Saturday, December 6, 2014

ဦးဖိုးကျား - အတ္ထု ပ္ပတ္တိ


အမျိုးသားလှုပ်ရှားမှုတစ်ရပ်ဖြစ်သောခရစ်၁၉၂ဝ နှစ်ပြည့် ကျောင်းသားသပိတ်ကြီး
ကစတင်ခဲ့သည့်အမျိုးသားပညာရေးလောကတွင်ဦးဖိုးကျားသည် ကျော်ကြားသော
၊ ခေါင်းဆောင်ကြီးတစ်ဦး ဖြစ်သည်။ထို့ပြင်မျိုးချစ်စိတ်အရင်းခံဖြင့် မြန်မာအမျိုးသား
များ၏ အဆင့်အတန်း တိုးမြှင့်ရေးအတွက် ခေတ်ပြင်ဆောင်းပါး၊ စာအုပ်စာတမ်းများကို ရေးသားခဲ့သဖြင့် ကျောင်းသားသပိတ်ခေတ်မှ ဒုတိယကမ္ဘာစစ်မတိုင်မီစစ်ကြို ခေတ်အတွင်း မြန်မာစာပေလောက၌ ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သည်။ ထို့ကြောင့် အမျိုးသား ပညာဝန် ဦးဖိုးကျား ဟူသော အမည်နှင့် နိုင်ငံအဝန်း ပျံ့နှံ့ကျော်ကြားခဲ့လေသည်။

ဦးဖိုးကျားသည် မြန်မာသက္ကရာဇ် ၁၂၅၂ ခုနှစ်၊ နှောင်းတန်ခူးလပြည့်နေ့(၁၈၉၁ခုနှစ်၊ မတ်လ ၂၃ ရက်) တနင်္လာနေ့တွင် ဟင်္သာတခရိုင် နိဗ္ဗာန်ရွာတွင် ဖွားမြင်သည်။ မိဘများသည် ပရိက္ခရာကုန်သည် ဦးဖေနှင့် ဒေါ်ဒေါင်းတို့ ဖြစ်ကြသည်။ ဦးဖေသည် လယ်သမားတစ်ဦးလည်း ဖြစ်သည်။ရွာအနီးဘုရားကုန်းတွင် နှစ်တုံးထွန်လယ်လုပ်သူ
၊ ဖြစ်သည်။ သူ့တွင် သားသမီးလေးယောက် ထွန်းကားခဲ့ရာ မောင်ဖိုးကျားသည် တတိယမြောက် ဖြစ်သည်။ သို့သော် ငယ်စဉ်ကတည်းကပင် မောင်ဖိုးကျားသည် သူ့အစ်ကို၊အစ်မများနှင့်မတူပညာရှာလို၊စူးစမ်းနားလည်လိုသောအရိပ်ယောင်များ
၊ ပြခဲ့သည်။ ခြောက်နှစ်သားအရွယ်တွင် နိဗ္ဗာန်ရွာ ဦးသာသန၏ကျောင်းတွင် စတင်ပညာသင်ကြားသည်။ ထို့နောက် ကိုးနှစ်အရွယ်တွင် လေးမျက်နှာမြို့နယ် ကံကုန်းရွာဆရာတော်ကျောင်းတွင် ပညာဆက်လက် ဆည်းပူးသည်။

မောင်ဖိုးကျား ငါးတန်းအောင်မြင်သောအခါ ခြောက်တန်း၌ ကျောင်းတက်ရင်း ဆရာတစ်ပိုင်း လုပ်ရပြန်သည်။ ထိုအစီအမံမျိုးကိုလည်း ပညာရေးဌာနက အားပေးနေချိန် ဖြစ်သည်။ ဆရာတစ်ပိုင်း ဆက်လုပ်ရန်မှာ စနစ်တကျ သင်တန်းတက်ထားဖို့ ကောင်းသည်ဟု ကျောင်းထိုင်ဆရာက သဘောရလေသည်။ ထို့ကြောင့် ဟင်္သာတ ဗရဲချောင်တိုက်မှ ဦးဝိသုဒ္ဓက ဖွင့်လှစ်၍ထားသော ဆရာ ဖြစ်သင်တန်းတွင် ကလေးများကို စာသင်နည်း၊ ကျောင်းအုပ်ချုပ်နည်းတို့ကို အဖော်တစ်ဦးနှင့်အတူ တက်ရောက်သင်ကြားလေသည်။

