Tuesday, March 3, 2015

အိုင်းစတိုင်း နှင့် မစ္စတာဘင်း


အိုင်းစတိုင်းနှင့် မစ္စတာဘင်း တို့ဟာ အတူတကွ လေယာဉ် တစ်စီးတည်း ခရီးသွားကြတယ်။
အိုင်းစတိုင်းက မင်းနဲ့ငါ ဂိမ်းတစ်ခု ဆော့ရအောင်။ မေးခွန်းတစ်ခု မေးမယ်။ မင်းဖြေနိုင်ရင် ဒေါ်လာ ၅၀၀ ငါပေးမယ်။ တကယ်လို့ မဖြေနိုင်ရင် ငါ့ကို ၅ ဒေါ်လာပေးရမယ်။
အိုင်းစတိုင်းက ပထမဆုံး မေးခွန်းအနေနဲ့ စပြီးမေးတယ်။ ကမ္ဘာနှင့် လ အကွာအဝေး ဘယ်လောက်ရှိသလဲ။
မစ္စတာဘင်းက ဘာမှ ပြန်မပြောဘဲ သူ့အိတ်ထဲက ၅ ဒေါ်လာ ထုတ်ပေးလိုက်တယ်။
မစ္စတာဘင်းက ပြန်ပြီး အိုင်းစတိုင်းကို မေးတယ်။ တောင်ပေါ်တက်တဲ့ အခါမှာ ခြေသုံးချောင်း တောင်အောက်ကို ပြန်ဆင်းလာတဲ့ အခါမှာ ခြေလေးချောင်း အဲဒါဘာလဲ။
အိုင်းစတိုင်း တစ်နာရီလောက်ကြာအောင် မစဉ်စားနိုင်ခဲ့ဘူး။ သူ့ သူငယ်ချင်းတွေကိုလည်း မေးတဲ့အခါ ဘယ်သူမှ မသိကြဘူး။ အဲဒါကြောင့် မစ္စတာဘီးကို ဒေါ်လာ ၅၀၀ ပေးလိုက်ရတယ်။
အိုင်းစတိုင်း မဖြေနိုင်လို့ စိတ်တိုသွားတယ်။ ထို့ကြောင့် မစ္စတာဘင်းကို တောင်ပေါ်တက်တဲ့ အခါမှာ ခြေသုံးချောင်း တောင်အောက်ကို ပြန်ဆင်းလာတဲ့ အခါမှာ ခြေလေးချောင်း အဲဒါဘာလဲဟု ပြန်ပြီးမေး လိုက်တော့ မစ္စတာဘင်းက သူ့ကို ၅ ဒေါ်လာ ပေးလိုက် ပါတော့တယ်။ 

Credit >>> yoyarlay


မြန်မာစာအုပ်ဆိုင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ



မြန်မာစာအုပ်ဆိုင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ



မြန်မာစာအုပ်ဆိုင် မှ တင်သမျှကို { ဒီမှာ } သွားဖတ်လိုက်လိုက်ပါ




<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာစာအုပ်ဆိုင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>




0 comments:

Post a Comment

Author

တစ်လ အတွင်းလူဖတ်အများဆုံး

Blog Archive

..
.
...