Monday, March 16, 2015

♪ Digital Life Journal Issue Vol-3 ၊ Issue 47 (16.3.15) ♫

Click to download

Digital Life ဂျာနယ်ကို အပတ်စဉ် တင်္နလာနေ့တိုင်းတင်ပေးသွားမှာဖြစ်ပါတယ်ဗျာ။ Digital Life ဂျာနယ် ကိုဖတ်ချင်သူများအတွက်မူရင်းဆိုဒ်က နေပြီး ဒေါင်းလုပ်လင့်ကိုတင်ပေးလိုက်တာပါဗျာ။ Digital Life ဂျာနယ်ဝယ်ဖတ်စရာမလိုတော့ဘူးပေါ့။ အခုအပတ်မှာ Digital Life Journal Vol(3), Issue (47) ကို တင်ပေးလိုက်ပါတယ်ဗျာ။ 16-March ရက်နေ့ထွက်ပါ။ ဂျာနယ်ကိုဝယ်ဖတ်ရန်အတွက် အဆင် မပြေသောနေရာဒေသမှသူငယ်ချင်းများအားလုံးအဆင်ပြေကြပါစေဗျာ။

Credit to ==> https://www.facebook.com/MyanmarDigitalLife


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။



မြန်မာအွန်လိုင်းစာအုပ်စင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ



မြန်မာအွန်လိုင်းစာအုပ်စင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ



မြန်မာအွန်လိုင်းစာအုပ်စင် မှ တင်သမျှကို { ဒီမှာ } သွားဖတ်လိုက်လိုက်ပါ




<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာအွန်လိုင်းစာအုပ်စင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>




အောင်မြင်ချင်ရင် တစိုက်မတ်မတ်လုပ်ဖို့လိုတယ် လင်းသိုက်ညွန့် (မြန်မာ့မြေ)


စာရေးသူအနေနဲ့ စာရေးသူရဲ့ အလုပ်အကိုင်အရ ဘ၀အောင် မြင်ရေး ဟောပြောပွဲတွေ၊ ဘ၀ အောင်မြင်ရေးသင်တန်းတွေကို အမြောက်အမြား သင်ကြားဟော ပြောပို့ချဖြစ်ခဲ့ပါတယ်။ လူတော်တော်များများဟာ ဘ၀အောင်မြင်ရေး ဟောပြောမှုတွေ၊ ဘ၀အောင် မြင်ရေးသင်တန်းတွေကို တက်ရောက်ပြီးကြတဲ့အခါမှာ စိတ်ဓာတ် မြင့်မားတက်ကြွသွားကြတာ ချည်းပါပဲ။ ဒါပေမဲ့လေး၊ ငါးရက်၊ တစ်ပတ်လောက်ကြာတဲ့အခါ မှာတော့ ဒုံရင်းကဒုံရင်းပဲ ပြန်ဖြစ်သွားကြတယ်လို့ပြောကြပါတယ်။
          ဘ၀မှာ အောင်မြင်ချင်ရင်တော့ စာရေးသူတို့အနေနဲ့ စာရေး သူတို့ရဲ့ စိတ်အားထက်သန်မှုကို အမြဲမပြတ် တစိုက်မတ်မတ်ရှိနေဖို့ အားထုတ်ကြရပါမယ်။ ကောက်ရိုး မီးလိုမျိုး တဒင်္ဂ စိတ်အားထက် သန်မှုမျိုးနဲ့တော့ ကြီးကျယ်တဲ့ အောင်မြင်မှုတွေကို မရရှိနိုင်ပါဘူး။
          စိတ်အားထက်သန်မှု (Motivation)က ဘ၀မှာ သင့်ကို ရှေ့ကို ဆက်သွားစေပါတယ်။ ဒါပေမဲ့ တိကျသေချာတဲ့အစီအစဉ်နဲ့ တစိုက် မတ်မတ် အားထုတ်မှုကတော့ စာရေးသူတို့ကို ကြီးထွား (Grow) ဖြစ်စေမှာဖြစ်ပါတယ်။ အောင်မြင်ချင်သူတစ်ဦးဟာ သူအောင်မြင်ချင် တဲ့အကြောင်းကိစ္စ လုပ်ငန်းနယ် ပယ်မှာ တစိုက်မတ်မတ် ကြိုးစား အားထုတ်ဖို့ မဖြစ်မနေလိုအပ်ပါ တယ်။ သင့်မှာ ပင်ကိုဗီဇ(Talent) ဘယ်လောက်ရှိတယ်။ သင့်မှာ အခွင့်အရေး ဘယ်လောက်ရှိတယ် ဆိုတာက အဓိကမကျပါဘူး။ သင်ဘယ်လောက် တစိုက်မတ်မတ် ကြိုးစားအားထုတ်သလဲ ဆိုတာက သာ အဓိကကျပါတယ်။ အောင်မြင်မှုရဲ့ အဓိကသော့ချက်ကတော့ မိမိကိုယ်ကို အဖက်ဖက်မှာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေဖို့ တစိုက်မတ်မတ် ကြိုးစားအားထုတ် နေဖို့ပါပဲ။
"သေးသေးလေးတွေက စ,ပါ"
          အောင်မြင်ချင်သူ တော်တော် များများရဲ့ အဓိကအမှားက စစ ချင်းမှာ အလွန်အကျွံအား ထုတ်ကြိုးပမ်းတာပါပဲ။ မိမိရဲ့ဖွံ့ဖြိုးတိုး တက်မှုအတွက် စစချင်းမှာ မနိုင်ဝန်ထမ်းပြီး အလွန်အကျွံအား ထုတ်ခြင်းရဲ့ရလဒ်က ဘာပါလဲ .. စိတ်ပျက်အားလျော့ပြီး စိတ်ဓာတ် ကျဆင်းခြင်းပါပဲ။ စစချင်းမှာ သင့် အနေနဲ့ အလွန်အကျွံ အားထုတ် ကြိုးပမ်းလေလေ၊ ကျဆုံးဖို့ နီးစပ် လေလေပါပဲ။ အကောင်းဆုံးကတော့ တစ်ပိုင်တစ်နိုင် လုပ်နိုင်ကိုင် နိုင်တဲ့ သေးသေးလေးတွေက စတင်လုပ်ကိုင်အောင်မြင်ခြင်းအားဖြင့် မိမိကိုယ်ကို ယုံကြည်မှုကို တည်ဆောက်ယူဖို့ ဖြစ်ပါတယ်။
"သည်းခံပါ"
          ဒီကနေ့ လူငယ်တော်တော်များ များဟာ အိုင်တီခေတ်မှာ မွေးဖွားလာကြတဲ့ လူငယ်တွေပီပီ ဒီကနေ့လုပ်ရင် မနက်ဖြန် အောင်မြင်ချင်ကြပါတယ်။ တကယ်တမ်း မှာတော့ ညတွင်းချင်း ချက်ချင်း အောင်မြင်လာတယ်ဆိုတာ နတ်သမီး ပုံပြင်တွေထဲမှာပဲ ရှိပါတယ်။ အောင်မြင်မှုအတွက် အဓိက ရန်သူနှစ်ယောက် ရှိပါတယ်။ အဲ့ဒါကတော့ “သည်းမခံနိုင်မှု” နဲ့ “လောဘ” ပါ။ သည်းခံမှုရှိဖို့ လိုပါတယ်။ အ ရာအားလုံးဟာ မလွယ်ကူခင်က ခက်ခဲကြတာချည်းပါပဲ။
"ပုံမှန်ဆောင်ရွက်ပါ"
          ဘ၀ရည်မှန်းချက်ဆိုတာက နှစ်စဉ်ရည်မှန်းချက်တွေနဲ့ ဖွဲ့စည်း တည်ဆောက်ထားတာပါ။ အဲ့သလိုပါပဲ၊ နှစ်စဉ်ရည်မှန်းချက်ဆိုတာကလည်း လစဉ်ရည်မှန်းချက်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထား တာပါ။ အဲ့သလိုပါပဲ လစဉ်ရည် မှန်းချက်ဆိုတာကလည်း နေ့စဉ် ရည်မှန်းချက်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာ ဖြစ်ပါတယ်။ နေ့စဉ်ရည်မှန်းချက်ဆိုတာကလည်း သင့်ရဲ့ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်လုပ်ကိုင်ခြင်းတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာ ဖြစ်ပါတယ်။ သင့်ရဲ့ဘ၀ရည်မှန်းချက် အောင်မြင်ဖို့ ယခုပင်အား ထုတ်ဆောင်ရွက်လုပ်ကိုင်လိုက်ပါ။ ဒီကနေ့ဟာ သင့်ရဲ့ဘ၀ အောင် မြင်မှုအတွက် မရှိမဖြစ် အုတ်တစ်ချပ် ဖြစ်ပါတယ်။ သင့်ရဲ့အားထုတ် လုပ်ကိုင်မှုနဲ့ စိတ်အားထက်သန်မှုဟာ အစဉ်အမြဲဒွန်တွဲနေဖို့ လိုအပ်ပါတယ်။
          သင့်ရဲ့ရွေးချယ်မှုဟာ သေးသေးလေးပဲ ဖြစ်နေပါစေ၊ နေ့စဉ် နေ့စဉ် စဉ်ဆက်မပြတ် တစိုက်မတ်မတ် အားထုတ်လုပ်ကိုင်ပါ။ အချိန် ကြာလာတာနဲ့အမျှ သင့်ရဲ့ဘ၀မှာ ကွဲပြားခြား နားတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပါလိမ့်မယ်။ သင့်ရဲ့နေ့ စဉ် ဆောင်ရွက်လုပ်ကိုင်မှုတွေကို မပြောင်းလဲသရွေ့ သင့်ရဲ့ဘ၀ဟာ ဘယ်တော့မှ ပြောင်းလဲလာမှာ မဟုတ်ပါဘူး။
          ကောင်းမွန်တဲ့ အပြုအမူတွေ၊ အားထုတ်မှုတွေကို တစိုက်မတ်မတ် အားထုတ်ဆောင်ရွက်ဖို့ လိုသလို သင့်အနေနဲ့ တစ်ဖက်မှာ လည်း မကောင်းတဲ့ အလေ့အကျင့်တွေ၊ အပြုအမူတွေကို သင့်ရဲ့ ဘ၀ထဲက တဖြည်းဖြည်း ဖျောက်ဖျက်ပစ်နိုင်ဖို့လည်း လိုအပ်ပါတယ်။ သေချာတာကတော့ မကောင်းတဲ့ အလေ့အကျင့်တစ်ခုဟာ ဘယ်တော့ မှ သူ့အလိုလို ပျောက်ပျက်သွား ရိုးထုံးစံ မရှိပါဘူး။ သင်က အားထုတ်ပြီး ဖျောက်ဖျက်ပစ်မှသာ ရနိုင်မှာ ဖြစ်ပါတယ်။
"ရည်မှန်းချက်(Goal)ထက်ကြီးထွားမှု(Growth)ကို အာရုံစိုက်ပါ"
          သင့်အနေနဲ့ ရည်မှန်းချက် (Goal) ကိုသာ အာရုံစိုက်ပြီး အားထုတ် လုပ်ကိုင်နေမယ်ဆိုရင် တစ်ခါတစ်ရံ သင့်ရဲ့ရည်မှန်းချက် မပြည့်ဝတဲ့ အခါ စိတ်ဓာတ်ကျဆင်းနိုင်ပါတယ်။ သင့်အနေနဲ့ ဘ၀မှာ ရည်မှန်းချက်တိုင်း ပြည့်ဝဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
          ကြီးထွားမှု (Growth) အပေါ်ကို အာရုံစိုက် ကြိုးစားအား ထုတ်လုပ်ကိုင်မယ်ဆိုရင်တော့ ရည်မှန်းချက်တွေ မပြည့်ဝခဲ့ရင်လည်း ဖွံ့ဖြိုးတိုးတက်ကြီးထွားမှုကတော့ ရှိနေတဲ့အတွက် စိတ်ကျေနပ် မှုရရှိစေနိုင်မှာ ဖြစ်ပါတယ်။
          ဘ၀မှာ အမြဲတမ်းရည်မှန်းချက်တွေ ပြည့်ဝအောင်မြင်နေအောင် အားထုတ်လုပ်ကိုင်နိုင်မှာ မဟုတ်ပေမဲ့ အမြဲတမ်းဖွံ့ဖြိုးတိုးတက်နေ အောင်တော့ အားထုတ်လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ ဘ၀မှာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးအောင်မြင်နေချင်တယ်ဆိုရင် ပန်းတိုင်တစ်ခု တည်းကိုပဲ မကြည့်ဘဲ ခရီးစဉ် တစ်ခုလုံးကို ခြုံငုံကြည့်ရှုနိုင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ 

