၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ည ပင်လုံမြို့ စော်ဘွားများ ထမင်းစားပွဲတွင် မြွက်ကြားချက်
ယခုအစည်းအဝေးတွင် ရာ ထူးအားဖြင့် ကျွန်တော်အကြီးဆုံး ဖြစ်သော်လည်း အသက်အားဖြင့် အငယ်ဆုံး ဖြစ်ပါတယ်။ ကျွန် တော်သည်ကို ရောက်လာတဲ့ကိစ္စ နားလည်တာတစ်ခုရှိပါတယ်။ ဘာလဲဆိုလျှင် မြန်မာပြည်ကြီး လွတ်လပ်စေချင်တယ်။ ညီညွတ် စေချင်တယ်။ ကြီးပွားစေချင် တယ်။ သည်ဟာပါပဲ။ တိုင်းပြည် လွတ်လပ်အောင်၊ ညီညွတ်အောင်၊ကြီးပွားအောင် ဘယ်လိုလုပ်ရမ လဲဆိုတာကို လွန်ခဲ့တဲ့ ၁၀ နှစ် လောက်ကစပြီး ကြိုးစားလာပါ တယ်။ နောင်လည်း ကြိုးစားပါဦး မယ်။ လုံးလုံးလွတ်လပ်တဲ့ကိစ္စ ပြီးပြတ်သည်အထိ ကြိုးစားပါမယ်။
ယခု နားလည်ထားကြဖို့ အ ချက်က ယခုခေတ်ကမ္ဘာကြီး၏ အခြေမှာ ဘယ်တိုင်းပြည်မဆို ကိုယ့်တိုင်းပြည်တစ်ပြည်တည်း အထီးတည်းနေနိုင်တဲ့ အခြေမျိုးမရနိုင်ဘူး။ တစ်ပြည်နှင့် တစ်ပြည်ပေါင်းစပ်အမှီသဟဲရှိမှ နေနိုင်ကြမည်ဆိုတဲ့ အချက်ပါပဲ။
လူမျိုးစုအရေးကြီးပုံ
နောက်တစ်ချက်က လူမျိုး ရေးအကြောင်းကို ပြောလိုပါ တယ်။ လူမျိုးရေးဆိုတာမှာလည်း ရှေးခေတ်က ဟစ်အော်လာကြတဲ့ (အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ)ဆိုတဲ့ စကားမျိုးကို လက်သုံးပြုလို့ မလုံလောက်တော့ဘူး။ အမျိုးဆို ရာမှာ ဘယ်လိုအမျိုးကို တည်ရမလဲ။ ဗမာ၊ ကရင်၊ ကချင်၊ ချင်း နှင့် တခြားအမျိုးများလည်း ရှိသေးတယ်။ တခြားနိုင်ငံများကို ကြည့်လိုက်လျှင် ဗမာပြည်မှာလို တိုင်းရင်းသားလူမျိုးအများရှိတာကို တွေ့နိုင်ပါတယ်။ တရုတ်ပြည်၊ ဂျပန်ပြည်နှင့် ရုရှားပြည်တို့မှာ လည်း သည်အတိုင်းပဲ။ အမေရိ ကန်ပြည်မှာလည်း အင်္ဂလိပ်စကားကို ပြောကြသော်လည်း အင်္ဂလိပ်၊ အီတလီစတဲ့ လူအမျိုးမျိုးတို့ စု ပေါင်းပြီး လူမျိုးတစ်မျိုးဖြစ်အောင် ထူထောင်ပြီး သူတို့ကိုယ်ကိုယ် အ မေရိကန်လို့ ဆိုကြတာပဲ။ ဒါကြောင့်လူမျိုးရေးအားဖြင့် ကြည့်လျှင် လူ မျိုးတစ်မျိုးတည်းကို လိပ်ခဲတည်း လည်းစွဲပြီး ယူဆလို့ မဖြစ်နိုင်ဘူး။
ဘာသာစကားကွဲပြားကြသော်လည်းဘာသာစကားပင်တူသော် လည်း လူမျိုးခြားနားမှုလည်း ရှိပါ တယ်။ ဘာသာပင် မတူသော် လည်း လူမျိုးသီးခြားဖြစ်နေတာ လည်း ရှိပါတယ်။ ဥပမာ- အမေရိကန်ကိုကြည့်လျှင် လူအမျိုးမျိုးဖြစ်သော်လည်း ဘာသာစကားတူပါ တယ်။ ရုရှားပြည်မှာဆိုလျှင် ဘာ သာစကားအမျိုးပေါင်းများစွာ ကွဲ သော်လည်း လူမျိုးကတော့ တစ်မျိုးတည်း ဖြစ်ပါတယ်။
