာမြင်ရ၊ကြားရမည်မှာထူးဆန်းမည်မဟုတ်ပါ။ ကိုယ်လိုချင်သောအရာတခုကိုရရှိပြီးပြီဆိုရင်တောင် ပိုကောင်းသောအရာကိုတောင့်တမိမှာ လူ့သဘာဝပါပင်။ အသက်အရွယ်၊ ကျား၊မ ၊ပတ်ဝန်းကျင်အပေါ်မူတည်၍ လိုချင်တောင့်တသောအရာများ၊ ဘ၀အတွက်အတတ်မက်ဆုံးအရာများ ကွဲပြားနိုင်
သော်ငြားလည်း ရလေလိုလေအိုတစ္ဆေဆိုတဲ့အတိုင်း ကောင်းသထက်ကောင်းသောအရာများကိုတောင့်တမိမှာပါ။
ပြင်းပြသောဆန္ဒများ၊ရည်မှန်းချက်များရှိသည်မှာကောင်းသော အမူအကျင့်လို့ဆိုနိုင်ပေမယ့် ဆန္ဒရှိရုံနှင့်လိုချင်သောအရာကိုရယူနိုင်ရန်မှာမူ ဖြစ်နိုင်ချေနည်းပြီး ပြောင်မြောက်သောလုပ်ဆောင်ချက်ရှိမှာသာလျှင်မိမိ၏အိပ်မက်ကိုလက်တွေ့အကောင်အထည်ဖော်နိုင်ပေမည်။
ဘ၀မှာအလွန်ကောင်းသောရလဒ်များကို လိုချင်သူများအတွက် ပြောင်မြောက်သောလုပ်ဆောင်ချက်များပြုလုပ်ရန် မိမိကိုယ်တိုင်သာတာဝန်အရှိဆုံးဖြစ်သည်။
ပိုကောင်းတဲ့ရလဒ်ထွက်ပေါ်လာရန် စိတ်ဆန္ဒရှိရုံဖြင့် ရရှိရန်မလုံလောက်ပဲ လက်တွေ့ကျသောလုပ်ဆောင်မှုဖြင့်လုပ်ဆောင်မှသာလျှင်သင်မျှော်လင့်ထားသလိုဖြစ် လာနိုင်မှာပါ။
အောက်ပါအချက်အလက်များကိုလိုက်လံ လုပ်ဆောင်နိုင်မယ်ဆိုရင်တော့ သင့်အတွက်ရလဒ်ကောင်းများပေါ်ထွန်းလာမှာပါ။
တုံ့ပြန်နေကျပုံစံများကိုပြောင်းလဲပါ- ပြီးဆုံးခဲ့သောကိစ္စများကိုတာဝန်တစ်ခုအဖြစ် သတ်မှတ်ခြင်းကိုမေ့လျော့ထားပြီး အနာဂတ်တွင်သင်ရွေးချယ်လုပ်ဆောင်မယ့် အရာများ၏တာဝန်ကိုအပြည့်အ၀ယူရန် သင်ကိုယ်တိုင်သာဖြစ်သည်။ ယခင်ထိရောက်မှုနည်းသောလုပ်ဆောင်ချက်များကို ထိရောက်ပြောင်မြောက်သော လုပ်ဆောင်ချက်များဖြင့်ပြောင်းလဲပါ။ ကိုယ်ပိုင်ဘ၀ကိုထိန်းချုပ်နိုင်သော အရာ ၃ခုရှိသည်။ အဲဒါတွေကတော့ အတွေး၊အမြင်နှင့်လုပ်ဆောင်ချက်တို့ဖြစ်သည်။ ထိုသုံးချက်ဖြင့် သင့်ဘ၀အတွက်အတွေ့အကြုံ အဆိုး၊အကောင်းများကိုပုံဖော်ပေးနိုင်မှာပါ။ အဆိုးများကြုံလာခဲ့သည်ရှိသော် ထိုအဆိုးသံသရာမှာရုန်းထွက်နိုင်ဖို့ လုပ်ဆောင်ရန်မှာသင့်ပေါ်မှာသာလျှင်မူတည်သည်။ အဆိုးဘက်ကနေ အကောင်းဘက်ကိုရောက်အောင်လုပ်ဆောင်ရန် လိုအပ်သည်။
