Sunday, March 15, 2015

ကျောင်းအုပ်ကြီးတစ်ဦးရဲ့ ၁၁ နှစ်အရွယ် တပည့်တွေထံ ပေးစာ

ကျောင်းတိုင်းကျောင်းတိုင်းမှာတော့ ဆရာမတွေဟာ သူတို့တပည့်တွေကို အစွမ်းကုန် ကြိုးစားစေချင်ကြပါတယ်။ စာမေးပွဲကို ရလဒ်ကောင်းကောင်း ဂုဏ်ထူးတွေတစ်သီတစ်တန်းနဲ့ အောင်မြင်ကြစေချင်ပါတယ်။
ဒါပေမဲ့ ဘဝမှာ ကျောင်းပညာရေးထက် အရေးကြီးတာတွေရှိတယ်လို့ ဆုံးဖြတ်ထားတဲ့ မူလတန်း ကျောင်းအုပ်ဆရာမကြီး တစ်ယောက်ကတော့ စာမေးပွဲရလဒ်တွေနဲ့ ပက်သက်ပြီး မစိုးရိမ်ဖို့ သူချစ်တဲ့တပည့်တွေဆီ စာရေးခဲ့ပါတယ်။
Image and video hosting by TinyPic
လက်ထောက်ကျောင်းအုပ် Amy Birkett နှင့် ဆရာမကြီးရဲ့ စာမူရင်း
ကျောင်းအုပ်ဆရာမကြီး Rachel Tomlinson က သူ့တပည့် ၁၁ နှစ်သားလေးတွေဆီ ရေးခဲ့တဲ့ဒီစာဟာ Twitter မှာ ပျံ့နှံ့သွားခဲ့ပြီး အချို့အသုံးပြုသူတွေကတော့ ပညာရေးဝန်ကြီး Nicky Morgan ဖတ်သင့်တဲ့စာလို့ဆိုပါတယ်။
ဆရာမကြီး Rachel Tomlinson ဟာ အင်္ဂလန်နိုင်ငံ Lancashire ကောင်တီ Nelson မြို့ Barrowford မူလတန်းကျောင်းက ကျောင်းအုပ်ကြီး ဖြစ်ပါတယ်။
Image and video hosting by TinyPic
ကျောင်းအုပ်ဆရာမကြီး Rachel Tomlinson 
တပည့်တစ်ယောက်ချင်းဆီကို သူပို့ခဲ့တဲ့စာကတော့…
ချစ်လှစွာသော…………..,
ကျေးဇူးပြု၍ ခင်ဗျားရဲ့ KS2 တန်း (သုံးတန်း) စာမေးပွဲ ရလဒ်တွေကို ကြည့်ပါ။ ခက်ခဲလွန်းတဲ့ ဒီအပတ်ထဲမှာ ခင်ဗျားအကောင်းဆုံး ကြိုးစားခဲ့ပြီး ကြီးမားတဲ့ စိတ်အားထက်သန်မှုတွေကိုပြခဲ့တဲ့အတွက် ကျွန်မတို့ ဂုဏ်ယူပါတယ်။
ဒါပေမဲ့ ကျွန်မတို့အလေးထားနေတာက ဒီစာမေးပွဲတွေဟာ ခင်ဗျားတို့ တစ်ဦးတစ်ယောက်တိုင်းကို အကဲဖြတ် မပေးနိုင်ဘူးဆိုတာပါပဲ။ ဒီစာမေးပွဲ ဒီအမှတ်တွေကို ဖန်တီးခဲ့တဲ့လူတွေက ခင်ဗျားကို မသိပါဘူး။ ခင်ဗျားဆရာရဲ့ စာသင်ပုံကိုလည်း မသိပါဘူး။ ခင်ဗျားမိဘတွေရဲ့ ပုံစံကိုလည်း မသိပါဘူး။ ခင်ဗျားတို့ တော်တော်များများဟာ ဘာသာစကား နှစ်မျိုးလောက် ပြောတတ်တယ်ဆိုတာကိုလည်း မသိပါဘူး။ ခင်ဗျား ဂီတ ပစ္စည်းတစ် ခုခုတီးတတ်တယ်၊ ခင်ဗျား ကတတ်တယ် ဒါမှမဟုတ် ပုံတစ်ပုံ ဆွဲတတ်တယ်ဆိုတာကို သူတို့က မသိပါဘူး။ ခင်ဗျား သူငယ်ချင်းတွေက ခင်ဗျားကို အားကိုးကျတယ်ဆိုတာ ဒါမှမဟုတ် ခင်ဗျားဟာသတွေက ပျင်းစရာကောင်းတဲ့ နေ့တွေမှာတောင် လန်းဆန်းသွားစေတယ်ဆိုတာကို သူတို့ မသိပါဘူး။ ခင်ဗျားက ကဗျာတွေ ဘာတွေရေးတယ်၊ အားကစားတွေ ဘာတွေလုပ်တယ် ဒါမှမဟုတ် အနာဂတ်အကြောင်း စဉ်းစားတတ်တယ် ဒါမှမဟုတ် တစ်ခါတစ်ခါ ကျောင်းကပြန်တဲ့အခါ မောင်လေးတွေ ညီမလေးတွေကို ဂရုစိုက်တတ်တယ်ဆိုတာ သူတို့မသိပါဘူး။ တကယ်ကောင်းတဲ့ နေရာတွေကို ခင်ဗျား ခရီးထွက်ဖူးတယ်ဆိုတာ ဒါမှမဟုတ် ဇာတ်လမ်းကောင်းကောင်း ပြောတတ်တယ်ဆိုတာ ဒါမှမဟုတ် မိသားစု၊ သူငယ်ချင်းတွေနဲ့ အတူတူနေရတာကို သဘောကျတယ်ဆိုတာ သူတို့မသိပါဘူး။ သူတို့မသိပါဘူး ခင်ဗျားက ယုံကြည်ရတဲ့လူ၊ ကြင်နာတတ်တဲ့လူ ဒါမှမဟုတ် တွေးတွေးဆဆ နေတတ်တဲ့လူဆိုတာ၊ နေ့စဉ်နေ့တိုင်း ခင်ဗျား အကောင်းဆုံး ကြိုးစားတယ်ဆိုတာ………ခင်ဗျားရတဲ့ အမှတ်တွေက  ခင်ဗျားကို တစ်ခုခုပြောပြပါလိမ့်မယ်။ ဒါပေမဲ့ အားလုံးကို မပြောပြနိုင်ပါဘူး။
ဒါကြောင့် ခင်ဗျားရလဒ်တွေကိုကြည့်ပါ ၊ဂုဏ်ယူပါ။ ဒါပေမဲ့ သတိရပါ ဘဝမှာ လူတော်ဖြစ်ဖို့နည်းလမ်းတွေ အများကြီးရှိတယ်ဆိုတာ…………………..။

ဖိုးသူတော်


မြန်မာအွန်လိုင်းစာအုပ်စင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ



မြန်မာအွန်လိုင်းစာအုပ်စင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ



မြန်မာအွန်လိုင်းစာအုပ်စင် မှ တင်သမျှကို { ဒီမှာ } သွားဖတ်လိုက်လိုက်ပါ




<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာအွန်လိုင်းစာအုပ်စင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>




0 comments:

Post a Comment

Author

တစ်လ အတွင်းလူဖတ်အများဆုံး

Blog Archive

..
.
...