အလုပ်မှာ ဘယ်လိုလုပ်ဖော်ကိုင်ဖက်တွေကို ရှောင်သင့်လဲ ???
၁။ အရှေ.တမျိုးကွယ်ရာတမျိုးပြောတတ်တဲ့သူ
- အဆိုးဆုံးပါပဲ။ ရှောင်ရမယ့်အမျိုးအစား နံပါတ် ၁ ပါ။ သင်ကအလုပ်နဲ.ပတ်သက်တာ၊ အလုပ်ရှင်နဲ.ပတ်သက်တာ၊ အလုပ်ဖော်အချင်းချင်းနဲ.ပတ်သက်တာတွေကို သူ.ကိုယုံကြည်လို.ရင်ဖွင့်ပြောဆိုမိတာတွေရှိပါမယ်။ အဲ့လိုကိုယ်ကပြောပြမိတာကို ရှေ.မှာကျတော့ ကိုယ်နဲ.လိုက်ပြီးပြောဆိုနေပြီး ကိုယ့်နောက်ကွယ်ကျတော့ ကိုယ်ပြောတဲ့သူတွေကိုပြန်အတင်းချတတ်တဲ့သူမျိုးပါ။ တခါတလေဆိုကိုယ်ကမပြောတာကိုတောင် ကိုယ်ပြောပါတယ်ဆိုပြီးနောက်ကွယ်မှာပြန်ပြောတတ်တဲ့လူဆို သင်ဒုက္ခလှလှရောက်ပြီလို.သာမှတ်ပါတော့။ ဒီလိုလူမျိုးကိုဘယ်လိုဆက်ဆံရမလဲဆိုတော့ သူ.ရှေ.မှာဘယ်သူ.အကြောင်းမှမပြောမိဖို.ပါပဲ။ သူကအစပြုပြီးပြောလာရင်တောင်ကိုယ်ကနားပဲထောင်ပေးပါ။ ကိုယ်ကသူနဲ.စကားနည်းတာကို တခြားလုပ်ဖော်ကိုင်ဖက်တွေ မြင်လာတာနဲ.အမျှလည်းကိုယ်မပြောတာကိုပြောပါတယ်လို.ချောက်တွန်းဖို.မလွယ်တော့ပါဘူး။
၂။ ညာခိုင်းလွန်းတဲ့သူ
- အလုပ်အတူတူလုပ်ကြတဲ့အခါမှာအချင်းချင်းကူညီရတာမျိုးကရှိစမြဲပါ။ ဒါပေမယ့် သူ.တာဝန်ကိုသူကျတော့ကောင်းကောင်းမလုပ်ချင်ဘဲ ကိုယ့်ကိုအချိုသပ်ပြီးညာခိုင်းချင်တဲ့သူမျိုးကတော့ ရှောင်သင့်တဲ့လူထဲမှာပါပါတယ်။ သူနဲ.ဆက်ဆံတဲ့အခါမှာတော့ သူအကူအညီတောင်းပြီးခိုင်းလာတဲ့အခါမှာ ဖြစ်နိုင်ရင်အကျင့်လုပ်ပြီးလုပ်မပေးပါနဲ.။ ဘယ်လိုမှငြင်းလို.မကောင်းလွန်းမှသာလုပ်ပေးပါ။ ငြင်းရတာကိုမကြောက်ပါနဲ.။ " ငါဘယ်လိုမှကိုမအားလို.ပါ " လို.သာပြောပြီးငြင်းလိုက်ပါ။ တခြားမဟုတ်တဲ့ဆင်ခြေတွေလည်းမပေးပါနဲ.။
၃။ လေကြီးလေကျယ်ပြောလွန်းတဲ့သူ
- ဒီလိုလူမျိုးကရှောင်စရာအရမ်းကြီးမလိုပါဘူး။ ဒါပေမယ့်တခါတလေသူလေကြီးလေကျယ်ပြောလွန်းတော့ သင်စိတ်ရှုပ်စိတ်နောက်ပြီး စိတ်ဖိစီးမှုတွေရှိလာနိုင်ပါတယ်။ သူနဲ.ဆက်ဆံတဲ့အခါမှာတော့ သူလေကျယ်သမျှကိုနားသာထောင်ပေးလိုက်ပါ။ တတ်နိုင်ရင်သူကျေနပ်အောင် သူကသိပ်တော်တာပဲလို.ပါချီးကျူးပေးလိုက်ပါ။ ဒါဆိုသင်လည်းမျက်နှာရသလို သူလည်းစိတ်ချမ်းသာသွားပါလိမ့်မယ်။ သင့်ကိုထိခိုက်နိုင်တာမျိုးမှမဟုတ်တာ။
၎။ လေးစားမှုမရှိ၊ ရိုင်းပျလွန်းတဲ့သူ
