Sunday, March 8, 2015

အလုပ်အကိုင်ပြောင်းဖို့စဉ်းစားနေလား?



သင်အလုပ်အကိုင်ပြောင်းဖို့စဉ်းစားနေပါသလား? အခုလုပ်နေတဲ့
အလုပ်ကိုမကြိုက်ဘူးလား? သင့်လုပ်နေတဲ့အလုပ်အကိုင်မှာ
မပျော်မွေ့ဘူးဆိုရင်တော့ ထိုနေရာမှာသင်အောင်မြင်ဖို့ဆိုတာ
မဖြစ်နိုင်ပါဘူး။ ဒီဆောင်းပါးလေးမှာတော့ အလုပ်အကိုင်ပြောင်း
မယ်ဆိုရင် သင်စဉ်းစားသင့်တဲ့ အဓိကအချက်ငါးချက်ကို
ဖော်ပြထားပါတယ်။
Dream (စိတ်ကူးပါ။စဉ်းစားပါ။)
သင့်ရဲ့စိတ်ဝင်စားမှုတွေကို ပြန်လည်စဉ်းစားဆုံးဖြတ်ပါ။ အသက်မွေး
ဝမ်းကြောင်းပြောင်းတာနဲ့ပက်သက်တဲ့ အင်တာနက်ဆောင်းပါးတွေ
ဖတ်ပါ။အကယ်၍ပိုက်ဆံသာ လောကကြီးမှာ အရေးမကြီးဘူးဆိုရင်
သင်ဘာလုပ်ဖြစ်မှာလဲစဉ်းစားပါ။ အကယ်၍သင်အလုပ်ကနေ
တစ်နှစ်လောက်နားခွင့်ရမယ်ဆိုရင် ဘာလုပ်မလဲတွေးကြည့်ပါ။
ကဗျာတွေရေးမှာလား၊ အားကစားပြိုင်ပွဲတွေမှာဝင်ပြိုင်မှာလား၊
လုပ်ငန်းကြီးတစ်ခုထောင်မှာလား၊ ပုံနှိပ်လုပ်ငန်းလုပ်မှာလား၊
ကုန်စုံဆိုင်လေးတစ်ဆိုင်ဖွင့်မှာလား၊ စာသင်မှာလား သင်လုပ်မဲ့
အရာ တစ်ခုခုကိုတွေးကြည့်ပါ။
ဘယ်လိုအရာမျိုးမှာ သင့်ဘ၀ကိုမြှုပ်နှံပြီးအလုပ်လုပ်ချင်လဲ
သင့်ကိုယ်သင်ပြန်မေးပါ။ သင်ယခုလုပ်နေတဲ့အလုပ်မှာ သို့မဟုတ်
အရင်ကလုပ်ခဲ့ရတဲ့အလုပ်မှာ ဘယ်လိုအရာမျိုးတွေကို ကြိုက်ခဲ့လဲ
ကိုယ့်ကိုယ်ကိုပြန်မေးပါ။ စူးစမ်းရတာလား၊ ခရီးသွားရတာလား၊
အုပ်ချုပ်ရတာလား၊ ခေါင်းဆောင်ရတာလား၊ ပြသနာဖြေရှင်းရတာလား၊
ဆုံးဖြတ်ချက်ချရတာလား၊ စာရေးရတာလား၊ ဒီဇိုင်းဆွဲရတာလား၊
တီထွင်ရတာလား၊ စသဖြင့် ကိုယ်လုပ်ရတာ ပျော်ခဲ့တဲ့အလုပ်ကို
ပြန်စဉ်းစားပါ။ သင်လုပ်ခဲ့ရတဲ့အလုပ်တွေထဲက သင်နှစ်သက်တဲ့
အလုပ်တွေကို စာရင်းပြုစုပါ။ သင့်ကိုယ်သင်ရိုးသားပါစေ။
သင်လုပ်ချင်တဲ့အလုပ်ကိုလုပ်ဖို့အတွက် စိတ်ကူးယဉ်ရဲပါစေ။
စိတ်ကူးယဉ်တဲ့အဆင့်မှာ အရမ်းကြီးအာရုံစိုက်ဖို့တော့မလိုသေးပါဘူး။
