Friday, January 23, 2015

ချဉ်ပေါင်ညို (လွမ်းချင်း)

အယဉ်ငယ်ကြီးပါတဲ့၊ ဇနီးရယ်ပျော်လို၊ ဖျဉ်းနားတိုတွင်၊ ချဉ်ပေါင်ညိုပေါ်စဖူးရယ်နှင့်၊ ငါးလူးငယ်မျှင်မျှင်၊ ကြေးမသင် ရေလုံပြုတ်ပါလို့၊ အင်ကုပ်ကယ်ကျယ်ကျယ်နှင့်၊ မင်းဘွယ်စိုးရလောက်ပေလေး ။ ။

လယ်ထွန်ပြန်တွင်၊ နွားကန်ပစ်ချ၊ ဆာမွတ်ချိန်ကျသော်ကြောင့်၊ ဆံစလိပ်ခွေ၊ ဖားလျားဝေနှင့်၊ အိမ်နေသူ့သက်ပန်၊ ချက်ပြောင်းဆန်ကို၊ တပန်းကန်ကုန်အောင်၊ တက်တက်သာပြောင်တော့၊ ကိုတောင်သူ့အနေ၊ ဗိုက်ဝမ်းရေ ပတ်လည်ကျ ရယ်နှင့်၊ ယဉ်လှတယ်လေး။ ။


(ဦးဆောင်း)

0 comments:

Post a Comment

Author

တစ်လ အတွင်းလူဖတ်အများဆုံး

Blog Archive

..
.
...