ဤတွင် မောင်ဖိုးကျားသည် နိဗ္ဗာန်ရွာကျောင်း၌ ခုနှစ်တန်းစာမေးပွဲကို ပြီးဆုံးအောင် မဖြေလိုက်ရပေ။ ကျောင်းစစ်လာသော ပညာအုပ်နှင့် အဆင်မပြေဖြစ်ခဲ့၍ သူ့မှာ ကျောင်းမှထွက်ရလေသည်။ သို့သော် မောင်ဖိုးကျားအဖို့ ပညာရှာရန် လမ်းမပိတ်ပါ။ သူ စာသင်ကောင်းကြောင်းသတင်းသည် အနီးအနားရွာများသို့ ပျံ့နှံ့ခဲ့လေသည်။ အသုတ်ရွာလေးထပ်ကျောင်းမှ ဦးသုန္ဒရသည် ကျောင်းတွင် ဆရာအဖြစ်လုပ်ကိုရန်သူ့ကိုလာခေါ်သောကြောင့် လေးထပ်ကျောင်းသို့ ရောက်ရပြန်သည်။ ထိုကျောင်း၌ပင်ကျောင်းဆရာလုပ်ရင်း မြန်မာခုနှစ်တန်းနှင့် အလယ်တန်းဆရာဖြစ်သင်တန်းကို ဖြေဆိုအောင်မြင်ခဲ့သည်။ ထို့ပြင် ကျောင်းပိတ်ရက်၌ အနားမနေဘဲ နတ်မော်ရွာဘက်သို့သွား၍ နတ်မော်ဘုန်းကြီးထံမှ ဗေဒင်ပညာကိုလည်း သင်ခဲ့လေသည်။

၊ကျောင်းဆရာအဖြစ် ဆောင်ရွက်ရင်းမှပညာကိုဆက်လက်ဆည်းပူးလိုသဖြင့်
၊ ကျောင်းဆရာအလုပ်မှ ထွက်ပြီးသော် ပုသိမ်မြို့ တိုင်တစ်ရာပိုးကရင်ကျောင်းတွင် ပညာဆက်လက်သင်ကြားရာ ၁၉၁၆ ခုနှစ်တွင် ထိုကျောင်းမှ အင်္ဂလိပ်နှင့် မြန်မာ ကိုးတန်းကို ဖြေဆိုအောင်မြင်လေသည်။

ကိုးတန်းအောင်ပြီးနောက်တွင် ဆန်စက်တစ်ခု၌ တာလီစာရေးအဖြစ်ဝင်ရောက်
လုပ်ကိုင်သည်။ သို့သော် ပညာရေးဘက်တွင် စိတ်သန်နေသော ကိုဖိုးကျားသည် တိုင်တရာကျောင်းမှာပင် ပညာဆက်သင်ပြန်ရာ အသက် (၂၇) နှစ်အရွယ် ခရစ် ၁၉၁၇ ခုနှစ်တွင် ထိုကျောင်းကပင် အင်္ဂလိပ် - မြန်မာ ဆယ်တန်း အောင်မြင်ခဲ့သည်။

