Friday, October 10, 2014

လမြတ်အထွတ် သီတင်းကျွတ်(ငွေတာရီ)


ဝါဆိုကင်းလွတ်၊ သီတင်းကျွတ်ပြီဆိုလျှင်
သူငါအများ၊ ပျော်ပါးလို့ကြည်ရွှင်
မီးပွဲငယ်စုံလင်၊ မြို့ပြင်မြို့တွင်း
နီမောင်းရွှေရွှေ၊ ရောင်ထွေထွေထွန်းကာ
ဝေဝေ လင်းသည်နှင့်လေး။

မိုးယံအတွင်း၊ ကြယ်မင်း သဝဏီ
ရောင်ခြည်လျှံထွန်း၊ ပြည့်ဝန်းငွေစန္ဒီ
ငုံဖူးငယ်စုံညီ၊ ကြာနီမုံဝတ်၊
မြကုဏ္ဍာအိုင်၊ ပွင့်ချင်းဆိုင်၊
သင်းကြိုင်ဝတ်ရည် ညွတ်သည်နှင့်လေး။

သုံးလူ့အထွတ်၊ မြတ်မွတ်စိန္တေ
ဒေသစာနန်း၊ ဖြန့်မြန်းဝတိံဘွေ
ဝါကျွတ်ကယ်အခြေ၊
လူ့ပြေသက်ဆင်း၊
ပြည်မြတ်ပူရာ၊ သင်္ကဿာ၊
မြတ်စွာအသျှင် ချဉ်းသည်နှင့်လေး။

တိုင်းပြည့်သနင်း၊ မြတ်မင်းဘုရင်
ကန်တော့ခံမြဲ၊ အောင်ပွဲသည်သဘင်
သီဟငယ်ပလ္လင်၊ ညာတင်ထိပ်ထား
နှစ်ပါးစုံညီ၊ မတ်ရွှေညီ
ဆက်မည် ပဏ္ဏာများ ငယ်နှင့်လေး။

တိုင်းသူပြည်သား ၊ စိတ်ထားကြည်ရွှင်
စဉ်ပြုမြဲ၊ မီးပွဲသည်သဘင်
ရောင်မျိုးငယ်စုံလင်၊ ဝါလွင်ဝေလျှမ်း
သက်ကြီးသူကို၊ သဒ္ဓါပို
ကြည်ညို ကန်တော့ပန်း ငယ်နှင့်လေး။

မြတ်ကြာငုံလန်းကိုလ၊ လှူဒါန်းကာ ချွေရည်ရွှေပြည်မှန်းတော့သည်။
မီးရောင်စုံ လျှမ်းပါတဲ့၊ ဂူနန်း မဟာစေတီထွေလီ ဆန်းတော့သည်။ ။

ငွေတာရီ
(တျာချင်း)

0 comments:

Post a Comment

Author

တစ်လ အတွင်းလူဖတ်အများဆုံး

Blog Archive

..
.
...