ဘာသာကို စွဲလမ်းကွဲပြားမှု
သာသနာဆိုတာကတော့ ကိုယ်ကိုးကွယ်ချင်တဲ့ ဘာသာ၊ သာသနာကို ကိုးကွယ်နိုင်ကြတာ ပဲ။ ဗမာပြည်မှာ လူအများစုက ဗုဒ္ဓ ဘာသာဖြစ်ပေမယ့် ခရစ်ယာန် ဘာသာ ကိုးကွယ်သူ၊ မဟာမေဒင်ဘာသာကိုးကွယ်သူ၊ နတ်ကိုး ကွယ်သူ အမျိုးမျိုးရှိတာပဲ။ သည် တော့ ဒါတွေကိုစွဲပြီး လူမျိုးရေး တရားလုပ်လို့ မဖြစ်နိုင်ဘူး။
ညီညီညွတ်ညွတ်လုပ်ကြရန်
စစ်ကြီးအတွင်းက ကျွန်တော်ဝန်ကြီးလုပ်တုန်းမှာ ကရင်အမျိုး သားတပ်ရင်းဖွဲ့စဉ်တုန်းက ထ မင်းစားပွဲတစ်ခုမှာ ကရင်စစ်သား တစ်ဦးက လူမျိုးအချင်းချင်းညီ ညွတ်ဖို့အကြောင်း ပြောတဲ့အထဲ မှာ (ဗမာက ဖဲရိုက်၊ ကရင်က ငါး မျှား)ဆိုတာလို အတူတူပါပဲလို့ ပြောတာကို သတိရပါတယ်။ ကိုယ့်ဒေသအလိုက်၊ ကိုယ်ယုံကြည်တာကို ကိုယ်ကိုးကွယ်နေထိုင်ကြပြီး တစ်တိုင်းတစ်ပြည်လုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စကြီးမှာ ညီညီညွတ်ညွတ်လုပ်ကြရင် ဒါဟာ တစ်မျိုးတည်းလို့ ယူဆကြရမယ်။
တစ်မိန့်တည်း သဘောတရား
အချင်းချင်းသဘောကွဲလွဲမှု မျိုးဆိုတာကတော့ နည်းနည်းပါး ပါးတော့ရှိမှာပဲ။ ဒါပေမဲ့ သူတစ် ပါးနိုင်ငံက ကိုယ့်နိုင်ငံကို လာ ရောက်စော်ကားလို့ အသက်ကို စွန့်ပြီး မလျှော့တမ်းကာကွယ် တိုက်ခိုက်တာကတော့ အားလုံးနဲ့ သက်ဆိုင်တဲ့ အလုပ်မျိုးဖြစ်တာ ပဲ။ တိုက်ခိုက်ကြတဲ့အခါမှာ စစ် သေနာပတိဟာ ကရင်ဖြစ်ချင်ရင် လည်း ဖြစ်မယ်။ ကချင်။ ချင်းဖြစ် ချင်ရင်လည်း ဖြစ်မယ်။ ဘယ်သူ ဖြစ်ဖြစ် တစ်မိန့်တည်း လိုက်နာ ဆောင်ရွက်ကြရမှာပဲ။
အဆင်းရဲခံပြီး လုပ်ကြရမယ်
တစ်တိုင်းပြည်လုံးကြီးပွားစေချင်ရင် လူအား၊ ငွေအား၊ ပစ္စည်း အားနဲ့ စုပေါင်းပြီး အင်တိုက်အား တိုက်လုပ်နိုင်မှ အကျိုးခံစားခွင့်ရှိ ကြမှာပဲ။ ဗမာကတစ်မျိုး၊ ကရင် ကတစ်ဖုံ၊ ရှမ်း၊ ကချင်၊ ချင်းတို့က တခြား အကွဲကွဲအပြားပြားလုပ် နေကြရင် အကျိုးရှိမှာ မဟုတ်ဘူး။စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မယ်။ လုပ်ကြည့်မှလည်း အကျိုးရှိ ကြောင်း သိနိုင်တယ်။ ပထမကျုပ် တို့ အဆင်းရဲခံရမယ်။ ယခုအခါ အင်္ဂလန်ပြည်မှာ အစားအသောက်၊ အ၀တ်အထည်များမှစ၍ အတော် ချွေတာပြီး အဆင်းရဲခံနေကြ တယ်။ ဒါဘာလဲဆိုရင် တစ်ပြည်လုံးအတွက် အကျိုးရှိအောင်လုပ်နေကြခြင်း ဖြစ်တာပဲ။ သူတို့လုပ်နည်းက ပထမအဆင်းရဲခံပြီး နောင်အကောင်အထည်ပေါ်ပြီး အကျိုးရှိမှာ သေချာပေါက် ဖြစ်နေတယ်။