ကိုဖိုးကျားသည် စာပေပညာကို ပို၍သာ လိုလားလာသည်။ ထို့ကြောင့် ခရစ် ၁၉၁၈ ခုနှစ်တွင် ဂျပ်ဆင်ကောလိပ်၌ ပညာဆက်လက်သင်ကြားသည်။ ထိုအချိန်တွင် ကိုဖိုးကျားတွင် မြန်မာစာပေ ဗဟုသုတ အခံနည်းပါးသေးသည်။ ခရစ်ယာန် ဓမ္မဟောင်း ၊ဓမ္မသစ်တို့ကိုမူ နှုတ်တက်ရွရွပင် ဆိုပြနိုင်သည်။ သို့သော် စကားအသုံးအနှုန်းကို နဘေကာရန်ပင် စပ်ဟပ်ပြောဆိုရန် ၀ါသနာပါသည်။ ဂျပ်ဆင်ကောလိပ်သို့ ရောက်လာပြီးနောက်တွင် နောင်တွင် ယဉ်ကျေးမှုဌာန အတွင်းဝန် ဦးဖိုးလတ် ၊ နေရှင်နယ် ဦးမြင့်တို့ဖြစ်လာမည့် ကိုဖိုးလတ်၊ ကိုမြင့်တို့နှင့် ခင်မင်ရင်းနှီးလာသောအခါ မြန်မာစာပေ၊ မြန်မာ့သမိုင်းတို့ကို စိတ်ပါဝင်စားလာသည်။ လေ့လာမှတ်သားလာသည်။ မြန်မာမှု၊ မြန်မာဓလေ့ ထုံးတမ်းဆိုင်ရာများကို လိုလိုလားလား ဖြစ်လာသော ဦးဖိုးကျားသည် ကိုဖိုးလတ်၊ ကိုမြင့်တို့၏ ညွှန်ကြားချက်အရ ပါဠိဆရာစော၊ လယ်တီပဏ္ဍိတ ဦးမောင်ကြီး၊ ဆရာလွန်း (ဆရာကြီးသခင်ကိုယ်တော်မှိုင်း) တို့ထံ တပည့်ခံ၍ ဆည်းပူးလေသည်။ ထိုဆရာကြီးများ ၏သင်ကြားမှုကြောင့်မြန်မာစာပေ၊ မြန်မာ့သမိုင်းတို့ဘက်တွင် ထွန်းထွန်းပေါက်ပေါက် ဖြစ်လာသည်။

ကိုဖိုးကျားသည် ကောလိပ်တွင်လည်း မြန်မာစာပေ၊ မြန်မာ့သမိုင်းတို့ကို အထူးလေ့လာလိုက်စားသည်။ မြန်မာမှုတို့ကို အထူးအရေးတယူ ပြုလာသည်။ ထို့ကြောင့် ကိုဖိုးလတ်၊ ကိုမြင့်တို့နှင့်အတူ ဂျပ်ဆင်ကောလိပ်တွင်ဗုဒ္ဓဘာသာအသင်း
ကိုတည်ထောင်ခဲ့လေသည်။ဘီအေ(၀ိဇ္ဇာ) အောက်တန်းသို့ ရောက်သောအခါ
၊ မြန်မာစာပေဘက်တွင် ပိုမိုနှံ့စပ် တတ်သိကျွမ်းကျင်လာသည်။ သို့တိုင်အောင် တင်းတိမ်အားရခြင်းမရှိသေးသဖြင့်ဗဟန်းဓမ္မသုခကျောင်းတိုက် ကြောင်လိမ်ကျောင်းဆရာတော်ဦးကဿပထံမှ လောကီ၊ လောကုတ္တရာစာပေများကိုလည်းဆည်းပူး
သင်ကြားပြန်သည်။ ထိုဆရာတော်ထံမှ မြန်မာစာပေဆိုင်ရာ ပုရပိုက်များကိုလည်း ရရှိခဲ့သည်။

ယင်းသို့ဖြင့် ၁၉၂ဝ ပြည့်နှစ်သို့ ရောက်သောအခါ ရန်ကုန်တက္ကသိုလ် ဥပဒေကိစ္စနှင့် စပ်လျဉ်း၍ ကျောင်းသားများလှုပ်လှုပ်ရှားရှား ဖြစ်လာသည်ဂျပ်ဆင်ကောလိပ်မှ
၊ ကျောင်းသားကြီးများသည် သပိတ်မမှောက်ရန် ကန့်ကွက်ခဲ့သော်လည်း အများဆန္ဒအရသပိတ်မှောက်ကြသောအခါထိုကျောင်းသားကြီးများပင် ခေါင်းဆောင်
ခဲ့ကြသည်။ ထိုကျောင်းသားကြီးများတွင် ကိုဖိုးလတ်၊ ကိုမြင့်၊ ကိုဖိုးကျားတို့ ပါဝင်ခဲ့လေသည်။ ကိုဖိုးကျားသည် စကားအရာ လိမ္မာကျွမ်းကျင်၍ အပြောအဟော ကောင်းသူတစ်ဦးလည်း ဖြစ်သောကြောင့် မြန်မာပြည် နယ်အရပ်ရပ်သို့ လှည့်လည်၍ သပိတ်တရားဟောရာ နိုင်ငံပိုင် အစိုးရမင်းများ၏ ဥပဒေနှင့် ငြိစွန်းသည်ဆိုကာ ဒဏ်ငွေတစ်ရာကျပ် တပ်ခြင်းခံရသည်။

