Sunday, March 8, 2015

သင့်ကိုယ်သင်နေ့စဉ် ပြန်မေးသင့်သောမေးခွန်း(၅)ခု



ဘ၀မှာအောင်မြင်ချင်တဲ့သူတိုင်းက မိမိရဲ့တိုးတက်မှုတွေကို အမြဲဆန်းစစ်နေသင့်ပါတယ်။
စီးပွားရေးလုပ်ငန်းတွေမှာအောင်ချင်သူတွေအတွက်တော့ အခုအောက်မှာဖော်ပြထားတဲ့မေးခွန်း(၅)
ခုကို ကိုယ့်ကိုယ်ကိုပြန်မေးကြည့်သင့်ပါတယ်။ ဘ၀မှာအောင်မြင်တဲ့သူတွေက သူတို့တိုးတက်ဖို့
ပြန်ဆန်းစစ်တတ်ကြပါတယ်။ အကယ်၍သင်ဟာ ကုမ္ပဏီတစ်ခုကိုဦးစီးနေသူ၊ အဖွဲ့တစ်ခုကိုဦးစီး
နေသူဆိုရင်တော့ ပိုပြီးတော့တောင် သင့်တော်ပါတယ်။ လူတိုင်းလူတိုင်းလည်း မိမိကိုယ်ကို
ပြန်မေးသင့်ပါတယ်။
(၁) ဒီနေ့ငါ့ရည်မှန်းချက်အတွက် အလုပ်လုပ်ခဲ့ရဲ့လား?
သင်ရည်မှန်းထားတဲ့ရည်မှန်းချက်တစ်ခုအတွက် ယနေ့သင်ဘာလုပ်ခဲ့ပါသလဲ? သင်ရည်မှန်းချက်
ထားတာကတော့ဟုတ်ပါပြီ။ ဒါပေမယ့် ရည်မှန်းချက်အတွက် သင်ပုံမှန်အားထုတ်မှုရှိရဲ့လား
အရေးကြီးပါတယ်။ သင့်ရဲ့ရည်မှန်းချက်တွေကို စိတ်ထဲမှာတစိုက်မတ်မတ်နဲ့ သတိရနေခြင်းက
သင့်ကိုပိုကြိုးစားဖို့အားတွေဖြစ်စေပါတယ်။

(၂) ရပ်တန့်ဖို့လိုအပ်တဲ့ ဘာမကောင်းတဲ့အကျင့်တွေ ငါ့မှာရှိနေလဲ?
အကျင့်ဆိုးတွေကတော့ လူတိုင်းမှာရှိနေတတ်ပါတယ်။ သင့်မှာလည်းရှိတယ်၊ ကျွန်တော့်မှာလည်း
ရှိတယ်။ လူတိုင်းမှာရှိပါတယ်။ ဒါပေမယ့် အဲ့ဒိအကျင့်ဆိုးတွေက သူများတွေကိုအနှောင့်အယှက်ပေး
တတ်တယ်ဆိုရင်တော့ သင်ရပ်တန့်ဖို့ကြိုးစားသင့်ပါတယ်။ ဥပမာ သင်ကသူများစကားပြောရင်
ဆုံးအောင်နားမထောင်တတ်တဲ့သူဆိုရင်တော့ ဒါဟာသူများအတွက်အနှောက်အယှက်ဖြစ်နိုင်ပါ
တယ်။ ဒါကြောင့်သူများကို စိတ်အနှောက်အယှက်ပေးနိုင်တဲ့ အကျင့်ဆိုးတွေကိုဖျောက်ဖျက်ပါ။
(၃) ဒီနေ့ဘယ်အရာက ငါ့ကိုအလုပ်လုပ်ဖို့ခွန်အားပေးခဲ့တာလဲ?
သင်လိုချင်တဲ့ ပန်းတိုင်ဆီကိုရောက်ဖို့ဆိုတာ စိတ်ဓာတ်ခွန်အားလိုပါတယ်။ သင်ရဲ့အလုပ်လုပ်ချင်
စိတ်ကိုဖြစ်ပေါ်စေတာဘယ်လိုအရာမျိုးလဲ? မိသားစုလား၊ ချစ်သူလား၊ ညီမလေးလား၊ ဒါမှမဟုတ်
အောင်မြင်ချင်တဲ့စိတ်လား? ဘယ်လိုအရာမျိုးပဲဖြစ်ဖြစ် သင့်ကိုစိတ်အားတက်ကြွစေတဲ့အရာတွေကို
ပြန်စဉ်းစားပါ။မှတ်သားထားပါ။
(၄) ငါဖြစ်ချင်ခဲ့တဲ့ လူတစ်ယောက်ပုံစံ ဖြစ်နေပြီလား?
ဥပမာ သင်က ကြင်နာပြီး၊သည်းခံတတ်တဲ့သူတစ်ယောက်ဖြစ်ချင်တယ်ဆိုပါစို့။  သင်တကယ်ရော
ကြင်နာမိရဲ့လား၊ သည်းခံမိရဲ့လား? ပြန်စဉ်းစားသင့်ပါတယ်။ သင်ဖြစ်ချင်တဲ့လူတစ်ယောက်ရဲ့ပုံစံ
ဖြစ်လာဖို့ သင့်ကိုယ်သင်အမြဲဆန်းစစ်သင့်ပါတယ်။
(၅) ဒီနေ့ငါဘာအမှားလုပ်ခဲ့လဲ? အဲ့ဒိအမှားကနေ ငါဘာသင်ယူနိင်လဲ?
ကျွန်တော်တို့အားလုံး အမှားတွေ၊ကျရှုံးမှုတွေကြုံဖူးကြပါတယ်။ ဒါပေမယ့် အဲ့ဒိကျရှုံးမှုတွေ၊အမှားတွေ
ကို ဘယ်လိုတုန့်ပြန်လဲဆိုတာပဲ ကွာခြားကြပါတယ်။ ဒါ့ကြောင့်သင့်အမှားတွေကို သင့်အောင်မြင်မှု ဆီသွားဖို့လှေကားများအဖြစ်ပြန်လည်အသုံးချပါ။
ကဲဒီနေ့ကစပြီး အိပ်ရာဝင်ခါနီးတိုင်းဒီမေးခွန်းလေးတွေ ကိုယ့်ကိုယ်ကိုပြန်မေးကြရအောင်။

မိုးရှင်း (I.M.T)
Ref: themuse.com


မြန်မာစာအုပ်ဆိုင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ



မြန်မာစာအုပ်ဆိုင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ



မြန်မာစာအုပ်ဆိုင် မှ တင်သမျှကို { ဒီမှာ } သွားဖတ်လိုက်လိုက်ပါ




<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာစာအုပ်ဆိုင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>




0 comments:

Post a Comment

Author

တစ်လ အတွင်းလူဖတ်အများဆုံး

Blog Archive

..
.
...