We Must Work Together!
We Must Build Our Naton!
လင်းသိုက်ညွန့်(မြန်မာ့မြေ)


မြန်မာအွန်လိုင်းစာအုပ်စင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ



မြန်မာအွန်လိုင်းစာအုပ်စင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ



မြန်မာအွန်လိုင်းစာအုပ်စင် မှ တင်သမျှကို { ဒီမှာ } သွားဖတ်လိုက်လိုက်ပါ




<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာအွန်လိုင်းစာအုပ်စင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>




ဘဝမှာ ငွေနှင့်ပညာ ယှဉ်လာပါက ပညာနောက်သာလိုက်ပါ ဆရာနေလင်းအောင်






““ဆရာ ကျွန်တော်ဘာလုပ်ရမှန်းလည်း မသိတော့ဘူး... ဆုံး ဖြတ်ချက်ချဖို့  ဒွိဟဖြစ်နေသည်။ ကျွန်တော်ဘာလုပ်သင့်သလဲတဲ့””
အဲဒီစကားကို  ကြားမိလိုက် သောအခါ ကျွန်တော့်ဘ၀ လူငယ်ပုံ ရိပ်တချို့ကို ပြန်လည်သတိရမိသည်။
သာမန်မိသားစုမှ ပေါက်ဖွားလာသော ကျွန်တော်သည် Nay Lin Aung Accountancy School ကို တည်ထောင်နိုင်ခဲ့သည်။ ကျွန် တော့် ရည်မှန်းချက်အတွက်ဒွိဟများ နဲ့အတူ အလွန်ဆုံးဖြတ်ရခက်တဲ့ အခြေအနေ များစွာနှင့်ရင်ဆိုင်ခဲ့ရသည်။ ဖြတ်သန်းခဲ့သော နေ့ရက်များ ကို အမှတ်ရနေသေးသည်။ အဖေ့ လစာနှင့်ပင် ကျွန်တော်တို့ မိသားစု ရပ်တည်နေနိုင်ခဲ့ပြီး ကျွန်တော် ၁၀ တန်းအောင်ချိန် ““၈၈၈၈ အရေးခင်း ကာလ”” ကျွန်တော် အရေးခင်းထဲ ၀င်ပါမိခဲ့သည်။
ထိုရလဒ်ကြောင့်ပင် ကျွန်တော့် အဖေ အလုပ်လက်မဲ့ဖြစ်ခဲ့ရသည်။ ကျွန်တော်တို့ မိသားစုအတွက်တော့ ညာလက်တစ်ဖက်ဆုံးရှုံးလိုက်ရ သလိုပင်။ ထို့ကြောင့် မိသားစုအားလုံး  စားဝတ်နေရေးအတွက် အလုပ်လုပ်ခဲ့ ရသည်။ ဒီလိုနှင့်စက်မှု (၁) ၀န်ကြီး ဌာနတွင်တာလီသစ်တိုင်းစာရေး ၀င်လုပ်ခဲ့သည်။ ကျွန်တော်လစာအပြင်  အပိုဝင်ငွေပါရသောကြောင့် ထိုခေတ် က ဒေါ်လာပေါက်ဈေး ၂၀၀ ခေတ် တွင်ပင် ကျွန်တော့်ဝင်ငွေမှာ တစ်နေ့ တစ်ထောင်လောက်ရခဲ့သည်။ အရေး အခင်းအပြီးတက်္ကသိုလ်များ ပြန်ဖွင့် လာချိန်တွင် ကျွန်တော့်အတွက် ဆုံးဖြတ်ရခက်ခဲ့သည်။ ကျောင်းဆက် တက်ရမလား...   အလုပ်ပင် ဆက်လုပ်ရမလားဟူသည့် အတွေးများက ကျွန်တော်၏ အာရုံထဲတွင် ဝေခွဲမရဖြစ်ခဲ့သည်။
ကျွန်တော့်ဘ၀အတွက်တစ်ခုခု ကိုပြတ်ပြတ်သားသားရွေးချယ်ရမည် ဖြစ်သောကြောင့် ခေါင်းစားခဲ့ရသည်။ သာမန်ဝင်ငွေရသည့်  အလုပ်ဆိုလျှင်ပင် ကျွန်တော်ဤမျှ ခေါင်းစားခဲ့မည် မဟုတ်ပါ။  ကျွန်တော့်မိဘများကတော့ ကျွန်တော့်ကို ကျောင်းဆက် တက်ရန် အားပေးခဲ့သော်လည်း ကျောင်းစရိတ်ပေးရန် မတတ်နိုင်ကြပါ။ ကျွန်တော် ဒွိဟများနှင့်အတူ ဆုံးဖြတ်ချက်ချရန် တွေဝေနေခဲ့သည်။ ထိုအချိန်တွင် အားလပ်ချိန် တိုင်းဖတ်ခဲ့သော စာအုပ်စာပေတွေရဲ့ ကျေးဇူးကြောင့်ငွေထက်ပညာနောက် ကိုလိုက်ရန် ဆုံးဖြတ်ခဲ့ပြီး ကျောင်းဆက်တက်ခဲ့သည်။ ကျောင်းတက်ရန် ဆုံးဖြတ်ချက်ချပြီး လက်တွေ့တွင် ကျောင်းစရိတ်ရှာရန်ကျွန်တော် ကြိုးပမ်းရပေတော့မည်။
ကျွန်တော့်အတွက်တော့အခက် ခဲဆုံးအချိန်တွေ ဖြစ်လာခဲ့သည်။  ထိုအချိန်တွင် ရန်ကုန်တက္ကသိုလ်တွင် အဆောင်မှူးလုပ်နေသော ဦးလေး ထံမှအကူအညီ ရခဲ့သည်။ ကျွန်တော် ကျောင်းလည်းတက်ရင်း ညစောင့် လည်းလုပ်ရင်းနှင့်  လက်တလော အခက်အခဲကို  ဖြေရှင်းနိုင်ခဲ့သည်။ ဒီလိုနှင့်ပင်  ကျွန်တော်စီးပွားရေး တက္ကသိုလ်မှ B.Com ဘွဲ့ ရခဲ့သည် အထိညစောင့်လုပ်ရင်း ကျောင်းတက် ခဲ့သည်။