ထိုစဉ်က ကျောင်းသားသပိတ်အရေးကား တစ်နိုင်ငံလုံး သိမ့်သိမ့်တုန်ခဲ့သည်။ ပြည်သူလူထု၏ အကူအညီကိုလည်း ရက်ရက်ရောရော ရရှိခဲ့သည်။ ထိုကြောင့် ဗြိတိသျှအစိုးရ၏ ပညာရေးနှင့် စင်ပြိုင်အမျိုးသားတက္ကသိုလ်၊ အမျိုးသားကျောင်းများ ပေါ်ပေါက်လာခဲ့သည်။ ထိုအမျိုးသား ပညာရေးလောကတွင် ကိုဖိုးကျားသည် တက်ကြွစွာ ပါဆောင်ရွက်ခဲ့သည်။ ၁၉၂၁ ခုတွင် အမျိုးသား ပညာရေးကောင်စီ (C.N.E) ၌ ဦးစိုးဝင်း၊ မစ္စတာအိုင်းယားတို့နှင့်အတူ အမျိုးသားပညာရေးကို အားကြိုးမာန်တက် ဆောင်ရွက်၍ အမျိုးသား ပညာဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၂ဝ ပြည့် ကျောင်းသားသပိတ်အရေးအပေါ်မီကအင်္ဂလိပ်-မြန်မာ နှစ်ဘာသာသင်
၊ကျောင်းများ၌ မြန်မာစာ၊ မြန်မာ့သမိုင်းသင်သည်ဆိုသည်မှာမည်ကာမတ္တမျှသာ
၊ ဖြစ်သည်။အမျိုးသားကျောင်းများ ပေါ်ပေါက်လာသောအခါ မြန်မာစာ၊ မြန်မာ့သမိုင်း
တို့ကိုအလေးဂရုပြု၍သင်ကြားလာသည်။ထိုအရေးတို့တွင်ဦးဖိုးကျားတို့၏
၊ ဆောင်ရွက်မှုများစွာ ပါဝင်လေသည်။

ဦးဖိုးကျားသည် ကျောင်းသားကြီးဘဝကပင် စာပေအရေးအသားကို အစပြုခဲ့သည်။ အမျိုးသားကျောင်းများ ပေါ်ပေါက်လာသောအခါထိုကျောင်းများ၌ မြန်မာစာပေ၊
၊ မြန်မာ့သမိုင်းတို့ကိုအလေးထား၍သင်ကြားကြရသည်။ထိုအခါဦးဖိုးကျားသည်
၊ မြန်မာ့သမိုင်း၊ မြန်မာ့ရာဇ၀င်ကို ကျောင်းများ၌ သင်ကြားလေ့လာနိုင်စေရန် လွယ်ကူသော စကားပြေအရေးအသားဖြင့် “မြန်မာ့ဂုဏ်ရည်” ဟူသော အမည်ဖြင့် ရာဇဝင်စာအုပ်တစ်အုပ် ရေးသားပြုစုခဲ့သည်။

ဦးဖိုးကျားက “မြန်မာ့ဂုဏ်ရည်” စာအုပ်နိဒါန်းတွင် -
“…..ရှေးအတိတ်ကာလက နှလုံးရည်၊ ပညာရေးလက်ရုံးရည်တို့နှင့် ပြည့်စုံကြပေသော မြန်မာပြည်သား တိုင်းရင်းသားတို့၏ အကြောင်းအရာကို တွေ့မြင်ဖတ်ရူကြပါက နောင်လာနောက်သား ဤပြည်သား များမှာလည်း၎င်းတို့တပဲမလွဲသောပုံစံယူ၍ မြင့်မြတ်သောအခြေသို့ ရောက်ရှိပြီးလျှင်
၊ လောကီ၊ လောကုတ္တရာ နှစ်ဖြာသော အကျိုးများကို သယ်ပိုးနိုင်ပါစေသော ဟု မနောရှေးရူ စိတ်ထားပြုလျက်” စသည်ဖြင့် ရေးသားခဲ့လေသည်။

