“လူအချင်းချင်းကဲ့ရဲ့ခြင်းကင်းရှင်းကြပါစေ”
ကဲ့ရဲ့တယ်ဆိုတာ အဓိကအားဖြင့် (၂)မျိုးရှိပါတယ်။ပထမတစ်မျိုးကနောက်ကွယ်မှာကဲ့ရဲ့တာ၊
ဒုတိယတစ်မျိုးက လူကြားသူကြားမှာပေါ်တင်ကဲ့ရဲ့တာပါ။ သူတစ်ပါးရဲ့အားနည်းချက်ကို
လူကြားထဲမှာထောက်ပြပြီး အနိုင်ယူတာမျိုးပါ။ ဘ၀မှာအကဲ့ရဲ့ခက်ဖူးတဲ့သူတွေလည်းအများ
ကြီးရှိမှာပါ။ အကဲ့ရဲ့ခံရတဲ့အခါ ဘယ်လိုခံစားရပါသလဲ? တကယ်တော့ သူများရဲ့အားနည်းချက်
ကိုကဲ့ရဲ့ပြီးစကားအနိုင်ယူတတ်တဲ့သူမျိုးတွေက အထင်ကြီးစရာတစ်စက်မှ မရှိပါဘူး။ သူတို့က
ဒီအတိုင်းအရည်အချင်းနဲ့မပြိုင်နိုင်လို့ သူတစ်ပါးရဲ့ရုပ်ပိုင်း ဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာအားနည်း
ချက်တွေကို ရှာဖွေပြီးတိုက်ခိုက်တာပါ။
ကဲ့ရဲ့တဲ့သူမှာလည်း(၂)မျိုးရှိပါတယ်။ ပထမတစ်မျိုးကသူတို့ကိုယ်တိုင် ချောမောပြီး ဘ၀မှာ
ပြည့်စုံခဲ့တဲ့သူတွေပါ။ သူတို့က “အားနည်းချက်” ဆိုတာဘယ်လိုစာလုံး ပေါင်းလဲမသိခဲ့ပါဘူး။
ဒုတိယတစ်မျိုးကတော့ ပိုဆိုးပါတယ်။ သူကိုယ်တိုင်းလည်း အကဲ့ရဲ့ခံရဖူးတယ်။ သူများကို
လည်း မှိုချိုမျှစ်ချိုးကဲ့ရဲ့တယ်။ ပထမတစ်မျိုးက ကဲ့ရဲ့မခံရဖူးလို့ ကဲ့ရဲ့တာနားလည်ပေးလို့ရ
ပါတယ်။ သူတို့ဘ၀မှာ ဘယ်တုန်းကမှ အကဲ့ရဲ့မခံခဲ့ဖူးတော့ ကဲ့ရဲ့ခံရတဲ့အရာသာကို
နားမလည်တာကို လက်ခံပေးလို့ ရပါတယ်။ ဒါပေမယ့် ဒုတိယအမျိုးအစားကတော့
တော်တော်ဆိုးပါတယ်။ သူတို့လည်း အကဲ့ရဲ့ခံဖူးတယ်။ သူများကိုလည်း လိုက်ကဲ့ရဲ့တတ်
တယ်။
ကျွန်တော့်ဘ၀မှာအများကြီးအကဲ့ရဲ့ခံခဲ့ရဖူးပါတယ်။ ဒါပေမယ့် ကျွန်တော် ပြန်မကဲ့ရဲ့ပါဘူး။
သူငယ်ချင်းအရင်းကြီးတွေလောက်ပဲ ပြောင်တာနောက်တာ ရှိပါတယ်။ ဒါတောင်
ကျွန်တော်အခုအရမ်းသတိထားပါတယ်။ သူတို့ပြောပေမယ့် ကျွန်တော်ပြန်မပြောမိအောင်
အမြဲကြိုးစားပါတယ်။ တကယ်တော့ အဲ့လိုကဲ့ရဲ့တဲ့ သူတွေမြင်ရတာ ကိုယ့်ရဲ့အရင်ဘ၀က
ပုံစံကို ပြန်မြင်နေရသလိုပါပဲ။ကိုယ်ကိုယ်တိုင်လည်း သူများကို အဲ့ဒိလိုကဲ့ရဲ့ခဲ့လို ပြန်ကဲ့ရဲ့ခံ
ရတာပါ။ ဒါကိုမှကိုယ်ကပြန်ကဲ့ရဲ့အုံးမယ်ဆိုရင်တော့ နောက်ဘ၀တွေအထိပြီးတော့မှာ
မဟုတ် ပါဘူး။ ကျွန်တော်အရင်ကထက်အများကြီးရင့်ကျက်လာခဲ့ပါပြီ။ ကဲ့ရဲ့တဲ့သူတွေ
ကိုလည်း စိတ်ထဲတောင်မထားတော့ပါဘူး။ ဒီတော့သူငယ်ချင်းတို့လည်း ဘ၀မှာအကဲ့ရဲ့ခံ
ခဲ့ဖူးမှာပါ။
ကဲ့ရဲ့ခံသူများအတွက်………………..