အခက်အခဲများကြားမှ ပညာရေးမှတ်တိုင်တစ်ခုဖြစ်သည့် ဘွဲ့ရပြီး ပြီးချင်း ကျွန်တော်ဘဏ် (၁)ခုမှာ အလုပ်ဝင်လုပ်ခဲ့သည်။ ဘဏ်မှာ ၀င်ငွေကောင်းသောကြောင့် ကျွန်တော့် အတွက် အဆင်ပြေခဲ့သည်။
၁ နှစ်အကြာတွင် CPA တက်ရန် အကြောင်းဖန်လာခဲ့သည်။ကျွန်တော် အလုပ်နှင့်ပညာကို နောက်တစ်ကြိမ် ရွေးချယ်ရတော့မည်။နောက်တစ် ကြိမ် ဝေခွဲမရဖြစ်မိသည်။  ဆုံးဖြတ်ချက် မှန်မှန်ကန်ကန်ချနိုင်ရန် ကျွန်တော့် ဘ၀အတွက် အရေးကြီးသည့် အချိန်တိုင်းတွင်စာဖတ်ခြင်းမှရသော အသိဉာဏ်ဖြင့်ပင်ကျွန်တော်ကိုယ် ကျွန်တော် ပြန်သုံးသပ်မိသည်။ ကျွန်တော် စီးပွား ရေးတက္ကသိုလ်တက်မည့် ရည်ရွယ်ချက်မှာ CPA တက်ရန် ဖြစ်သည်။ စာပေကျေးဇူးကြောင့်ပင် ကျွန်တော်ခက်ခဲသည့် ဆုံးဖြတ်ချက်တစ်ခုကို နောက်တစ်ကြိမ် ချနိုင်ခဲ့သည်။
ကျွန်တော်ဘဏ်မှအလုပ်ထွက် ပြီး CPA စတက်ခဲ့သည်။ ကျွန်တော် CPA Part I အပြီး သူငယ်ချင်းတွေကို Study guide ပြန်လုပ်ခဲ့သည်။ CPA ပြီးတော့ ကျွန်တော် ကုမ္ပဏီတစ်ခုတွင် စာရင်းကိုင်ချုပ် ၀င်လုပ်ခဲ့ပြီး တစ်ဖက်တွင်လည်း စာသင်ခဲ့သည်။ ထိုအချိန်မှစ၍  စာသင်ခြင်းမှာ ကျွန် တော်၏၀ါသနာတစ်ခု  ဖြစ်ခဲ့သည်။
ကုမ္ပဏီအလုပ်လုပ်ရင်း စာသင်သောကြောင့် ကျွန်တော်ကုမ္ပဏီအလုပ်ဖက်တွင် လစ်ဟာမှုများရှိခဲ့သည်။ အလုပ် (၂)ခုလုံးတွင် အောင်မြင်မှုမရှိခဲ့ပေ။ ထို့ကြောင့် မိမိကိုယ်ကို SWOT Analysis လုပ်ခြင်းဖြင့် ကျွန်တော်၏အားနည်းချက်နှင့် အားသာ ချက်များကိုပြန်လည်သုံးသပ်ခဲ့သည်။ ထိုသို့ SWOT Analysis  လုပ်ခဲ့ခြင်းမှာ စာပေရဲ့ကျေးဇူး၊ စာပေရဲ့ တွန်းအားကြောင့်ပင်ဖြစ်သည်။ ဒီလိုနှင့် ၁၉၉၈ ခုနှစ်တွင် NLA Finance & Accountancy Academy သင်တန်း ကျောင်းကို စတင်တည်ထောင်ခဲ့ သည်။ ကျောင်းသား (၂၀) ၀န်းကျင်ဖြင့် စတင်ခဲ့သော သင်တန်းကျောင်းသည်  ယခုအခါ နှစ်စဉ်ထူးချွန် ကျောင်းသား/ကျောင်း သူများစွာ မွေးထုတ်ပေးနိုင်သည်ကို တွေ့ရသည့်အခါ ကျွန်တော်များစွာ ၀မ်းသာပီတိ ဖြစ်ခဲ့ရပါသည်။
ကျွန်တော့်ဘ၀တွင် ဆုံးဖြတ်ချက်ချရန် စဉ်းစားရသည့်အချိန်တိုင်းတွင် စာပေမှရသော အသိဉာဏ်များကြောင့်ပင် မှန်မှန်ကန်ကန်ဆုံးဖြတ် နိုင်ခဲ့သည်။ ကျွန်တော်ရဲ့စာဖတ်သည့် ၀ါသနာကို အဖေကပင် ပျိုးထောင် ပေးခဲ့သည်။
ငယ်စဉ်ကပင် ရွှေသွေး၊ မိုး သောက်ပန်း၊ တေဇဂျာနယ်များကို အပတ်စဉ်ဝယ်ယူပြီး ကျွန်တော့်အား ဖတ်စေခဲ့သောကြောင့် ငယ်စဉ်ကပင် စာအုပ်စာပေများနှင့်  ရင်းနှီးခဲ့သည်။ စာဖတ်ခြင်းအကျိုးကား ကျွန်တော့် ဘ၀အတွက်အကြီးမားဆုံးအထောက် အကူပြုခဲ့သည်။  ပညာသင်ချိန်နှင့် အောင်မြင်မှုရရှိရန်  ကြိုးစားခဲ့ရသည့် အချိန်များသည်ကျွန်တော့်ဘ၀အတွက် အခက်ခဲဆုံးသောအချိန်များ ဖြစ်ခဲ့သည်။ ဇွဲကောင်းကောင်းဖြင့် ကြိုးစား မှသာ အောင်မြင်မည်ကို သိသော ကျွန်တော်သည် နောက်မဆုတ်ဘဲ ဖြစ်လာသမျှ အခက်အခဲတွေကို ဘ၀ရဲ့ စိန်ခေါ်မှုအဖြစ် သတ်မှတ်ခဲ့သည်။ ထို့ကြောင့်အခက်အခဲတွေကြုံလာတိုင်း ကျွန်တော်စာပေမှရသောအသိကြောင့် ပညာနောက်ကိုလိုက်ရင်း မိမိကိုယ်ကို SWOT Analysis လုပ်ခြင်းဖြင့် ရှေ့ဆက်ရမည့်လမ်းကြောင်းကို ရှာနိုင်ခဲ့သည်။
ကျွန်တော့်ဘ၀ရဲ့အချိုးအကွေ့တိုင်းတွင်စာပေမှရသော အသိဉာဏ် ဖြင့်ဆုံးဖြတ်ချက်ချနိုင်ခဲ့သောကြောင့် စာပေ၏အကျိုးကား ကျွန်တော့်ဘ၀ကို ပြောင်းလဲစေခဲ့သည်။