ဤတွင် နှလုံးရည်၊ပညာရည်၊လက်ရုံးရည်ဆိုသည်မှာအဘယ်နည်း။
နှလုံးရည်ဆိုသည်မှာ ရိုးသားတည်ကြည်ခြင်း၊ သူတစ်ပါးအကျိုး၊ ကိုယ့်အကျိုး၊ လောကီ၊ လောကုတ္တရာအကျိုးကို ဆောင်ရွက်ခြင်း၊ မှန်ရာကို ကြံဝံ့၊ ပြောဝံ့သော သတ္တိရှိခြင်း စသည် ဖြစ်သည်။ ပညာရည်ဆိုသည်မှာ စာပေကျမ်းဂန် တတ်မြောက်ခြင်း၊ နှုတ်မှု လက်မှု ၊ စက်မှုတတ်မြောက်ခြင်း စသည်တို့ ဖြစ်သည်။ လက်ရုံးရည် ဆိုသည်မှာ ကျန်းမာခြင်း၊ ဓါးခုတ်၊လှံထိုး သေနတ်ပစ်ကျွမ်းကျင်ခြင်း စသည် ဖြစ်သည်။ ထိုအရည်သုံးပါးကို ပေးစွမ်းနိုင်သော ပညာမျိုးသာလျှင် ပညာစစ်သည်။ ထိုပညာမျိုးမှာလည်း တိုင်ရေးပြည်ရေး စီးပွားရေး သာသနာရေး အလုံးစုံ၏ အခြေခံစင်စစ် ဟူ၍ ဦးဖိုးကျားက ယူဆလေသည်။

သို့ဖြင့် ဦးဖိုးကျားသည် ကျောင်းသားအပါအ၀င် ရှင်လူများအဖို့ အရည်သုံးပါးပြည့်စုံသူတို့ နမူနာ ယူနိုင်စေရန် ရည်ရွယ်ချက်ဖြင့် “မြန်မာ့ဂုဏ်ရည်” ကို ရေးခဲ့ခြင်း ဖြစ်သည်။ ယင်းစာအုပ်ထဲတွင် ပျူစောထီး၊ ကျန်စစ်သား၊ အနန္တသူရိယ၊ မိဖုရားစော၊ သူခိုးငတက်ပြား၊ မဟာပညာကျော်၊ ဖိုးရာဇာ၊ အမတ်ဒိန်၊ လဂွန်းအိန်၊ စကားတောင်စား၊ သာလွန်မင်း၊ မဟာဗန္ဓုလ စသူတို့၏ အတ္ထုပ္ပတ္တိအတို (၁၃၇) ပုဒ် ပါလေသည်။ ထိုစာအုပ်သည် အမျိုးသားကျောင်းသုံးလည်း ဖြစ်ခဲ့သည်။ နောင်အခါ အစိုးရကျောင်းများကလည်း လိုက်၍ သုံးခဲ့ပြန်လေသည်။