သင့်ရဲ့စိတ်ဝင်စားမှုတွေကို ပြန်သုံးသပ်ရုံပါပဲ။
Determine (ဆုံးဖြတ်ပါ။)
သင့်ရဲ့ဦးစားပေးမှုတွေကဘာတွေလဲ ဆုံးဖြတ်ပါ။ အလုပ်မှာတိုးတက်ဖို့က
အရေးကြီးလား၊ ငွေရေးကြေးရေးအဆင်ပြေမှုက ပိုအရေးကြီးလား
ဆုံးဖြတ်ပါ။ အလုပ်လိုချင်တာလား၊ အသက်မွေးဝမ်းကြောင်းတစ်ခုကို
ရွေးချယ်ချင်တာလားရွေးချယ်ရပါမယ်။ ဘာလို့လဲဆိုတော့
အချို့အလုပ်တွေက စစချင်းမှာလစာအများကြီးမရနိုင်ပါဘူး။
ဒါပေမဲ့ သင်ထိုအလုပ်မှာအတွေ့အကြုံတွေအများကြီးရသွားရင်တော့
ဝင်ငွေကောင်းနိုင်ပါတယ်။ ငွေရေးကြေးရေးအဆင်ပြေမှုက
အရေးကြီးတယ်ဆိုတဲ့သူတွေအတွက်တော့ ထိုအလုပ်မျိုးက
မသင့်တော်ပါဘူး။ အလုပ်မှာတိုးတက်ချင်ပြီး ငွေရေးကြေးရေး
လည်းအရမ်းကြီးတော့မကြပ်တည်းပါဘူးဆိုတဲ့သူတွေအတွက်
ကတော့ ထိုအလုပ်မျိုးကသင့်တော်ပါတယ်။ သင့်ရဲ့တကယ့်တန်ဖိုးကို
ပြန်လည်သုံးသပ်ပါ။ သင့်ရဲ့အရည်အချင်းတွေနဲ့ ဘယ်လိုအလုပ်မျိုးက
သင့်တော်မလဲဆိုတာ သုံးသပ်ပါ။ အိုင်းစတိုင်းရဲ့အဆိုတစ်ခုကတော့
“အောင်မြင်တဲ့သူတစ်ယောက်ထက်တန်ဖိုးရှိတဲ့သူသာဖြစ်အောင်
ကြိုးစားပါ” တဲ့။သင့်ရဲ့ ကျွမ်းကျင်မှုတွေနဲ့အားသာချက်တွေကိုလည်း
စာရင်းပြုလုပ်ထားပါ။ဒါမှ သင့်အရည်အချင်းတွေနဲ့ ကိုက်ညီတဲ့အလုပ်
ကိုရှာနိုင်မှာပါ။
Dig Deep/ Dissect (ခွဲခြမ်းလေ့လာပါ။)
မိမိကျွမ်းကျင်မှု၊စိတ်ဝင်စားမှုတွေနဲ့ အနီးစပ်ဆုံး အသက်မွေးဝမ်းကြောင်း
အလုပ်ကိုစစဉ်းစားပါ။ ထိုအလုပ်ရဲ့ တိုးတက်နိုင်မှု၊ အလုပ်အကြောင်း၊
အကျိုးကျေးဇူး၊ လုပ်ခလစာနဲ့ အခြားတွေ့ကြုံနိုင်တဲ့အခက်အခဲတွေ
အားလုံးကို စဉ်းစားပါ။ မိမိစိတ်ဝင်စားတဲ့အလုပ်နဲ့ပက်သက်သမျှအ
ကြောင်းကို အင်တာနက်မှာရှာဖွေပါ။ ထိုအလုပ်ကိုလုပ်နေသော
သူများနှင့်မိတ်ဆွေဖွဲ့ပါ။ သင်စိတ်ဝင်စားတဲ့အလုပ်နဲ့ပက်သက်သမျှ
သတင်းအချက်အလက်တွေကို စုံစမ်းပါ။ သဘာဝကျစွာ အသေးစိတ်
ခွဲခြမ်းလေ့လာပါ။ သင့်ရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတိုးတက်မှု