နေလင်းအောင်
 JOB seekers Journal Vol.3, No.30



မြန်မာအွန်လိုင်းစာအုပ်စင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ



မြန်မာအွန်လိုင်းစာအုပ်စင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ



မြန်မာအွန်လိုင်းစာအုပ်စင် မှ တင်သမျှကို { ဒီမှာ } သွားဖတ်လိုက်လိုက်ပါ




<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာအွန်လိုင်းစာအုပ်စင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>




အခက်အခဲကို အခက်အခဲလို့တွေးရင် အခက်အခဲထုထည်က ပိုကြီးသွားလိမ့်မယ် ဆရာနေဇင်လတ်


ဆရာနေဇင်လတ်သည် ဗိသုကာပညာရှင်၊ စစ်မှုထမ်း၊ စီးပွားရေးလုပ်ငန်းရှင်၊ စီမံခန့်ခွဲမှုပညာရှင်တစ်ဦး၊ စာရေး ဆရာတစ်ဦးအဖြစ်လည်း လုပ်ဆောင်ခဲ့ပြီး လုပ်ကိုင်လျက် ရှိသည့်အပြင် လက်ရှိအချိန်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတ၏ နိုင်ငံရေး အကြံပေးတာဝန်ကို ထမ်းဆောင်နေသူတစ်ဦးလည်း ဖြစ်ပါသည်။ရန်ကုန်ဇာတိပင်ဖြစ်ပြီး မွေးချင်း ၄ ဦးအနက် အကြီးဆုံးသားဖြစ်သည်။ ငယ်စဉ်က ST.John Diocesan ယောက်ျားလေးကျောင်း (ယခု လမ်းမတော် အထက ၁) တွင် တက်ရောက်ခဲ့ပြီး ၁၉၆၃ ခုနှစ် ပြည်သူပိုင်သိမ်းချိန်တွင် တောင်ဥက္ကလာပ အထက ၁ တွင် ပြောင်းလဲတက်ရောက်ပြီး ၈ တန်းအထိ ပညာသင်ကြားခဲ့သည်။ ထို့နောက် အထက်တန်းကို စိန်ပေါလ်ကျောင်း (ယခု ဗိုလ်တထောင် အထက ၆) တွင်တက် ရောက်ခဲ့သည်။ ထိုမှတစ်ဆင့် စက်မှုတက္ကသိုလ်တွင် တက်ရောက်ပြီး B.Arch ဘွဲ့ကိုရရှိခဲ့သည်။ ဘွဲ့ရပြီးနောက် စစ်တပ်ထဲတွင် ၁၂ နှစ်ကြာ တာဝန်ထမ်းဆောင်ပြီး ၁၉၉၂ ခုနှစ်တွင် ဗိုလ်ကြီးအဆင့်ဖြင့် အငြိမ်းစားယူခဲ့သည်။ စစ်တပ်မှအငြိမ်းစားယူပြီး စီးပွားရေး နယ်ပယ်သို့ ရောက်ရှိလာသည့်အခါ AMBO Company ကို တည်ထောင်ပြီး AMBO Hotel လုပ်ကိုင်နေပေသည်။ ဆရာနေဇင်လတ်သည် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရင်း ပညာဆက်လက် သင်ကြားရင်း Master နှင့် Ph.Dဘွဲ့ကိုပါ ရယူနိုင်ခဲ့သည်။ စာပေ၀ါသနာအရ ၁၉၇၀ ခုနှစ်မှစတင်၍ တံခွန်၊ သပြေ၊ စက်မှုတက္ကသိုလ်မဂ္ဂဇင်းများတွင် စာရေးလေ့ရှိသည့် ဆရာ နေဇင်လတ်သည် စစ်တပ်ထဲဝင်ရောက်ပြီးနောက် စာရေးသားမှု ပြတ်တောက်ခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် စာပေလောကသို့ တစ်ကျော့ပြန်လည်ဝင်ရောက်လာခဲ့သည်။ စီမံခန့် ခွဲမှုပိုင်းဆိုင်ရာ စာပေများရေးသားရင်း ၂၀၀၈ ခုနှစ် လောက်တွင် နိုင်ငံရေး စာပေများပါ ရေးသားလာခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သမ္မတ ၏ နိုင်ငံရေးအကြံပေးတာဝန်ပေးအပ်ခြင်း ခံရသူ ဖြစ်ပါသည်။ ဖြတ်သန်းမှု ဘ၀တစ်လျှောက် နယ်ပယ်ကဏ္ဍ စုံလင်ခဲ့သည့်အပြင် မိမိတွေ့ကြုံခဲ့သည့် အတွေ့အကြုံ၊ ပညာရပ်များကို မျှဝေနိုင်ရန်အတွက် Aldersgate Collage (Philippine) ၏ Myanamr Campus တွင် ဌာနမှူး တာဝန်ကိုပါ အချိန်တစ်ခုပေး ဆောင်ရွက်လျက်ရှိသည်။
          အထက်တန်းကျောင်းတစ်ခု၏ စာသင်ခန်းတွင် ကျောင်းသားအားလုံး၏ တတွတ်တွတ်အသံများက တိတ်ဆိတ်နေပြီး အသံတစ်ခုတည်းကသာ တိတ်ဆိတ်မှုကို ဖြိုခွင်းလျက်ရှိသည်။ အဲ့ဒီအသံပိုင်ရှင်မှာ အခြားသူတော့ မဟုတ်။ ကျွန်တော်တက်ရောက်လျက် ရှိသည့် တောင်ဥက္ကလာပ အထက ၁ တွင် သတ္တမတန်း၌ အင်္ဂလိပ်စာသင် ကြားပြသလျက်ရှိသော ဆရာဦးကျော် ရင်ပင်ဖြစ်သည်။ စာသင်ခန်းရှေ့တွင် ပြောဆိုလျက်ရှိသည့် ဆရာ့စကား များကို ကျွန်တော်တို့ ကျောင်းသား များက ကြောက်လန့်၍ အသံမထွက် ဘဲ နားထောင်နေကြသည်မဟုတ်။ ဆရာ ပြောပြနေသည့် သူ၏ အတွေ့ အကြုံများကို စိတ်ဝင်စားလှသဖြင့် စကားလုံးများ လွတ်သွားမည်ကို စိုးရိမ်သဖြင့် အာရုံစူးစိုက် နားထောင်နေခြင်းသာဖြစ်သည်။ ဆရာ ဦးကျော်ရင်သည် ကျွန်တော်တို့ ကျောင်းသား များကို စာပေပညာရပ်တစ်ခုကိုသာ သင်ကြားပြသခြင်းမဟုတ်ဘဲ သူတွေ့ ကြုံခဲ့ရပုံများကိုပါ ပြောပြရင်း အတွေး အခေါ်များပါ သင်ကြားပေးတတ်သူ တစ်ဦးဖြစ်သည်။ ဆရာ့၏သင်ကြားမှု ပုံစံက ကျောင်းသားများအတွက် အကျိုး ရှိစေသည်။