-အကဲ့ရဲ့ခံရတဲ့အခါတိုင်းသတိရပါ။ သူတို့ကဲ့ရဲ့သလို သင်လည်းကဲ့ရဲ့ဖူးလို့ ဒီလိုပြန်ခံစားနေ
ရတာပါ။
-ဘယ်တော့မှပြန်မကဲ့ရဲ့ပါနဲ့။
-စိတ်ထဲမထည့်ပါနဲ့။ ကဲ့ရဲ့တယ်ဆိုတာ သင်သူ့စိတ်ထဲမှာရှိနေလို့ပါ။ သင့်ကိုယ်အရေးတယူ
နဲ့ကဲ့ရဲ့တယ်ဆိုတာ သင့်ကို စိတ်ဓာတ်ကျစေချင်လို့ပါ။ သူ့ထက်သာမှာကြောက်လို့ပါ။
ဒီတော့ သူကသူ့ကိုယ်သူမယုံကြည်တဲ့သူပေါ့။ ကဲ့ရဲ့တာကိုပြန်ပြောမယ့်အစား သင့်ဘ၀မှာ
သူ့ထက်သာကြောင်းကို လက်တွေ့ လုပ်ပြပါ။ ဒါပေမယ့်ဘယ်တော့မှ ရန်ငြိုးမထားပါနဲ့။
ကျေးဇူးတင်ပါ။ သူကသင့်ကို Motivationပေးခဲ့တာပါ။
ကဲ့ရဲ့သူများအတွက်………………….
-တစ်ခါမှဘ၀မှာအကဲ့ရဲ့မခံရဖူးလို့ သင်ကဲ့ရဲ့နေတယ်ဆိုရင်တော့ ဘာမှမပြော လိုပါဘူး။
ကျွန်တော်ရော အဲ့လိုပတ်ဝန်းကျင်မှာမွေးဖွားခဲ့ရင်ဘယ်လိုဖြစ်မလဲဆိုတာမပြောနိုင်ပါဘူး။
-ဗုဒ္ဓဘာသာတစ်ယောက်ဆိုရင် ကဲ့ရဲ့ခြင်းကဘယ်လောက် ငရဲကြီးလဲဆိုတာ သင်သတိရပါ။
သင်ကဲ့ရဲ့နေတဲ့သူတစ်ယောက်လို သင်ဖြစ်မှာကိုသတိရပါ။
အခြားဘာသာတွေမှာလည်း ရှိကောင်းရှိမှာပါ။
-မကဲ့ရဲ့ရမနေနိုင်ရင်ရှေ့တင်တော့မကဲ့ရဲ့ဖြစ်အောင်ကြိုးစားပါ။
“သင်ပြုသောကံ သင့်ထံပြန်လာမည်” Buddha
“Action တိုင်းမှာ Reaction ရှိတယ်” Sir Isaac Newton
လူအချင်းချင်းကဲ့ရဲ့ခြင်း ကင်းရှင်းကြပါစေ။
မိုးရှင်း (I.M.T)
<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာစာအုပ်ဆိုင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>
0 comments:
Post a Comment