Thursday, March 5, 2015

ယုံကြည်ချက်ရှိသူတွင် ပန်းတိုင်ရှိ



လူကို စိတ်က ဦးဆောင်ပါတယ်။ ထက်သန်တဲ့ စိတ်ရှိရင် ယင်း ထက်သန်တဲ့ စိတ်က မိမိရဲ့ လိုအင်ဆန္ဒကို ပြီးမြောက်ဆောင် ရွက်နိုင်အောင် ဆောင်ကြဉ်း ပေးပါတယ်။ အကယ်၍ သင်ဟာ ယနေ့တိုင် မအောင်မြင်ဘူး။ ကျရှုံးနေတယ်။

လမ်းပျောက်နေတယ်။ စိတ်ဓာတ်ကျနေတယ် အစရှိသဖြင့် ဒုက္ခအခက်အခဲအမျိုးမျိုးနဲ့ ကြုံနေခြင်းဟာ ထက်သန်တဲ့ စိတ်ရဲ့ လှုံ့ဆော်မှု လိုအပ်နေသေးလို့ ဖြစ်ပါတယ်။
မိတ်ဆွေ သူငယ်ချင်းများမှာလည်း ရှိပါတယ်။ အလုပ်ကိစ္စ တစ်ခုခုကိုပဲ လုပ်ရ လုပ်ရ၊ တစ်ခုခုကိုပဲ လိုချင်လိုချင် ဖြစ်ချင် ဖြစ်ချင်၊ သူတို့ဟာ ဖြစ်ချင်တယ် ရချင်တယ် ဆိုတဲ့ နေရာမှာသာ စိတ်က ရပ်သွားပါတ်။ အဲ့ဒီထက် ရှေ့ဆက် မတိုး ပါဘူး။ 

ယင်းကြောင့်ပဲ မိမိကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးပါသေးတယ်။ ဒါကြောင့်မို့ ယင်းရဲ့ ဆန့်ကျင်ပဲ အနေနဲ့ ယုံကြည်ချက် ပြည့်ဝသူဟာ ပန်းတိုင်ကို သိတယ်။ ရည်မှန်းချက် ရှိတယ်။ ကြိုးစားတယ်။ ကြိုးစား သလောက်လည်း နေရာ တစ်ခုကို ရောက်အောင်သွားနိုင်တယ်။
ဒါကြောင့်မို့ သာမန်လူတွေလို ဘဝကို ရပ်တည် မနေပဲ ဘဝမှာ အလုပ်ကောင်း၊ ရည်မှန်းချက်ကောင်းများ ထားလို့ အသက်ရှင် နေထိုင်ကြဖို့ တိုက်တွန်း လိုက်ရ ပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit : innewsmyanmar


မြန်မာစာအုပ်ဆိုင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ



မြန်မာစာအုပ်ဆိုင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ



မြန်မာစာအုပ်ဆိုင် မှ တင်သမျှကို { ဒီမှာ } သွားဖတ်လိုက်လိုက်ပါ




<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာစာအုပ်ဆိုင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>




0 comments:

Post a Comment

Author

တစ်လ အတွင်းလူဖတ်အများဆုံး

Blog Archive

..
.
...