          ကျွန်တော် ကျောင်းသားဘ၀က စာဖတ်အားကောင်းခဲ့သည်။ ကိုယ်တိုင်လည်း self study လည်းလုပ်နိုင်သည်။ ကျွန်တော့်အတွက် အဓိက သင်ကြားလိုသည်က Concept ဖြစ်သည်။ သီအိုရီတွေက ကိုယ့်ဘာသာ ကိုယ် ဖတ်ရှုလေ့လာနိုင်ပေသည်။ ထို့ ကြောင့်လည်း MBA ရောက်စဉ်က သင်ကြားပေးသည့်ဆရာ့ကို Concept များသာ အဓိက သင်ကြားပေးရန် တောင်းဆိုခဲ့ဖူးသည်။ ကျွန်တော်ကိုယ်တိုင်ဆရာအဖြစ် သင်ကြားသည့်အခါတွင်လည်း ကျောင်းသား များကို လက်တွေ့လုပ်ငန်းနဲ့ယှဉ်ပြီး ပြန်သင်ပေးနိုင်ခဲ့သည်။ ထို့ကြောင့် လည်း ဆရာဦးကျော်ရင်၏ သင်ကြား မှုပုံစံ၊ သင်ကြားပေးခဲ့မှုများက ကျွန် တော့်အတွက် အမှတ်ရစေခဲ့သည်။ ကျွန်တော့်အတွက် ပို၍ အမှတ်ရ စေသည်က ဆရာပြောကြားခဲ့ဖူးသည့် စကားတစ်ခွန်း ပင်ဖြစ်သည်။ ဆရာ က ကျွန်တော်တို့ ကျောင်းသားများကို
          “လူတွေမှာ အခက်အခဲ အ မျိုးမျိုး ရှိမယ်။ မင်းတို့တွေ အခက် အခဲကို အခက်အခဲလို့တွေးရင် အ ခက်အခဲထုထည်က ပိုကြီးသွား လိမ့်မယ်။ ဒါဟာ လာနေကျ ဧည့် သည်တစ်ယောက်လို့ မှတ်ထားလိုက် မယ်ဆိုရင်ပဲ အခက်အခဲက သေး သွား လိမ့်မယ်။” လို့ ပြောဖူးသည်။
          ထိုစကားက ကျွန်တော့်အတွက် ဘ၀ဖြတ်သန်းမှုတစ်လျှောက်တွင် အခက်အခဲများနှင့်ကြုံတွေ့တိုင်း အခက်အခဲလို့ မယူဆသည်အထိ ဖြစ် စေခဲ့သည်။
အခက်အခဲများကို ကျော်ဖြတ်ခြင်း
ပထမဦးဆုံးသော အခက်အခဲ
          ဘ၀ပေးကံကောင်း၍ စားဝတ် နေရေးအခက်အခဲမရှိခဲ့သည့် ကျွန် တော့်အတွက် အခက်အခဲဆို၍ ဦး ဆုံးတွေ့ကြုံခဲ့ရသည်က ဆယ်တန်းအောင်ပြီးသည့်အချိန်ဖြစ်သည်။ ဆယ်တန်းအောင်ပြီးတော့ ကျွန်တော်က DSA ကိုလျှောက်ဖို့စိတ်ကူး ခဲ့သည်။ အဲ့ဒီမှာစတွေ့သည်က... ကျွန်တော်တို့ ဆွေမျိုးထဲတွင် စစ်သား တစ်ယောက်မှမပါချေ။ ဒီတော့ မိသားစုက ကျွန် တော့်ကို သဘောမတူခဲ့ကြပေ။ ကိုယ်က သွားချင်၊ မိသားစုဘက်က မသွားစေချင်။ နှစ်ဖက်လွန်ဆွဲ နေခဲ့ရသည်။
          အဲ့ဒီအချိန်တွင် ဦးလေး၏ ဆရာမဖြစ်သူ ရုက္ခဗေဒဌာန၊ ဌာနမှူး ဒေါက်တာဒေါ်ခင်စိန်က ကျွန်တော့်ကို အကြံပေးစကားတစ်ခွန်း ပြောခဲ့ သည်။
          “သား...မင်း တက္ကသိုလ်အရင်တက်ကြည့် ပါလား။ မင်းအမှတ်လည်း ကောင်းတာပဲ။ တက္က သိုလ်တက်ပြီးတဲ့အခါ မင်း စဉ်းစားဉာဏ်ပိုရှိလာ မယ်။ ပြီးတော့မှ ဗိုလ်သင်တန်းသွားချင်တယ် ဆိုရင် အဲ့ဒီအခါ မင်းမိဘတွေကို ဆရာမကိုယ်တိုင် ပြောပေးမယ်။”
          ဆရာမပြောတဲ့စကားက ကျွန်တော့်အတွက် အကျိုးအကြောင်းသင့်  (Resonable) ဖြစ်တာ ကြောင့် ကျွန်တော်လက်ခံပြီး စက်မှု တက္ကသိုလ် တက်ဖြစ်ခဲ့သည်။ စက်မှုတက္ကသိုလ်ပြီး တဲ့အခါမှာ ကျွန်တော့်အနေနဲ့ ရင့်ကျက်မှု (Maturity) တစ်ခု ဖြစ်လာတာမို့ မိဘတွေကို ကိုယ်တိုင် နားဝင် အောင်ပြန်ပြောနိုင်၊ လက်ခံအောင်ရှင်းပြနိုင်ပြီး စစ် တပ်ထဲဝင်ရောက်နိုင်ခဲ့သည်။
          ဒီအချိန်တွင် ကျွန်တော့်အတွက် အသိတစ်ခု ရစေတာက ဘယ်အရာမဆို အကြောင်းပြချက် ခိုင်လုံမယ်၊ အကျိုးအကြောင်းသင့်မယ် (Reasonable) ဖြစ်မယ်ဆိုရင် လက်ခံလို့ရတယ်ဆိုတဲ့ အသိပင် ဖြစ်သည်။ တစ်ဖက်ကို နားလည်အောင် ရှင်းပြနိုင် မယ်ဆိုရင် ကိုယ်လိုချင်တာရနိုင်ပေသည်။
ဘာစီးပွားရေးလုပ်မလဲ ...
          ဒီလိုနဲ့စစ်မှုထမ်းရင်း ၁၂ နှစ်ကြာမှာ အငြိမ်းစားယူပြီး ဘ၀အလှည့် အပြောင်းအဖြစ် စီးပွားရေးလောကထဲဝင်ရောက်လာခဲ့ရသည်။ ကျွန်တော် စီးပွားရေးလောကထဲဝင်ရောက်လာ ချိန်က ၁၉၉၂ ခုနှစ်၊ ကျွန်တော့်အသက် ၃၈ နှစ် ဖြစ်သည်။ ၁၂ နှစ်လောက် စစ်မှုထမ်းလာတာမို့ အပြင်အလုပ် လုပ်မယ်ဆိုတော့ ကျွန်တော့်အနေနဲ့ ဘာလုပ်ရမှန်းမသိ၊ စဉ်းစားခဲ့ရသည်။ ထိုအချိန်က ဓနမဂ္ဂဇင်းပါ (ဟားဗတ်ကေစင်) ရေးသားသော စာသားက ကျွန်တော့်အတွက် ပညာအလင်း ဖြစ် စေ ခဲ့ရသည်။
"Wisdom is knowing what to do. Skill is knowing how to do." ဆိုတဲ့စာသားလေးပါ။
          လုပ်ငန်းရွေးချယ်မှုမှားလို့ အလုပ်ခဏခဏ ပြောင်းနေရင် အသက်တွေသာပိုကြီးသွားပြီး ဘာမှ အလုပ်မဖြစ်ဘဲနေပါလိမ့်မယ်၊ အနာဂတ် အတွက် အလားအလာကောင်း (Potentiality) ရှိတဲ့ အလုပ်ကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်တာက Wisdom ပါ၊ အဲ့ဒီအလုပ်ကို ဘယ်လိုလုပ်ရမယ် ဆိုတဲ့ နည်းပိုင်းဆိုင်ရာကို သိတာက ကျွမ်းကျင်မှု ဆိုတဲ့ Skill ပဲ။
