Showing posts with label ခေတ်စမ်းကဗျာ. Show all posts
Showing posts with label ခေတ်စမ်းကဗျာ. Show all posts

Friday, October 10, 2014

အလေးပြုသံ(ဇော်ဂျီ)


တွေးမိသည်တည့် ဆွေးမိသည်။
မလေးမောင်သည်ယနေ့
ဆွေးမြေ့မိသည်။
သွေးစက်နဲ့ကျမျက်ရည်
ပြည်နိုင်ငံအရေး
လူလမ်းစဉ် လူ့ခရီးမှာ
စီးရတယ်လေး။

ငေးမိသည်တည့် ငေးမိသည်။
မလေးမောင် သည်ယနေ့
ငေးမေ့မိသည်။
ဝမ်းမဝ မျှမညီ၊
ပြည့်နိုင်ငံအရေး။
လူလောကီ သည်ရှုပ်ထွေး၊
ရှင်းပါမှလေး။

ရေးမိသည်တည့် ရေးမိသည်။
မလေးမောင် သည်ယနေ့၊
ရေးမွေ့မိသည်။
စီးခဲ့တဲ့ သွေးမျက်ရည်၊
ပြည်နိုင်ငံအရေး။
စာတေး သည်မြိုင်ချောင်က
သည်ကလောင် ရောင်ခြည်လွှတ်
ဦးညွှတ်တယ်လေး။ ။……………

ဇော်ဂျီ

သင်သေသွားသော်


ဪ လူ့ပြည်လောက၊ လူ့ဘဝကား
အိုရ နာရ၊ သေရဦးမည်
မှန်ပေသည်တည့်။

သို့ပြီးတကား၊ သင် သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။

သင်၏ မျိုးသား၊ စာစကားလည်း
ကြီးပွါးတက်မြင့်၊ ကျန်ကောင်းသင့်၏။

သင် ဦးချ၍၊ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်
ဉာဏ်တန်ဆောင်လည်း
ပြောင်လျှက် ဝင်းလျှက် ကျန်စေသတည်း။

အိုးဝေမဂ္ဂဇင်း၊ အတွဲ ၅၊ အမှတ် ၁၊ ဒီဇင်ဘာ ၁၉၃၅

Author

တစ်လ အတွင်းလူဖတ်အများဆုံး

..
.
...