- သင့်ကိုအသိအမှတ်မပြုဘဲ ရိုင်းရိုင်းပျပျပြောတတ် ဆက်ဆံတတ်တဲ့သူမျိုးဆိုရင် သည်းညည်းခံ ပေါင်းသင်းနိုင်ပါ့မလား? ဖြစ်နိုင်ရင်တော့ရှောင်ပါ။ ဘာလို.လဲဆိုတော့ဘေးပတ်ဝန်းကျင်ကပါ သင့်ကို သူ.လိုရိုင်းပျတတ်တဲ့ စရိုက်ရှိသူလို. ထင်လာနိုင်ပါတယ်။ တတ်နိုင်ရင်သူ.ကိုလည်း နားဝင်အောင်ဖြည်းဖြည်းချင်းပြောပြပါ။ ဘယ်အပြောအဆိုတွေ၊ အပြုအမူတွေက ရိုင်းပျလွန်းတယ်၊ မလုပ်သင့်ဘူးဆိုတာကိုပေါ့။
၅။ အပြစ်ပုံချတတ်တဲ့သူ
- လူဆိုတာကိုယ့်တာဝန်ကိုယ်ယူတတ်ရပါတယ်။ ပိုဆိုးတာက အလုပ်မှာဆိုရင် ကိုယ့်အလုပ် ကိုယ့်တာဝန်ကိုပိုနားလည်ပြီး ပိုလေးစားသင့်ပါတယ်။ ဒါပေမယ့်လူဆိုတာမျိုးကလည်း ကိုယ့်အပြစ်ကိုသူများအပြစ်လွှဲချဖို.ကိုပိုအားသန်ပါတယ်။ အလုပ်မှာဆိုပိုလို.တောင်ဆိုးပါသေးတယ်။ ပြသနာတတ်ရမှာကြောက်တော့ ကိုယ့်အမှားကို သူ.အမှား၊ ကိုယ့်တာဝန်ကို သူ.တာဝန်၊ ကိုယ့်အပြစ်ကို သူ.အပြစ် ပိုလုပ်တတ်ကြပါတယ်။ အဲ့လိုလူမျိုးကိုရှောင်ပါ။ တတ်နိုင်ရင် ကိုယ့်တာဝန်ကိုယ့်အလုပ်ကဘာလဲဆိုတာကို အများအမြင်မှာပါ ထင်ရှားသိသာအောင်လုပ်ထားပါ။ ဒါမှ သူအပြစ်လွှဲချလို.မရအောင် ကိုယ့်ဘက်ကသေချာနေမှာလေ။
၆။ စွပ်စွဲတတ်တဲ့သူ
- ကိုယ့်ဘာသာနေတာကိုအလကားနေရင်းစွပ်စွဲတာမျိုး ဘယ်သူကမှမကြိုက်ပါဘူး။ ပိုဆိုးတာက အလုပ်တာဝန်ပိုင်းနဲ.ပတ်သက်ပြီး " ဒီအမှားကနင်လုပ်ခဲ့တာမဟုတ်လား " " ဒီပရောဂျက်က နင်ကိုင်ခဲ့တာသေချာတယ် " အစရှိသဖြင့်အစွပ်စွဲခံရတာမျိုးရှိလာရင် ကြာလာရင် အလုပ်ရှင်ကပါသင့်ကိုအထင်လွဲလာနိုင်ပါတယ်။ သင်မလုပ်မှန်းသိပေမယ့် အကြိမ်အရေအတွက်တော်တော်များများစွပ်စွဲနေရင် သံသယတွေစ၀င်လာနိုင်ပါတယ်။ ဒီလိုလူမျိုးနဲ.ပြသနာမဖြစ်အောင်လည်း အစကပြောဖူးသလိုပဲ ကိုယ့်တာဝန်ကိုယ့်အလုပ်ကို သိသာထင်ရှားအောင် အများကမြင်ပါစေ။
အထက်ကဖော်ပြထားတဲ့ လူမျိုးတွေကတော့ အလုပ်ခွင်မှာသင့်အတွက်အကျိုးရှိစေနိုင်ဖို.သိပ်မဖြစ်နိုင်သလို သင့်ဘက်က အနေအထိုင်တစ်ချက်မတတ်တာနဲ.ထိခိုက်မှုတော်တော်များများ ရှိလာနိုင်ပါတယ်။ အဲ့တာကြောင့် ရှောင်သင့်တဲ့သူကိုရှောင်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။
ဖိုးသူတော် (www.phothutaw.com)
Credit: Work.com
<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာစာအုပ်ဆိုင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>
0 comments:
Post a Comment