          ဒီလိုနှင့် ကျွန်တော့်အတွက် ငွေကြေးအရင်း အနှီးမများဘဲ ဦးနှောက် သုံးရတာကို ရွေးချယ်ခဲ့ သည်။ ကျွန်တော် Ruby land Tourism ကို စလုပ်ဖြစ်သည်၊ ပြီးမှ  AMBO Hotel ကို ထောင်လိုက်နိုင်သည်။ နောက်ပြီး Constulant လည်း လုပ်သည်။ အဓိက ကျွန်တော့်အတွက် အချိန်နဲ့ ကြိုးစားမှုအရင်းအနှီးများများပေးရသော အလုပ် မျိုးကိုရွေးဖြစ်သည်။ ငွေကြေးနှင့် မဆိုင်သော အရင်းအနှီးမျိုး များများပေးရတာကို ကျွန်တော်ရွေး ဖြစ်သည်။ စီးပွားရေးစလုပ်တော့ ကျွန်တော့် အတွက် ဖြည့်စရာတွေအတော်များသည်။ ဥပမာ စီးပွားရေးဆိုင်ရာတွေ၊ နိုင်ငံရေးဆိုင်ရာတွေ၊ ဥပဒေ ရေးရာတွေကအစ လေ့လာခဲ့ရသည်။ နောက် အထူးသဖြင့် Language ပိုင်း ပြန်လေ့လာရတယ်။ International Business လုပ်တော့ Language လို လာသည့်အတွက်ဖြစ်သည်။ ပြီးတော့ ကွန်ပျူတာ တွေပေါ်လာတော့ ကွန်ပျူတာနှင့်ပတ်သက်တာ တွေသင်ရသည်။ အခက်အခဲဆိုတာ နေရာတိုင်း တွင် ရှိတတ်သည့်အတွက် အခက်အခဲလို့ မယူဆ တော့ဘဲ စီးပွားရေးပိုင်းဆိုင်ရာမှာ ကျွန်တော့်အ တွက် အခက်အခဲများကို ဖြေရှင်းနိုင်ခဲ့ပေသည်။
နိုင်ငံရေးလောက အခက်အခဲ
          ၂၀၁၁ ခုနှစ်တွင် ကျွန်တော် သမ်္မတရဲ့ နိုင်ငံ ရေးအကြံပေးအဖြစ် တာဝန်ပေးအပ်ခံခဲ့ရသည်။ ကျွန်တော့်အတွက် တာဝန်ကြီးမားလှသည်။ နိုင်ငံ ရေးကို သီအိုရီသာ သင်ခဲ့ရပြီး လက်တွေ့ကို ထိထိ ရောက်ရောက်မလုပ်ခဲ့ဖူးသဖြင့် လက်တွေ့လုပ် ကိုင်ရာတွင် အခက်အခဲများစွာရှိခဲ့သည်။ နိုင်ငံရေး ပိုင်းဆိုင်ရာတွင် ကြုံတွေ့ရသောအခက် အခဲများ အနက်တစ်ခုမှာ သံတမန်ရေးအရ မဟာဗျူဟာ ပြိုင်ဆိုင်မှုပင်ဖြစ်သည်။ ကျွန်တော့်အနေဖြင့် နိုင်ငံ ပေါင်းစုံမှ သံတမန်များ၊ မြန်မာပြည်ရှိ သံတမန် များသာမက ပြည်ပရှိသံတမန်များစွာနှင့်ပါ တွေ့ဆုံ ဆက်ဆံရသည်။
          ယခင်တစ်ချိန် သမ္မတအိုင်စင်ဟောင်ဝါ လက်ထက်တွင် ကွန်မြူနစ်နှင့် အရင်းရှင်တို့အားပြိုင်စဉ်က အာဏာရှင်နိုင်ငံများ ကွန်မြူနစ်ဘက်သို့ ပါသွားမည်စိုးသဖြင့် အမေရိကန်နိုင်ငံသည် အာဏာရှင်နိုင်ငံများနှင့် မဟာမိတ်ပြုခဲ့သည်။ စစ်အေး ကာလအလွန်တွင် ဆိုဗီယက် ပြည်ထောင်စုကြီး ပြိုကွဲသွားချိန်တွင်တော့ ကမ္ဘာကြီးတွင် အမေရိကန် တစ်နိုင်ငံတည်း အင်အားအတောင့်ဆုံး ဖြစ်သွားသည်။ သမ္မတရေဂင်အပြီး စီနီယာဘုရှ်လက်ထက် တွင် အမေရိကန်တို့ အင်အားအတောင့်တင်းဆုံး ဖြစ်သည်။ ထို့နောက် သမ္မတ ကလင်တန်တက်လာ သည့်အချိန် မြန်မာပြည်၌ ၈၈ ဖြစ်ပြီးကာစတွင် အမေရိကန်တို့၏ စံနှုန်းပြောင်းလဲလာပြီး Human Rights အမြင့်ဆုံးဖြစ်လာခဲ့သည်။ သာမန် အားဖြင့် Carrot and Stick ဆိုတဲ့ ကိစ္စရပ်ဟာ အမေရိကန် ရဲ့ မဟာဗျူဟာ အပြောင်းအလဲဖြစ်သွားသော ကြောင့် မြန်မာနိုင်ငံအနေဖြင့် အနောက်နိုင်ငံများရဲ့ Sanction ကို တော်တော်လေးခံလိုက်ရသည်။ ဒီလိုဖြင့် ၂၀၀၈ခုနှစ် ရွေးကောက်ပွဲနိုင်၍ ၂၀၀၉ ခုနှစ်တွင် အိုဘားမားသမ္မတ တက်လာချိန်တွင် တော့ ပစိဖိတ်ဒေသ၏ မဟာဗျူဟာကိုပြန်လည် သုံးသပ်မှု Review လုပ်လာခဲ့သည်။ ၂၀၁၁ ခုနှစ် ကျွန်တော် နိုင်ငံရေးအကြံပေးဖြစ်လာချိန်တွင် အမေရိကန်၏ ပြောင်းလဲသွားသော မဟာဗျူဟာ အပေါ်အခြေခံ၍ မြန်မာ့ပြောင်းလဲမှုနှင့် ချိတ် ဆက်ဆောင်ရွက်ခဲ့သည်။ သံတမန်တွေအနေဖြင့် လည်း ၎င်းင်းတို့ရဲ့ စံနှုန်း၊ လိုချင်မှုများဖြင့် ပြောဆိုမှု များရှိသလို ကျွန်တော်တို့ဘက်ကလည်း ကိုယ့် နိုင်ငံအတွက် ခုခံကာကွယ်မှုများပြုလုပ်ရသည့် ကိစ္စများလည်းရှိသည်။ သံတမန်ရေးရာအရ ညှိနှိုင်း ပြောဆိုမှုများပြုလုပ်ခဲ့ရသည်။ မဟာဗျူဟာပိုင်း ဆိုင်ရာတွေ သံတမန်ရေးရာကိစ်္စရပ်များကို နေ့ မအိပ်ညမအိပ် လုပ်ကိုင်ရသည်။ ရှေ့တန်းစစ် မျက်နှာပြင်တွင်ပင် လန့်မနိုးခဲ့ဖူးသည့်ကျွန်တော့် အတွက်တစ်ခါတစ်ရံ ညအိပ်ရင်တောင် လန့်နိုးခဲ့ရ သည့် အချိန်များရှိခဲ့ရသည်။ ကိုယ်ပြောရသည့် စကားတစ်ခွန်းက လူအများကို ကိုယ်စားပြုနေ သည့်အတွက် တော်တော်ဂရုစိုက်ရသည်။ အချို့ သံတမန်များက တော်တော်လေး နွေးနွေးထွေး ထွေးရှိပေမဲ့ aggressive ဖြစ်သော သံတမန် အချို့နှင့်လည်း ဆက်ဆံရတာလည်းရှိသည်။  သံတမန်နဲ့တွေ့လျှင် ဘယ်သံတမန်က ဘယ်လို မျိုး တွေလာနိုင်သလဲဆိုတဲ့အကြောင်းအရာများ ရှာရ သလို အသုံးအနှုန်းများကိုလည်း စဉ်းစားရသဖြင့် ညအိပ်လျှင်ပင် လန့်လန့်နိုးတဲ့အထိ ဖြစ်ခဲ့ဖူးသည်။