‘သင့်သည်’ ဆိုသော်စကားလုံးကိုရှောင်ပါ- အချိန်အတော်အများများမှာ ငါဒါကိုလုပ်သင့်ပါလားလို့ တွေးမိခဲ့လျှင် သင်လျှောက်လှမ်းချင်သော၊မျှော်လင့်နေသော လမ်းကြောင်းများနှင့်လွဲချော်ဖို့ပိုနီးလာလေဖြစ်မှာပါ။ ဥပမာအားဖြင့် ကျွန်တော် ကိုယ်အလေးအချိန်လျှော့ရန် အားကစားလုပ်’သင့်’တယ် ဒါပေမယ့် အားကစားလုပ်ရန်အလွန် ပင်ပန်းနေပြီဟုဆင်ခြေဖြစ်ပေါ်လာလျှင် ကိုယ်အလေးအချိန်ကျချင်သောမူလရည်မှန်းချက်ကို အကောင်အထည်ဖော်ရန်အလှမ်း
ဝေးနေတော့ပေမည်။ ထို့အပြင် ကိုယ်လိုချင်သောအရာတစ်ခုကို အခြားလူတစ်ဦးထံမှာ တောင်းခံပြီး သူ့ကျွန်တော်ကိုဒါလေးတော့လုပ်ပေး’သင့်’တယ်။
သူလုပ်ပေးမှဖြစ်မယ်ဆိုတဲ့အသိရှိနေမယ့်အစား ကိုယ်ကိုတိုင်ရယူနိုင်အောင်စွမ်းဆောင်နိုင် မည် ဆိုရင်ပို၍ကောင်းမည်မဟုတ်လော။
ခံယူထားသောလားရာကို အာရုံစိုက်ဦးတည်ပါ- သင့် ရည်မှန်းချက်တစ်ခုအတွက် ဦးတည်ရာလမ်းခရီးကိုရောက်အောင်တွန်းပို့နေတဲ့ အဓိက ကဘာလဲ။ အရင်သိအောင်လုပ်ပါ။ တိကျရှင်းလင်းသော ပန်းတိုင်ကိုမြင်တွေ့ရပြီဆိုရင် ဖြောင့်ဖြောင့်တန်းတန်း လျှောက်နိုင်အောင် အားစိုက်ပါ။ ဘယ်လိုအခက်အခဲတွေနဲ့
ကြုံပါစေ။ မူလရည်မှန်းချက်ကိုအပျက်မခံပဲ ခရီးအဆုံးထိ အရောက်လှမ်းနိုင်ပါစေ။
ကျွန်တော်တို့တွေကောင်းသောရလဒ်ကိုတောင့်တနေမယ့်အစား တကယ်ရလာအောင် ကိုယ်ပိုင်စွမ်းအားများကို ထိရောက်စွာအသုံးချပြီးရလဒ်ကောင်းများ ကိုအမိအရဆွတ်ခူးကြပါစို့။

Ref: Entrepreneur
World Myanmar(world-myanmar.com)
Mr. Guy ရေးသားသောဆောင်းပါးများနှင့်ပတ်သတ်၍ အကြံပေး ဆွေးနွေးလိုသူများ အောက်ပါလင့်ခ်တွင်တိုက်ရိုက်ဆက်သွယ်နိုင်ပါကြောင်း အသိပေးလိုပါတယ်။
https://www.facebook.com/profile.php?id=100005524216303&fref=ts

မြန်မာအွန်လိုင်းစာအုပ်စင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ



မြန်မာအွန်လိုင်းစာအုပ်စင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ



မြန်မာအွန်လိုင်းစာအုပ်စင် မှ တင်သမျှကို { ဒီမှာ } သွားဖတ်လိုက်လိုက်ပါ




<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာအွန်လိုင်းစာအုပ်စင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>




0 comments:

Post a Comment

Author

တစ်လ အတွင်းလူဖတ်အများဆုံး

Blog Archive

..
.
...