ထို့နောက် ၁၉၃၇ ခုနှစ်တွင် “အလယ်တန်း ခေတ်မီ မြန်မာရာဇ၀င်အကျဉ်းချုပ်” ဟူသော စာအုပ်တစ်အုပ်ကို ရေးသားပြုစုခဲ့လေသည်။ အဆိုပါ စာအုပ်ကို ကျောင်းသားလူငယ်များ၊ မျိုးချစ်စိတ်ထကြွလာအောင် သင်ခန်းစာရအောင် ရေးခဲ့ခြင်းဖြစ်သည်။ ဦးဖိုးကျားသည် ရာဇ၀င် သမိုင်းဘက်ဆိုင်ရာ စာအုပ်စာတမ်းများသာမက ဘုရားဟော ငါးရာ့ငါးဆယ် နိပါတ်တော်တို့ကို ကျောင်းများ၌ လေ့လာသင်ကြားနိုင်ရန်နှင့် ဗုဒ္ဓအယူဝါဒီ မြန်မာလူမျိုးတို့ လွယ်လင့်တကူ ဖတ်ရူနိုင်စေရန် “ငါးရာ့ငါးဆယ်ကောက်နုတ်ချက်များ” (အတွဲ ၁၊ ၂၊ ၃) ဟူ၍လည်း ပြုစုရေးသားခဲ့သည်။ ထို့ပြင် “ဦးပုညအတ္ထုပ္ပတ္တိနှင့် ရေသည်ပြဇာတ်” ၊ “ဦးပုညအတ္ထုပ္ပတ္တိနှင့် ၀ိဇယပြဇာတ်”၊ “ပေါရာဏအဘိဓာန်”၊ “ပုသိမ်ရာဇဝင်နှင့် ဦးထွန်းရှိန်အတ္ထုပ္ပတ္တိ” စသည်တို့ကိုလည်း ပြုစုခဲ့ရာ ဦးဖိုးကျားသည် မြန်မာစာပေ သုတေသီ ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်းလည်း သိသာထင်ရှားပေသည်။

ပညာဝန်အဖြစ် ဆောင်ရွက်စဉ် အတွေ့အကြုံများကိုလည်း “ကိုယ်တွေ့ဝတ္ထုများ” အမည်ဖြင့် တိုးတက်ရေး မဂ္ဂဇင်းတွင် ရေးသားခဲ့ပြီးနောက် နောင်အခါ စာအုပ်အဖြစ် အမှတ်(၁)မှ(၄)အထိရိုက်နှိပ်ထုတ်ဝေခဲ့သည်။ထိုဝတ္ထုများသည် မြန်မာအမျိုးသားတို့၏ ၊ ခေတ်နောက်ပြန်ဆွဲအယူအဆ၊ဓလေ့ထုံးစံတို့ကို ပြုပြင်ရေးအတွက် ရေးသား
ထားခြင်းဖြစ်ရာအရေးအသားကလည်း ကောင်းမွန်လှသဖြင့် ကျော်ကြားထင်ရှားသော စာအုပ်များ ဖြစ်သည်။

ထိုစာအုပ်များအပြင် ကိုးကွယ်မူနှင့် စပ်ဆိုင်သော စာအုပ်သုံးအုပ်ကိုလည်း ရေးသားထုတ်ဝေ ခဲ့သေးသည်။ ထိုစာအုပ်သုံးအုပ်သည် “၃၇ မင်း” ၊ “အလောင်းတော်ကဿပ “ နှင့် “မြောက်ပိုင်းဗုဒ္ဓဘာသာ မဟာယာနဂိုဏ်း” စာအုပ်များ ဖြစ်ကြသည်။ ဦးဖိုးကျား၏ “၃၇- မင်း ၊ ဒတ္တရဋ္ဌ ၊ ၀ိရဋ္ဌက စသော ပုဂံခေတ် ၃၇-မင်း ၊ သကြားမင်း ၊ မဟာဂီရိနတ် စသော ရွှေစည်းခုံ ဘုရားတံတိုင်းအပြင်ရှိ ၃၇ မင်းစာရင်းများ ပါလေသည်။ အပြင် ၃၇ မင်း ဦးရေတွင်လည်း နတ်တစ်ဦးစီ၏ အတ္ထုပ္ပတ္တိကို ဆင်ယင်ထုံးဖွဲ့မူ ၊ ကိုယ်လက်အနေအထား စသည်တို့ကို အသေးစိတ် ဖော်ပြထားသည်။ တစ်ဖန် အပြင် ၃၇ မင်းစာရင်းနှင့်စပ်၍ ၀န်ကြီးပဒေသရာဇာ၏ စာရင်း ၊ မြ၀တီမင်းကြီး ဦးစ၏ စာရင်းနှစ်ခု ကွဲလွဲချက်များနှင့် ယခုခေတ် နောက်တိုး ဦးရှင်ကြီး ၊ ကိုးမြို့ရှင် ၊ မအောင်ဖြူ စသော နတ်များကိုလည်း ဖော်ပြထားသည်။