          နောက်ထပ်ကြုံတွေ့ရမှုတစ်ခုမှာ အင်တာဗျူး ကိစ္စရပ်ဖြစ်သည်။ အင်တာဗျူးများတွင် အပြောင်းအလဲဖြစ်မှုများရှိသဖြင့် မည်မျှပင် ကောင်းမွန် အောင်ဖြေဖြေ တုန့်ပြန်မှု(အနုတ်ပုံစံ) အနည်း အများရှိခဲ့၊ ကြုံခဲ့ရသည်။ ကျွန်တော့်အနေဖြင့် ကိုယ် ပြောဆိုလုပ်ကိုင်ရာတွင် အမှားအယွင်းရှိသွားမလားဆိုသည့် စိုးရိမ်မှုရှိခဲ့သည်။ ကျွန်တော့် လုပ်ငန်း၊ ကျွန်တော့်ကုမ္ပဏီကိစ္စတွင် မှားယွင်းသွားပါက ကျွန်တော့်လုပ်ငန်း၊ ကျွန်တော့်မိသားစုသာ ခံရမှာ ဖြစ်ပြီး နိုင်ငံရေးတွင်မူ မှားယွင်းသွားပါက သန်း ၅၀ ကို ကိုယ်စားပြုနေသဖြင့် စိုးရိမ်စိတ် ၀င်ရ သည်။ ကျွန်တော့်အတွက် ဘယ်လိုအခက် အခဲ ကိစ္စရပ်များပင်ကြုံကြုံ ကျွန်တော့်ဆရာ ဦးကျော် ရင် ပြောခဲ့ဖူးသည့်အတိုင်း အခက်အခဲကို အခက် အခဲလို့ မတွေးဘဲ ဧည့်သည်အဖြစ်သာ တွေးရင်း ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့သည်။
ဘယ်လို သင်ကြားပေးရမလဲ ...
          နိုင်ငံရေးတာဝန်ထမ်းဆောင်ရင်း ကျွန်တော့် အတွက် နောက်ထပ် ရရှိလာသည့်တာဝန်က ပညာ မျှဝေသင်ကြားမှုအပိုင်းဖြစ်သည်။ နှစ် ၅၀ မျှ နိုင်ငံရေးထိတွေ့မှုဖြင့် စိမ်းခဲ့သည့် ကျွန်တော်တို့ အတွက် ဒီမိုကရေစီကို အနှစ်သာရရှိရှိ ပြောင်းလဲ ချင်သော သမ္မတကြီးက  ကျွန်တော့်ကို သင်တန်း တစ်ခုဖွင့်လှစ်ခိုင်းခဲ့သည်။ ထို့နှင့် CSIS (Center for Strategic and International Studies) မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဗဟိုဌာန ကို ဖွင့်လှစ်ပြီးဌာနမှူးတာဝန်ထမ်းဆောင်ဖြစ်သည်။ ကြုံတွေ့လာရသည့် အခက်အခဲက နိုင်ငံရေးကို ၂ လသင်တန်းဖွင့်လှစ် သင်ကြားမည်ဆိုတော့ ဘယ်အပိုင်းတွေကို ဘယ်လို သင်ကြားပေးရမလဲဆိုတာ စဉ်းစားရသလို၊ သင်ကြားမည့်ဆရာများကို စုစည်းရသည်။ သင်ကြားမှုအပိုင်းတွင် အဓိက pilar ၃ ခုဖြစ်သည့် Peace, Democracy နှင့် Development ဟူ၍ခွဲထားပြီး ကဏ္ဍတစ်ခုစီတွင် ဘာသာရပ် ၅ ခုသင်ကြားပေးသည်။ ထို့နှင့် နိုင်ငံရေးပါတီပေါင်းစုံက ၅၀%၊ ပြင်ပမှ ၂၅ % နှင့် NGO အဖွဲ့အစည်းများမှ ၂၅% ဟူ၍ သတ်မှတ်ရင်း ၂ လခွဲကြာ သင်တန်းကို ဖွင့် လှစ်နိုင်ခဲ့သည်။ ထိုမှတစ်ဆင့် ၉ လကြာ Diploma သင်တန်းကို နိုင်ငံရေးပါတီ ၂၁ ပါတီမှ သင်တန်း သားများဖြင့် ဖွင့်လှစ်နိုင်ခဲ့သည်။ ယခုဆိုလျှင်Master of Political Management master of Public Administration နှင့် master of Business Administration စသည့် Master Program များကို CSIS  နှင့် ဖိလစ်ပိုင်မှ Aldersgate College တို့ ပူးပေါင်း၍ Aldersgate Collage ၏ မြန်မာပြည် Campus တွင် ဖွင့်လှစ်သင်ကြားနိုင်ခဲ့သည်။
          ခေတ်ပေါ် လောကီဆိုင်ရာပညာရပ်များ မည်မျှသင်ကြားတတ်မြောက်စေပေမဲ့လည်း လက်ရှိ တစ်ဘ၀စာအတွက်မျှသာဖြစ်ပြီး နောက်ဆုံး အားလုံးသောသူများအနေနဲ့ နောက်ဘ၀တစ်ခုဆီ ကို ယူသွားလို့မရကြပါဘူး။ အဲ့ဒီအတွေးကို အမြဲတမ်း ဆင်ခြင်ထားခဲ့ပါသည်။ လူဆိုတာ အချိန်တွေကို ၁ ရက်ပြီး ၁ ရက် ဖြတ်သွားရမှာပင် ဖြစ် သည့် ဒီအချိန်တွင် အခက်အခဲကြုံတိုင်း ဒါကို အခက်အခဲဆိုပြီး တွေးနေမည်ဆိုလျှင် နေထိုင်သည် ၁ ရက်က ပျော်နိုင်တော့မည်မဟုတ်ချေ။ ကျွန်တော့်အနေဖြင့် အခက်အခဲမှန်းသိလျှင် ဘယ်လိုကျော်ဖြတ်ရမလဲဟူသည့် solution ဖြေရှင်းချက် ကိုသာ စဉ်းစားဖြစ်သည်။ လောကီရေးရာပြီးတော့ လောကုတ္တရာဘက်ကို စဉ်းစားလာသည့် ကျွန်တော့်အတွက် အခက်အခဲဆိုတာ ဘာမှမဟုတ် တော့ကြောင်းပိုမိုသိသာလာသည်။ စိတ်လည်း အတော်နေသာသွားသည်။ အဓိက ကိစ္စတစ်ရပ် အပေါ်အခက်အခဲလို့စဉ်းစားနေမည့်အစား အခက် အခဲမှန်းသိပြီး အဲ့ဒီအခက်အခဲကို ဘယ်လို ကျော် ဖြတ်မလဲဆိုတဲ့နည်းလမ်းကိုသာ စဉ်းစားရပေမည်။ တစ်ခါတလေဖြစ်ပေါ်လာသည့် အခြေအနေပေါ်မူ တည်ပြီး အကောင်းဆုံး စဉ်းစားလုပ်ဆောင်ရပေမည်။
