Friday, January 23, 2015

အကြွေပန်းပေမဲ့ ရွှေနန်းတော့ထိုက်ချင်တယ်

ပန်းတပွင့်ဧ။်နိယာမ
ဖူးမယ်
ပွင့်မယ်
နွမ်းမယ်
ပြီးတော့ကြွေမယ်။
သဇင်တို့ လိုပင်မြင့်မှာနေ
တော်ဝင်တဲ့ပန်းတော့မဟုတ်ဘူး
အကြွေပန်းပေမဲ့ ရွှေနန်းတော့ထိုက်ချင်တယ်။
ဝေရင်လည်းမွေး
ကြွေရင်လည်းမွေး
နွမ်းရင်လဲမွေးတုန်းပါကွယ်။
လေအဝှေ့ မှာ ကြွေလွင့်တဲ့ ပန်းခရေ
ကောက်ယူကာသီကုံး
ဘုရားမှာလည်းတင်
ခေါင်းမှာလည်းဆင်
ပန်းဘုရင်တော့မဟုတ်ပေမဲ့….
နွမ်းရင်လည်းသိမ်းထားပါအုံးမယ်….။     ။
 
မောင်စိန်ဝင်း (ပုတီးကုန်း)

0 comments:

Post a Comment

Author

တစ်လ အတွင်းလူဖတ်အများဆုံး

Blog Archive

..
.
...