“အလောင်းတော်ကသာပ” မှာမူ ဦးဖိုးကျား၏ ကျမ်းစာအုပ်များအနက် အဆင့်အတန်းမြင့်သော စာအုပ်ဟု တိုရလိမ့်မည်။ သူသည် အထက်ချင်းတွင်းဘက်ရှိ အလောင်းတော်ကဿပ တည်နေရာသို့ သွားရောက်လေ့လာပြီးနောက် ကျမ်းဂန်များနှင့် ညှိနှိုင်း၍ ရေးခဲ့သည်။ ရည်ရွယ်ချက်မှာ အထက်ချင်းတွင်း ဒေသန္တာရ ဗဟုသုတကိုလည်း ပြလိုသည်က တစ်ချက် ၊ လက်ရှိရုပ်တုကို ဂေါတမဘုရားရှင်လက်ထက်မှ ရဟန္တာရှင် မဟာကသာပအလောင်း ဟူ၍ အများယူဆနေကြသည်မှာ မမှန်၊ ထိုရုပ်တုသည်ပုဂံခေတ် ပေါင်လောင်ရှင်ကဿပ၏ ရုပ်တုသာဖြစ်သည်ဟု ဆင်ခြင်ထုတ်ပြလိုသည်ကတစ်ချက် ဖြစ်လေသည်။ သေချာအောင်လည်း ကျမ်းဂန်လာ ကဿပကိုးဦးကို အထောက်အထားနှင့် တစ်ဦးစီ တင်ပြထားသည်။ ရှင်ကဿပအကြောင်း အကြောင်းကိုလည်း ခိုင်ခိုင်လုံလုံ တင်ပြထားသည်။ “မြောက်ပိုင်းဗုဒ္ဒဘာသာ မဟာယာနဂိုဏ်း” စာအုပ်တွင် ဝေသာလီပြည်၌ ဒုတိယ သင်္ဂါယနာတင်ချိန်ကစ၍ ဗုဒ္ဒဘာသာသည် ထေရဝါဒဂိုဏ်း ၊ မဟာင်္သဂီတိဂိုဏ်းကွဲပုံ ၊ ထိုမှ (၁၈) ဂိုဏ်း ထပ်မံကွဲပြားကြပုံကို တင်ပြထားလေသည်။ တစ်ဖန် ဂိုဏ်းဂဏကွဲပြားသမျှတွင် ထေရဝါဒဂိုဏ်းသာလျှင် ဘုရားဟောမူရင်းနှင့် ထပ်တူဖြစ်ပုံကို တင်ပြထားလေသည်။

ဦးဖိုးကျားသည် သတင်းစာ ၊ ဂျာနယ် ၊မဂ္ဂဇင်းတို့၌လည်း ထူးခြားထက်မြက်သော ဆောင်းပါးများကို ရေးသားခဲ့သေးသည်။

ဦးဖိုးကျားသည် လွယ်ကူရှင်းလင်းသော စကားပြေ အရေးအသားကို ရေးစွမ်းနိုင်သူဖြစ်သည်။ အရေးအသား၌ ပင်ကိုယ်ဟန်ရှိသည်။ ဖျက်လက်သွက်လက်၍ စိတ်ပါဝင်စားဖွယ်ကောင်းသည်။ တိုတိုနှင့် လိုရင်းသို့ ရောက်အောင် ဒိုးဒိုးဒေါက်ဒေါက် ရေးစွမ်းနိုင်လေသည်။

ဦးဖိုးကျားသည် ၁၉၂၉ ခုနှစ် ၊ မေလတွင် မက္ကဆင် (အင်္ဂလိပ်သွင်းကုန်နှင့်အာမခံ) ကုမ္ပဏီစာရေးကြီး ဦးမောင်ကလေး ၊ သိမ်ကြီးဈေးကွမ်းရွဲကြီး ဒေါ်ဒေါ်သိန်းတို့၏ သမီးကြီး မအေးကြည်နှင့် ထိမ်းမြား လက်ထပ်သည်။ သား ဇော်ဝင်းကျား (အင်းဝ စာအုပ်တိုက်စာရေး ၊ ကွယ်လွန်) တစ်ယောက် ထွန်းကားခဲ့သည်။ ဒေါ်အေးကြည်သည် မြန်မာသက္ကရာဇ် ၁၃ဝဝ ပြည့်နှစ် (ခရစ် ၁၉၃၉) တွင် ကွယ်လွန်ခဲ့လေသည်။