အနာဂတ်မြင်နိုင်ခြင်း
          ကျွန်တော်ဖြတ်ကျော်ခဲ့ရသည့် ဘ၀အတွေ့ အကြုံအရ အရေးကြီးသည့်အရာတစ်ခုမှာ အနာဂတ်ကို မြင်နိုင်ခြင်းပင်ဖြစ်သည်။ ကျွန်တော် ငယ်စဉ်က အနာဂတ်မမြင်နိုင်ခဲ့ခြင်း ကိစ္စတစ်ရပ် ရှိခဲ့သည်။ ကျွန်တော်သည် ငယ်စဉ်ကတည်းက စာဖတ်အားသန်သူတစ်ဦးဖြစ်သည်။ International ကို မရောက်ဖူးသေးခဲ့ပေမဲ့ စာပေများအရ သိရှိနေ ခဲ့သည်။ အဲ့ဒီအချိန်က တိုင်းပြည်တိုးတက်အောင် လုပ်ရာတွင် အင်ဂျင်နီယာများ၏အခန်းကဏ္ဍကြီးမားကြောင်း သိခဲ့သည်။ ထို့ကြောင့် ဆယ်တန်း အောင်ပြီး ဘယ်လိုင်းလိုက်မလဲရွေးချယ်ရာတွင် အင်ဂျင်နီယာလမ်းကြောင်းကို လိုက်ဖြစ်ခဲ့သည်။ ကျွန်တော်မမြင်လိုက်နိုင်သည့်အချက်တစ်ခု ရှိသွား သည်။ မတိုးတက်သေးသည့် ကျွန်တော်တို့ နိုင်ငံ တွင် အားလုံးအထက်မှ ချုပ်ထားသည်မှာ နိုင်ငံရေး စနစ်ပင်ဖြစ်သည်။ စနစ်၏အားကို မမြင်လိုက်မိ ချေ။ ဥပမာ ဆိုရှယ်လစ်ခေတ်တွင် အင်ဂျင်နီယာ ကို ဦးစားမပေးဘဲ ဆရာဝန်ကိုသာ ဦးစားပေးခဲ့သည်။ စနစ်တွေထဲတွင် နိုင်ငံရေးစနစ်က အား အကြီးဆုံးဖြစ်ပြီး အဲ့ဒီစနစ်က ခွင့်မပေးသမျှ ဘာမှလုပ်လို့မရကြောင်းသိခဲ့ရသည့် ကျွန်တော့် ဘ၀အတွေ့ အကြုံများအနက် တစ်ခုဖြစ်သည်။
          ခေါင်းဆောင်လုပ်မည့်သူများအနေဖြင့် အနာဂတ်မြင်နိုင်ခြင်းက မဖြစ်မနေရှိရမည့် အရည်အချင်းပင်ဖြစ်သည်။ ကုမ္ပဏီ၊ အဖွဲ့အစည်းများ အတွက် Vision မှားနေလျှင် လက်တွေ့ဖြစ် မလာလျှင် အခက်အခဲရှိသည်။  လူငယ်များ အနေဖြင့်အနာဂတ်အမြင်ကို ရအောင်ကြည့်ဖို့လိုသည်။ စိတ်ဆန္ဒကို ဦးစားမပေးဘဲ လက်ရှိအခြေ အနေကိုကောင်းကောင်းသိပြီးမှ အနာဂတ်မှာ ဘာဖြစ်လာနိုင်မလဲဆိုတာတွေးဖို့လိုသည်။ ထိုအရာက သူတကာထက် အသာဆုံးသော အားတစ်ခုဖြစ် သည်။ အဓိက ကိုယ့်ကိုယ်ကိုယ် အမြင့်ဆုံးဖြစ် လိုလျှင် အနာဂတ်အမြင်ကိုသိရမည်။ Technical ကိစ္စမှာ ပင်မ Subject ကို ကိုင်ထားပြီ ဆိုလျှင်  Technical ကို ပြန်ရှာလို့ရသည်။ ဦးဆုံး ဘယ်အလုပ်ကိုလုပ်မလဲဆိုသည်ကို မသိဘဲ ယောင်ဝါးဝါးလုပ်ခြင်းက အချိန်ကုန်စေသည်။ အထူးသဖြင့် နိုင်ငံရေး၊ စီးပွားရေးခေါင်းဆောင်လုပ်မည့်သူများ အနေဖြင့်  အနာဂတ်အမြင်ကိုသိရပေမည်။ နိုင်ငံ ရေးလုပ်ကိုင်သူများအဖို့လည်း ရှေ့အနာဂတ်တွင် ဘာတွေဖြစ်လာနိုင်မလဲ၊ ကိုယ့်အားဘယ်လောက်ရှိ မလဲ တွက်ချက်တတ်မှသာ အဖြေရှာရန်လွယ်ကူ မည်ဖြစ်သည်။ ကျွန်တော့်ဘ၀တစ်လျှောက် ကြုံ တွေ့ခဲ့ရသော အခက်အခဲ စိန်ခေါ်မှုများကို ကျော် ဖြတ်နိုင်ခဲ့ရာတွင် အခက်အခဲကို အခက်အခဲအဖြစ် စဉ်းစားနေမည့်အစား ဘယ်လိုကျော်ဖြတ်ရမလဲ (solution) ဟူသည့်အချက်ကို စဉ်းစားနိုင်ခဲ့ခြင်း နှင့် ရရှိလာခဲ့သည့် အတွေ့အကြုံများမှ အသိ၊ အနာဂတ်အမြင်များကို အသုံးချနိုင်ခဲ့ခြင်းသည် အ ကောင်းဆုံး မိတ်ဆွေကောင်းများဟု ဆိုနိုင်ပါသည်။

JOB seekers Journal Vol.3, No.31



မြန်မာအွန်လိုင်းစာအုပ်စင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ



မြန်မာအွန်လိုင်းစာအုပ်စင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ



မြန်မာအွန်လိုင်းစာအုပ်စင် မှ တင်သမျှကို { ဒီမှာ } သွားဖတ်လိုက်လိုက်ပါ




<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာအွန်လိုင်းစာအုပ်စင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>




ဂန္တ၀င်စာဆိုပညာရှိလေးဦး(တိုက်စိုး)@MMBS


စာအုပ်အမည် - ဂန္တ၀င်စာဆိုပညာရှိလေးဦး
စာရေးသူ - တိုက်စိုး
DOWNLOAD



မြန်မာအွန်လိုင်းစာအုပ်စင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ



မြန်မာအွန်လိုင်းစာအုပ်စင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ



မြန်မာအွန်လိုင်းစာအုပ်စင် မှ တင်သမျှကို { ဒီမှာ } သွားဖတ်လိုက်လိုက်ပါ




<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာအွန်လိုင်းစာအုပ်စင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>




Author

တစ်လ အတွင်းလူဖတ်အများဆုံး

..
.
...