မှာ ပိတ်ဆို့နိုင်တဲ့ ကိစ္စတွေကိုကြိုတင်တွက်ချက်ပါ။ ဥပမာခရီးမသွား
နိုင်ခြင်း၊ငွေရေးကြေးရေးအခက်အခဲ၊ ပညာရေးနဲ့ပက်သက်တဲ့
အခက်အခဲ၊ မိသားစုအခက်အခဲ စသဖြင့် ကြုံတွေ့နိုင်တဲ့ အခက်အခဲ
တွေကို ကြိုတင်တွက်ချက်ပါ။အလုပ်အကိုင်နဲ့ပက်သက်ပြီး
အကြံပေးတဲ့သူတွေနဲ့ဆက်သွယ်ပါ။
Decide( ဆုံးဖြတ်ပါ)
သင့်ရဲ့ပင်ကိုယ်ဗီဇတွေ၊စိတ်ဝင်စားမှုတွေကို သင့်အတွက် အလုပ်အကိုင်
ရွေးဖို့ ခွင့်ပြုလိုက်ပါ။ သင့်ရဲ့အိမ်မက်တွေကို ပြင်ပအနှောက်အယှက်တွေ
ကြောင့်အပျက်မခံပါနဲ့။ ကမ္ဘာကျော် ပန်းချီဆရာ ပီကာဆိုကပြောဖူးတယ်
“ကျွန်တော့်အမေက ကျွန်တော့်ကိုပြောခဲ့ဖူးတယ်ဗျ။ တကယ်လို့ နင်စစ်
သားလုပ်ရင် ဗိုလ်ကြီးဖြစ်လာမယ်၊ နင်ဘုန်းကြီးလုပ်မယ်ဆိုရင်တစ်နေ့မှာ
ပုပ်ရဟန်းမင်းကြီးဖြစ်လာလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော် ပန်းချီဆရာ
တစ်ယောက်လုပ်ပြီး Picassoဖြစ်လာခဲ့တယ်။”
Dare(လုပ်ရဲပါစေ)
သင့်ကိုယ်သင်ယုံကြည်ပါ။ သင့်ရဲ့ယုံကြည်ရာကိုလုပ်ဖို့ ရဲရင့်ပါ။ သင့်ရဲ့
ယုံကြည်မှုတွေကို အမြဲတမ်းကြီးမားအောင်လုပ်ပါ။“ကြီးကြီးမားဆုံးရှုံးရဲ
သူတွေသာ ကြီးမားသောအောင်မြင်မှုကိုရနိုင်တယ်”ဆိုတဲ့ဆိုရိုးစကား
တစ်ခုရှိပါတယ်။ ဒါကြောင့် ကျရှုံးရမှာ ဆုံးရှုံးရမှာကိုမကြောက်ပါနဲ့။
မိုးရှင်း (I.M.T)
Ref:themuse.com


မြန်မာစာအုပ်ဆိုင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ



မြန်မာစာအုပ်ဆိုင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ



မြန်မာစာအုပ်ဆိုင် မှ တင်သမျှကို { ဒီမှာ } သွားဖတ်လိုက်လိုက်ပါ




<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာစာအုပ်ဆိုင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>




0 comments:

Post a Comment

Author

တစ်လ အတွင်းလူဖတ်အများဆုံး

Blog Archive

..
.
...