ဦးဖိုးကျားသည် ဒုတိယကမ္ဘာစစ်ကြီးဖြစ်သည် အထိ အမျိုးသားပညာဝန်အဖြစ် ဆောင်ရွက်သည်။ အမျိုးသားကျောင်းများကို ကူညီထောက်ပံ့မူ့နည်းလာ၍ အမျိုးသားကျောင်းများ ခေတ်မှိန်လာသည့်တိုင်အောင် ထိုရာထူး၌ပင်ဆက်လက်ထမ်းရွက်ခဲ့သည်။ဦးဖိုးကျား၏အမည်သည်ကား မှေးမှိန်ခြင်း
မရှိဘဲ မြန်မာစာပေ လောကတွင် ပိုမို ထင်ရှား ထွန်းပြောင်လာသည်။

ယင်းသို့ရှိနေစဉ် ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားလာရာ ဦးဖိုးကျားတို့ အိမ်သားများ
သည်အင်းစိန်ခရိုင်ထန်းတပင်မြို့သို့စစ်ဘေးတိမ်းရှောင်နေကြရာမှ မြန်မာသက္ကရာဇ် ၁၃ဝ၃ ခုနှစ် ၊ နှောင်းတန်ခူးလပြည့်ကျော် (၁၂) ရက် (ခရစ် ၁၉၄၂ ခုနှစ် ၊ ဧပြီလ ၁၁ ရက် ) စနေနေ့တွင် ကွယ်လွန်ခဲ့လေသည်။ မြို့ခံလူများနှင့် မိသားစုများက ဦးဖိုးကျား၏ အသုဘကို တောထုံးစံ ငါးရက်ထားပြီးနောက် ဧပြီလ (၁၆) ရက်နေ့တွင် ထန်းတပင်မြို့ထိပ် ဘုန်းကြီးကျောင်းအနီးရှိ သုသာန်၌ မြေမြုပ်သင်္ဂြိုဟ်ခဲ့လေသည်။

သို့ရာတွင် ဦးဖိုးကျား၏ ကျန်ရစ်သော ရုပ်ကလာပ်သည် ထန်းတပင်မြို့၌ ကြာရှည်စွာမနေခဲ့ရပေ။၁၉၅၃ခုနှစ်တွင်(ဦးဖိုးကျားနှင့်သပိတ်မှောက်ဖက်ဖြစ်ခဲ့၍
၊ နောင်ယဉ်ကျေးမှုဝန်ကြီးဖြစ်လာသူ ) ဦးထွန်းဖေ ၊ ဗမာ့ခေတ်သတင်းစာတိုက် ပိုင်ရှင် ဦးအုန်းခင် (မိုးကြိုး ဦးအုန်းခင်) စာရေးဆရာ ဦးရန်အောင်တို့နှင့် ပုသိမ်ခရိုင် အသင်းတို့ ပူးပေါင်း ကမ္မကထပြု၍ ထန်းတပင်သုသာန်မှ ဦးဖိုးကျား၏ အရိုးကို တူးဖော်ခဲ့ကြသည်။ ထိုနောက် အရိုးအိုးကို ရန်ကုန်သို့ယူဆောင်ကာ ကြံတောသုသာန်၌ ဂူသွင်း၍ အောက်ပါအတိုင်း ကမ္ပည်းထိုးခဲ့ကြလေသည်။

စာရေးဆရာကြီး
အမျိုးသားပညာဝန်
ဦးဖိုးကျား
အသက်(၅၂) နှစ်
၁၉၄၂ ခု ၊ ဧပြီလ (၁၁) ရက်နေ့
ကွယ်လွန်အနိစ္စရောက်သည်။
 

0 comments:

Post a Comment

Author

တစ်လ အတွင်းလူဖတ်အများဆုံး

Blog Archive

..
.
...