လွတ်လပ်တဲ့ ဘ၀မျိုးဖြစ်လျှင်
ဒီထက်ပိုပြီး ခရီးရောက် အောင် ဆောင်ရွက်ချက်တစ်ခု ထားဖို့ နားလည်စေချင်တာက အင်ဒိုချိုင်းနား၊ အင်ဒိုနီးရှားစတဲ့ အရှေ့ဘက်နိုင်ငံများ စုပေါင်း ဆောင်ရွက်နိုင်တဲ့အား ဖြစ်တယ်။ အဲဒီအားမျိုးရှိရင်တော့ ကမ္ဘာ့ထိပ် တန်းအခြေစိုက်ရောက်နိုင်မှာပဲ။ နောက်ဆုံးကျုပ်ပြောချင်တာက အင်္ဂလိပ်နဲ့ ကျုပ်တို့ဟာ (ကျွန်နှင့် သခင်)ဘ၀မျိုးတွင် မတည့်နိုင်ကြ ပေမယ့် လွတ်လပ်တဲ့ ဘ၀မျိုးဖြစ် လျှင် မိတ်ဆွေအဖြစ်နှင့် သင့်မြတ် ချစ်ခင်ကြလိမ့်မယ်လို့ မျှော်လင့် ပါတယ်။ (မူရင်းသတ်ပုံအတိုင်း)
========
‘‘ပြည်ထောင်စုနိုင်ငံ ထူထောင်ကြစို့’’
ဒီတော့ လူမျိုးရေးပြဿနာနဲ့ ပတ်သက်ပြီး ကျွန်တော် တော်တော် စုံစုံလင်လင်ပြောပြပြီးတဲ့ နောက်ကျွန်တော်တို့ ဗမာပြည်သစ်ကို တည်ထောင်တော့ ပြည်ထောင်စုသဘောတည်ထောင်မလား၊ လူမျိုးကြီး တမျိုးတည်းပဲဆိုတဲ့ တိုင်းပြည်မျိုး (UnitaryState) တည်ထောင်မလားဆိုတဲ့ မေးခွန်းကို ဖြေဆိုလိုတယ်။ ကျွန်တော့် အမြင်အရဆိုရင်တော့ အထက်လူမျိုးရေးအရ ရသင့်ရထိုက်တဲ့ အခွင့်အရေးမျိုးတွေကို စည်းကမ်းသတ်မှတ်ပေးပြီးတော့ (Unitary State) လူမျိုးကြီး တစ်မျိုးတည်းဆိုတဲ့ နိုင်ငံမျိုးတော့ ထောင်လို့မဖြစ်ဘူး။ ပြည်ထောင်စုသဘောမျိုးပဲ ဖြစ်ရမှာပဲ။ ဒါပေမဲ့ ပေါင်းခါမှ ဆေးအတွက်လေးတဲ့ ပြည်ထောင်စု မျိုး၊ လီနင်ပြောသလို တစ်စိတ်တစ်ဒေသက တစ်ခုလုံးကို ဆန့်ကျင်တဲ့ (The Part Contradicting the whole) ပြည်ထောင်စုမျိုးဆိုရင်တော့ မဖြစ်နိုင်ဘူး။ အထူးသဖြင့် ပြည်ထောင်စုဟာ စီးပွားရေးတိုးတက်မှုကို စုပေါင်းပြီး စနစ်တကျ စီစဉ်နိုင်မယ့် ပြည်ထောင်စုမျိုးဖြစ်ရလိမ့်မယ်။ ဒါမှ လူမျိုးအားလုံး တိုင်းသူပြည်သား အများဆုံးတိုးတက်မှုကို လုပ်နိုင်မှာပဲ။ ပေါင်းတယ်ဆိုတာအချင်းချင်း ကောင်းကျိုးရှိအောင် ပေါင်းကြတာဖြစ်ပြီးဆိုးကျိုးရှိအောင် ပေါင်းတာမျိုး ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။
၁၉၄၇၊ မေလ ၁၉ ရက်တွင် ပြောကြားခဲ့သောဗိုလ်ချုပ်အောင်ဆန်း၏ ဖဆပလ ပဏာမပြင်ဆင်မှုညီလာခံမိန့်ခွန်းမှ ကောက်နုတ်ချက်
Credit >>> 7 Day Daily
တင်စိုး-ဘောဂဂုဏ်, ပန်းဝေဝေ, ဗိုလ်ချုပ်အောင်ဆန်း, ဗိုလ်ချုပ်အောင်ဆန်းရာပြည့်, ဗိုလ်သိမ်းဆွေ, အာဇာနည်သွေး-ဆရာစံမြေ, မောင်ကျော်ရင်, နိုင်ငံရေး
0 comments:
Post a Comment